Huawei ရဲ့ Flagship ဖုန်းတစ်ခုဖြစ်တဲ့ Huawei Mate 10 ဖုန်းဟာ Huawei ရဲ့ အကောင်းဆုံးသော Kirin 970 Chipset အသုံးပြုထားတဲ့ဖုန်းဖြစ်ပြီးတော့ AI နည်းပညာတွေပါ ပါဝင်တဲ့ဖုန်းဖြစ်ပါတယ်။ ဒါပေမယ့် Huawei Mate 10 က ဈေးနှုန်းမြင့်မားပြီး အခုအချိန်မှာ Mate 10 ရဲ့ ဈေးတဝက်ပဲရှိမယ့် Kirin 970 CPU အသုံးပြုထားတဲ့ Honor V10 စမတ်ဖုန်းကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

အဆိုပါ Honor V10 စမတ်ဖုန်းဟာဆိုရင် Mate 10 လိုမျိုးပဲ 6″ 18:9 Screen ကိုတပ်ဆင်ထားမှာဖြစ်ပြီးတော့ Kirin 970 CPU, RAM 6GB နဲ့ 64GB ဒါမှမဟုတ် 128GB Storage တွေပါဝင်မယ်လို့ သိရပါတယ်။ Fast Charging လည်းပါဝင်လာမှာဖြစ်ပြီးတော့ များပြားတဲ့ 22.5W Charger ပါဝင်လာမှာပါ။

ကင်မရာအနေနဲ့ အလွန်ကောင်းမွန်တယ်လို့ ပြောလို့ရမှာဖြစ်ပြီးတော့ 16MP + 20MP Camera တွေပါဝင်မှာဖြစ်ပြီးတော့ ဒါက Huawei Mate 10 နဲ့ တူတူပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Mate 10 မှာလိုတော့ LEICA Branding ပါဝင်လာမှာမဟုတ်ပါဘူး။

အခု Huawei Honor V10 စမတ်ဖုန်းကို လက်ရှိ Mate 10 ထက် ဈေးတဝက်ခန့်သက်သာတဲ့ ဒေါ်လာ ၄၅၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ အသေးစိတ်ကြေငြာသွားမှာဖြစ်တယ်လို့ သိရပါတယ်။