Honor Brand ဟာ အခုဆိုရင် Huawei ရဲ့ လက်အောက်ခံ Brand တစ်ခုဆိုတာထက် ပိုလာပြီးတော့ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းတွေကို ကိုယ်တိုင်ထုတ်လုပ်လာနေပြီပဲဖြစ်ပါတယ်။

အခုအချိန်မှာလည်း Honor ကနေ Gaming Phone တစ်ခုကိုထုတ်လုပ်သွားမယ်လို့ သိရပြီးတော့ အဆိုပါ Honor ဖုန်းကို Honor Play လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

အခုလက်ရှိမှာ Razer ၊ Xiaomi နဲ့ ZTE လိုမျိုး ကုမ္ပဏီတွေကလည်း Gaming စမတ်ဖုန်းတွေကို အသီးသီးထုတ်လုပ်နေတဲ့အတွက် Honor ကလည်း ပါဝင်လာချင်တဲ့ပုံပါပဲ။ Honor Play ဟာ လက်ရှိ Huawei P20 ဖုန်းမှာ အသုံးပြုထားတဲ့ Kirin 970 Processor ကိုပဲ အသုံးပြုလာမလားဆိုတာ မသေချာသေးပေမယ့် ကြော်ငြာမှာတော့ 4D Gaming Experience ကိုပေးနိုင်မယ်လို့ ကြော်ငြာထားတာကိုတွေ့ရပါတယ်။

အခု Honor Play စမတ်ဖုန်းဟာ 5.84″ Full HD+ Display ရှိမှာဖြစ်ပြီးတော့ Battery အနေနဲ့ 2900mAh Battery ပဲ ပါဝင်တဲ့အတွက် Gaming Phone တစ်ခုအနေနဲ့ နည်းတယ်လို့ ပြောလို့ရပါတယ်။

ကင်မရာပိုင်းအနေနဲ့ကတော့ 13MP + 2MP Back Camera နဲ့အတူ 16MP Selfie Camera ပါဝင်လာမှာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 4GB ပါဝင်မှာဖြစ်ပြီးတော့ Storage ကိုတော့ 32GB ဒါမှမဟုတ် 128GB ပဲ ရွေးချယ်နိုင်မှာပါ။