[Zawgyi]

ကတိေပးထားတဲ့အတုိင္း Honor ကုမၸဏီဟာ သူတုိ႔ရဲ႕ Magic 2 Flagship စမတ္ဖုန္းအတြက္ ျပန္လည္ ဆန္းသစ္လာတဲ့ ဗားရွင္းကို ခ်ျပလိုက္ပါတယ္။ ဒီဖုန္းအသစ္ကို Magic 2 3D လို႔ေခၚမွာျဖစ္ၿပီး ပထမဗားရွင္းမွာ လူေဝဖန္မႈမ်ားခဲ့တဲ့ ေရွ႕ဘက္ 2MP Depth Sensor ႏွစ္ခုထဲက တစ္ခုပုိေနသလိုျဖစ္ေနတဲ့ ျပႆနာကို လွလွပပ ေျဖရွင္းလာခဲ့တယ္။

Honor Magic 2 3D ဖုန္းဟာ နာမည္အတုိင္းပဲ 2MP Sensor ႏွစ္ခုထဲက တစ္ခုကို ပုိအသုံးဝင္မယ့္ 3D Structured Light ကင္မရာနဲ႔ အစားထိုးလာခဲ့ၿပီး နည္းပညာျမင့္ Facial Recognition နဲ႔အတူ အလင္းေရာင္ နည္းပါးတဲ့ေနရာေတြမွာပါ ပိုအစြမ္းထက္မယ့္ Depth Sensor စနစ္ကို ယူေဆာင္လာခဲ့ပါတယ္။ လက္ရွိမွာ Sensor ဟာ Structured Light ကိုအသုံးျပဳလာတာလား ToF နည္းပညာကို အသုံးျပဳလာတာလား ဆုိတာ အတည္မျပဳရေသးေပမယ့္ ပုံအတုိင္းဆုိရင္ေတာ့ ပထမတစ္ခုပဲ ျဖစ္ပါလိမ့္မယ္။

ဒါ့အျပင္ Graphene အေျခခံ Heat Pipe နည္းပညာကိုပါ ထပ္တုိးလာတဲ့အတြက္ ႀကီးမားတဲ့ လုပ္ေဆာင္မႈေတြ အသုံးျပဳေနခ်ိန္မွာ ဖုန္းအပူခ်ိန္ျမင့္တက္မႈကို ပုိသိသာေအာင္ ေလ်ာ့ခ်ေပးႏုိင္မယ္လို႔ ဆုိပါတယ္။ သူ႕ရဲ႕ Kirin 980 ခ်စ္ပ္ဆက္အသစ္က ရုိးရုိး Magic 2 ဖုန္းထက္ စြမ္းေဆာင္မႈေကာင္းေကာင္းကို အခ်ိန္ပိုၾကာေအာင္ ထိန္းသိမ္းေပးႏုိင္မွာပါ။ မန္မုိရီပုိင္းမွာေတာ့ Magic 2 3D ဖုန္းဟာ 8 GB RAM နဲ႔ 512 GB Storage တုိ႔ပါဝင္လာတယ္။ က်န္တဲ့ Specs ေတြကေတာ့ မူရင္း Magic 2 နဲ႔အတူတူပါပဲ။

Honor Magic 2 3D ဖုန္းကို တရုတ္ျပည္တြင္းမွာေတာ့ ယြမ္ေငြ ၅,၇၉၉ (ျမန္မာေငြ ဆယ့္သုံးသိန္း) ျဖင့္ ေရာင္းခ်ေနပါၿပီ။ ဒါဟာ မူရင္းဖုန္းထက္လည္း သိသိသာသာပိုမ်ားတဲ့ ေစ်းႏႈန္းဆုိေပမယ့္ သူ႕ရဲ႕ Specs ကို ၾကည့္ရင္ေတာ့ ဒီေလာက္ေစ်းႏႈန္းက သဘာဝက်ပါတယ္။ ေလာေလာဆယ္ေတာ့ ႏုိင္ငံတကာေစ်းကြက္ကို ထြက္လာဦးမွာ မဟုတ္ပါဘူး။

Ref – GSM Arena

[Unicode]

ကတိပေးထားတဲ့အတိုင်း Honor ကုမ္ပဏီဟာ သူတို့ရဲ့ Magic 2 Flagship စမတ်ဖုန်းအတွက် ပြန်လည် ဆန်းသစ်လာတဲ့ ဗားရှင်းကို ချပြလိုက်ပါတယ်။ ဒီဖုန်းအသစ်ကို Magic 2 3D လို့ခေါ်မှာဖြစ်ပြီး ပထမဗားရှင်းမှာ လူဝေဖန်မှုများခဲ့တဲ့ ရှေ့ဘက် 2MP Depth Sensor နှစ်ခုထဲက တစ်ခုပိုနေသလိုဖြစ်နေတဲ့ ပြဿနာကို လှလှပပ ဖြေရှင်းလာခဲ့တယ်။

Honor Magic 2 3D ဖုန်းဟာ နာမည်အတိုင်းပဲ 2MP Sensor နှစ်ခုထဲက တစ်ခုကို ပိုအသုံးဝင်မယ့် 3D Structured Light ကင်မရာနဲ့ အစားထိုးလာခဲ့ပြီး နည်းပညာမြင့် Facial Recognition နဲ့အတူ အလင်းရောင် နည်းပါးတဲ့နေရာတွေမှာပါ ပိုအစွမ်းထက်မယ့် Depth Sensor စနစ်ကို ယူဆောင်လာခဲ့ပါတယ်။ လက်ရှိမှာ Sensor ဟာ Structured Light ကိုအသုံးပြုလာတာလား ToF နည်းပညာကို အသုံးပြုလာတာလား ဆိုတာ အတည်မပြုရသေးပေမယ့် ပုံအတိုင်းဆိုရင်တော့ ပထမတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် Graphene အခြေခံ Heat Pipe နည်းပညာကိုပါ ထပ်တိုးလာတဲ့အတွက် ကြီးမားတဲ့ လုပ်ဆောင်မှုတွေ အသုံးပြုနေချိန်မှာ ဖုန်းအပူချိန်မြင့်တက်မှုကို ပိုသိသာအောင် လျော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။ သူ့ရဲ့ Kirin 980 ချစ်ပ်ဆက်အသစ်က ရိုးရိုး Magic 2 ဖုန်းထက် စွမ်းဆောင်မှုကောင်းကောင်းကို အချိန်ပိုကြာအောင် ထိန်းသိမ်းပေးနိုင်မှာပါပ။ မန်မိုရီပိုင်းမှာတော့ Magic 2 3D ဖုန်းဟာ 8 GB RAM နဲ့ 512 GB Storage တို့ပါဝင်လာတယ်။ ကျန်တဲ့ Specs တွေကတော့ မူရင်း Magic 2 နဲ့အတူတူပါပဲ။

Honor Magic 2 3D ဖုန်းကို တရုတ်ပြည်တွင်းမှာတော့ ယွမ်ငွေ ၅,၇၉၉ (မြန်မာငွေ ဆယ့်သုံးသိန်း) ဖြင့် ရောင်းချနေပါပြီ။ ဒါဟာ မူရင်းဖုန်းထက်လည်း သိသိသာသာပိုများတဲ့ ဈေးနှုန်းဆိုပေမယ့် သူ့ရဲ့ Specs ကို ကြည့်ရင်တော့ ဒီလောက်ဈေးနှုန်းက သဘာဝကျပါတယ်။ လောလောဆယ်တော့ နိုင်ငံတကာဈေးကွက်ကို ထွက်လာဦးမှာ မဟုတ်ပါဘူး။

Ref – GSM Arena