Zawgyi

မၾကာေသးမီက Honor ရဲ႕အႀကီးအကဲျဖစ္သူ Zhao Ming ဟာ သူတုိ႔ကုမၸဏီရဲ႕ ကုိယ္ပိုင္ 5G ဟန္းဆက္တစ္ခုကို ၂၀၁၉ ေနာက္ဆုံးသုံးလပတ္အတြင္း မိတ္ဆက္သြားမယ္လို႔ ဆုိလိုက္ပါတယ္။ Honor 9X စီးရီးဝင္ စမတ္ဖုန္းေတြ မိတ္ဆက္ပြဲအၿပီး အင္တာဗ်ဴးတစ္ခုမွာ အခုလိုေျဖၾကားခဲ့တာျဖစ္ပါတယ္။

အဆုိပါအေမးအေျဖထဲက ဖုန္းကေတာ့ အခုခ်ိန္မွာစမ္းသပ္အဆင့္ကို ေရာက္ေနၿပီျဖစ္ၿပီး ထုတ္လုပ္မႈ ေနာက္ဆုံးအဆင့္ေရာက္ရွိဖို႔ နီးစပ္ေနပါၿပီ။ Zhao Ming မွ ၂၀၁၉ ခုႏွစ္ဟာ တရုတ္ျပည္တြင္းမွာ 5G နက္ဝပ္ လႊမ္းမုိးေျပာင္းလဲမယ့္ႏွစ္ျဖစ္ၿပီး Honor ကလည္း မ်ဳိးဆက္သစ္မုိဘုိင္းနက္ဝပ္ကို အားသာခ်က္ရယူႏုိင္မယ့္ ကိုယ္ပုိင္ဟန္းဆက္ထုတ္လုပ္လာမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Honor ရဲ႕ 5G ဖုန္းသစ္မွာ နက္ဝပ္မ်ဳိးဆက္သစ္အတြက္ ကုမၸဏီရဲ႕ကုိယ္ပုိင္ Balong 5000 5G Modem ကို သုံးစြဲလာမွာျဖစ္တယ္လို႔ သိရတယ္။ ဒီ Modem ဟာ 5G Frequency Band မွာ 4.6 Gbps ျမန္ႏႈန္းကို ေထာက္ပံ့ေပးႏုိင္မွာပါ။

ဒီဖုန္းသစ္ရဲ႕ ဒီဇုိင္းဟာ စမတ္ဖုန္းထုတ္လုပ္မႈေလာကရဲ႕ စံႏႈန္းအသစ္ကို ဦးေဆာင္လာတဲ့ထိ ထူးျခားမယ့္အျပင္ စြမ္းေဆာင္ရည္ကလည္း ေျပာင္ေျမာက္မယ္လို႔ Ming ကဆုိပါတယ္။ ေလာေလာဆယ္ေတာ့ ၂၀၁၉ ႏွစ္ကုန္ဖို႔ ေတာ္ေတာ္ေလးလုိေသးတဲ့အတြက္ Honor ရဲ႕လက္ရာကို ျမင္ရဖို႔ လေတာ္ေတာ္မ်ားမ်ား ေစာင့္ဆုိင္းရဦးမွာပါ။ ဒါေပမယ့္ ၂၀၁၉ အတြင္းမွာ 5G ေခတ္ေျပာင္းေတာ္လွန္ေရးကို ျမင္ေတြ႕ရဖို႔ေတာ့ ေသခ်ာေနပါၿပီ။

Ref – GSM Arena

Unicode

မကြာသေးမီက Honor ရဲ့အကြီးအကဲဖြစ်သူ Zhao Ming ဟာ သူတို့ကုမ္ပဏီရဲ့ ကိုယ်ပိုင် 5G ဟန်းဆက်တစ်ခုကို ၂၀၁၉ နောက်ဆုံးသုံးလပတ်အတွင်း မိတ်ဆက်သွားမယ်လို့ ဆိုလိုက်ပါတယ်။ Honor 9X စီးရီးဝင် စမတ်ဖုန်းတွေ မိတ်ဆက်ပွဲအပြီး အင်တာဗျူးတစ်ခုမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါအမေးအဖြေထဲက ဖုန်းကတော့ အခုချိန်မှာစမ်းသပ်အဆင့်ကို ရောက်နေပြီဖြစ်ပြီး ထုတ်လုပ်မှု နောက်ဆုံးအဆင့်ရောက်ရှိဖို့ နီးစပ်နေပါပြီ။ Zhao Ming မှ ၂၀၁၉ ခုနှစ်ဟာ တရုတ်ပြည်တွင်းမှာ 5G နက်ဝပ် လွှမ်းမိုးပြောင်းလဲမယ့်နှစ်ဖြစ်ပြီး Honor ကလည်း မျိုးဆက်သစ်မိုဘိုင်းနက်ဝပ်ကို အားသာချက်ရယူနိုင်မယ့် ကိုယ်ပိုင်ဟန်းဆက်ထုတ်လုပ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

Honor ရဲ့ 5G ဖုန်းသစ်မှာ နက်ဝပ်မျိုးဆက်သစ်အတွက် ကုမ္ပဏီရဲ့ကိုယ်ပိုင် Balong 5000 5G Modem ကို သုံးစွဲလာမှာဖြစ်တယ်လို့ သိရတယ်။ ဒီ Modem ဟာ 5G Frequency Band မှာ 4.6 Gbps မြန်နှုန်းကို ထောက်ပံ့ပေးနိုင်မှာပါ။

ဒီဖုန်းသစ်ရဲ့ ဒီဇိုင်းဟာ စမတ်ဖုန်းထုတ်လုပ်မှုလောကရဲ့ စံနှုန်းအသစ်ကို ဦးဆောင်လာတဲ့ထိ ထူးခြားမယ့်အပြင် စွမ်းဆောင်ရည်ကလည်း ပြောင်မြောက်မယ်လို့ Ming ကဆိုပါတယ်။ လောလောဆယ်တော့ ၂၀၁၉ နှစ်ကုန်ဖို့ တော်တော်လေးလိုသေးတဲ့အတွက် Honor ရဲ့လက်ရာကို မြင်ရဖို့ လတော်တော်များများ စောင့်ဆိုင်းရဦးမှာပါ။ ဒါပေမယ့် ၂၀၁၉ အတွင်းမှာ 5G ခေတ်ပြောင်းတော်လှန်ရေးကို မြင်တွေ့ရဖို့တော့ သေချာနေပါပြီ။

Ref – GSM Arena