Honor Magic6 Series မှာ အနောက်ကင်မရာ ၃ လုံးပါလာမှာ ဖြစ်ပြီး အရှေ့ ကင်မရာဟာ စိတ်ဝင်စားစရာ ကောင်းတယ်လို့ အခုနောက်ဆုံးရ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

Honor Magic6 camera detailed, to have variable aperture lens and 160 MP periscope camera - GSMArena.com news

Digital Chat Station က ဝီဘိုမှာ Honor Magic6 မှာ OV50H Sensor, OV50K Sensor နဲ့ 160MP Periscope Zoom တပ်ဆင်ထားမယ်လို့ ရေးသားထားပါတယ်။ OV50H ဟာ 1/1.3-inch Sensor ဖြစ်ပြီး OV50K ဟာ 1-inch Type Sensor သို့မဟုတ် 1/1.3-inch Sensor ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ OV50K မှာ LOFIC နည်းပညာ (Lateral Overflow Integration Capacitor-based CMOS) ပါလာမှာ ဖြစ်ပြီး Xperia 1 V နဲ့ OnePlus Open (OPPO Find N3) တို့မှာ ပါတဲ့ Stacked Sensor ဖြစ်ပါတယ်။

Honor Magic 6 with “160” Megapixel periscope camera has been revealed! - TechnoPixel

ပင်မ ကင်မရာ (OV50H or OV50K) မှာ Sensor ကို ဝင်တဲ့ အလင်း ပမာဏကို ချိန်ညှိနိုင်တဲ့ Variable Aperture Lens တပ်ဆင်ထားမှာ ဖြစ်ပြီး အလင်းရောင်ကောင်းတဲ့ အချိန်မှာ ပိုမိုကြည်လင်ပြတ်သားတဲ့ ရုပ်ပုံနဲ့ အလင်းရောင် နည်းတဲ့ အချိန်မှာ တောက်ပကာ Noise နည်းတဲ့ ပုံရိပ်တွေ ဖမ်းယူပေးနိုင်ပါတယ်။

Honor Magic6 Series မှာ ဂြိုလ်တု ဆက်သွယ်ရေး ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Porsche နဲ့ Honor ပူးပေါင်း ထုတ်လုပ်ထားတဲ့ မော်ဒယ်လည်း ထွက်လာမှာ ဖြစ်ပါတယ်။

Ref : gsmarena