MWC 2024 မှာ Honor က စွမ်းရည်သင့် Pad  9 တက်ဘလက်၊ MagicBook Pro 16 လက်ပ်တော့နဲ့ Magic 6 Pro စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ Honor Pad 9 ဟာ ပေါ့ပါးတဲ့ ဒီဇိုင်း ဖြစ်ပြီး ရုပ်ရှင်၊ ဗီဒီယို ကြည့်ဖို့နဲ့ အလုပ်လုပ်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Honor Pad 9 has an anti-glare display, Snapdragon 6 Gen 1 and pen support -  GSMArena.com news

တက်ဘလက်ဟာ ပါးလွှာပြီး အထူက ၆.၉၆ မီလီမီတာနဲ့ ၅၅၅ ဂရမ် အလေးချိန် ရှိပါတယ်။ အနောက်ဘက်မှာ ကင်မရာကို အလယ်မှာ တပ်ဆင်ထားပြီး 12.1 Inch 2.5K LCD မျက်နှာပြင် ပါပါတယ်။ မြင့်မားတဲ့ Screen-to-body Ratio နဲ့ Refresh Rate ထောက်ပံ့ထားပြီး မျက်လုံးကို ကာကွယ်ပေးတဲ့ TUV Rheinland Certification ရထားပါတယ်။

Honor Pad 9 with Snapdragon 6 Gen 1 hits the shelves today - Gizchina.com

Snapdragon 6 Gen 1 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ စွမ်းဆောင်ရည် ချောမွတ်ကောင်းမွန်အောင် ပြုလုပ်ထားပါတယ်။ Android 13 အခြေပြု MagicOS 7.2 မောင်းနှင်ထားပြီး Privacy နဲ့ Security ကောင်းမွန်ပါတယ်။ 35W Fast Charging ထောက်ပံ့တဲ့ 8,300mAh Battery ပါပါတယ်။

Honor Pad 9 အတွက် Space Grey နဲ့ Cyan Lake အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၄၉ ယူရို သတ်မှတ်ထားပါတယ်။ တက်ဘလက်ကို ကီးဘုတ်နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

Ref : gizmochina