Huawei ကနေ Honor Series ဖုန်းတွေထဲမှာအကောင်းဆုံးဖြစ်လာမယ့် Honor V10 စမတ်ဖုန်းကိုလာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတင် ကြေငြာပြီးရောင်းချသွားမှာမဟုတ်ပဲ လန်ဒန်မြို့မှာလည်း လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကြေငြာသွားမှာဖြစ်တဲ့အတွက် အခုထွက်ရှိလာမယ့် Honor V10 ဖုန်းက လက်ရှိ Honor ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာတော့မှာပါ။

ဘာဖြစ်လို့ အကောင်းဆုံး Honor ဖုန်းလို့ ပြောရသလဲဆိုရင် အခုနောက်ဆုံးပေါက်ကြားခဲ့တဲ့ Honor V10 ရဲ့ ဓါတ်ပုံနဲ့ အတွင်းပိုင်းမှာပါဝင်တဲ့ အချက်အလက်တွေကြောင့်ပဲဖြစ်ပါတယ်။

Huawei Honor V10 မှာ အလွန်လှပပြီး ဖုန်းရဲ့ အရှေ့ပိုင်းအကုန်လုံးကိုနေရာယူထားတဲ့ 18:9 Ratio Full HD+ Display တပ်ဆင်ထားမှာဖြစ်ပြီးတော့ လှပတဲ့ Metal အပြာရောင်နဲ့ Glass Body ကိုပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ ပိုပြီးကောင်းမွန်တာကတော့ Honor V10 မှာ လက်ရှိဈေးအကြီးဆုံး Huawei Mate 10 မှာ အသုံးပြုထားတဲ့ Kirin 970 CPU ကိုအသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် RAM 6GB နဲ့ Storage 64GB သို့မဟုတ် 128GB ပါဝင်ဦးမှာပါ။

အဆိုပါ Honor V10 စမတ်ဖုန်းမှာ 16MP + 20MP Dual Back Camera တွေနဲ့ 13MP Selfie Camera တွေပါဝင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ 2999 Yuan နဲ့ စတင်ရောင်းချသွားမယ့်အတွက် မြန်မာငွေကျပ် ၆ သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရပါတယ်။