Honor က စွမ်းရည်သင့် Honor X8b ကို ဆော်ဒီအာရေးဗီးယားမှာ ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းဟာ မတ်လက ကြေညာခဲ့တဲ့ Honor X8 ကို အဆင့်မြှင့်ထားတာပါ။ LCD Panel အစား X8b မှာ AMOLED မျက်နှာပြင်ကို သုံးထားပြီး ပိုကောင်းတဲ့ ကင်မရာနဲ့ တခြား တိုးတက်မှုတွေ ပါလာပါတယ်။

Honor X8b

Honor X8b ရဲ့ အရွယ်အစားက 161.05 x 74.55 x 6.78mm ဖြစ်ပြီး အလေးချိန်က ၁၆၆ ဂရမ် ဖြစ်ပါတယ်။ 6.7” AMOLED Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate, 3240Hz PWM Dimming နဲ့ 2,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Android 14 အခြေပြု Magic OS 7.2 UI မောင်းနှင်ထားပြီး Magic Capsule Notifications လုပ်ဆောင်ချက် ပါပါတယ်။

Honor X8b

ဆေးတောင့်ပုံ Cutout မှာ 50MP ဆဲလ်ဖီး ကင်မရာနဲ့ Soft-LED Flash ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 108MP Main , 5MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Snapdragon 680 Chipset မောင်းနှင်ထားပြီး 35W Fast Charging ထောက်ပံ့တဲ့ 4,500mAh Battery ပါပါတယ်။ 8/128GB , 8/256GB နဲ့ 8/512GB Version ထုတ်လုပ်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ USB-C Port တပ်ဆင်ထားပါတယ်။

Honor X8b ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၄၀ ဒေါ်လာ သတ်မှတ်ထားပြီး Midnight Black, Titanium Silver နဲ့ Glamorous Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တခြား နိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina