Honor ဟာ လက်ရှိအချိန်မှာ High End ဖုန်းတွေဖြစ်တဲ့ Honor 100 Series ကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း Honor ရဲ့ Flagship ဖုန်းဖြစ်လာမယ့် Honor Magic6 Pro ဖုန်းရဲ့ သတင်းအချို့က ပေါက်ကြားလာခဲ့ပါပြီ။

ယခုသတင်းကို Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပြောကြားခဲ့တာဖြစ်ပြီး Honor ဟာ Magic6 Pro ဖုန်းမှာ 200MP Periscope Telephoto Camera အစား 160MP Periscope Camera ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

ဒါ့အပြင် Honor Magic6 Pro ဖုန်းဟာ Main Camera ကိုလည်း သတင်းထွက်ထားသလို 1-inch Sensor အစား Sensor Size 1/1.3″ ရှိမယ့် OV50K Main Camera ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။

အဆိုပါ Camera Sensor ဟာ Samsung Galaxy S23 Ultra ရဲ့ 200MP Camera နဲ့ Sensor Size ဆင်တူမှာဖြစ်ပြီး Digital Chat Station ရဲ့ ပြောကြားချက်အရတော့ OV50K Camera Sensor ဟာ LOFIC (lateral overflow integration capacitor-based CMOS) နည်းပညာကို အသုံးပြုထားမှာဖြစ်ပြီး Stacked Camera Sensor ပုံစံမျိုးဖြစ်လာမှာပါ။

ကျန်တဲ့ Honor Magic6 Pro ဖုန်းရဲ့ အချက်အလက်တွေကိုတော့ အတိအကျမသိရသေးပေမယ့် Qualcomm Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားမှာ သေချာနေပြီး ယခုနှစ်မကုန်ခင်မှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။

Ref – GSM Arena