Honor က အိန္ဒိယမှာ X9b စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ Snapdragon 6 Gen 1 SoC မောင်းနှင်ထားပြီး 8GB RAM+256GB Storage ၁ မျိုးထဲ ထုတ်လုပ်ထားပါတယ်။ Android  13 အခြေပြု MagicOS 7.2 မောင်းနှင်ထားပြီး Android 14 အခြေပြု MagicOS 8 ကို ဒီနှစ်နှောင်းပိုင်းမှာ ထည့်သွင်းပေးမှာပါ။

Honor X9b debuts in India, Choice Watch and Choice Earbuds X5 tag along

Honor X9b မှာ 6.78” 120Hz 1.5K AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 1,200 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ တုန်ခါမှုကို စုပ်ယူနိုင်တဲ့ ဒြပ်ထု နဲ့ တည်ဆောက်ထားပြီး Honor က “Ultra-Bounce Anti-Drop Display” လို့ ခေါ်တဲ့ Structure ပါလာပြီး ၁.၅ မီတာ အမြင့်ကနေ ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်ပါတယ်။

Honor X9b debuts in India, Choice Watch and Choice Earbuds X5 tag along

မျက်နှာပြင် အထက် အလယ်မှာ Punch Hole ပါလာပြီး 16MP ကင်မရာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ အနောက်ဘက်က စက်ဝိုင်းပုံ Island မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 108MP Main , 5MP Ultrawide နဲ့ 2MP Macro တို့ ဖြစ်ပါတယ်။

Honor X9b debuts in India, Choice Watch and Choice Earbuds X5 tag along

IP53 ရေစိုခံစံနှုန်း ထောက်ပံ့ထားပြီး 35W Charging ပါတဲ့ 5,800mAh Battery ထည့်သွင်းထားပါတယ်။ Sunrise Orange နဲ့ Midnight Black အရောင်တွေ ထုတ်လုပ်ထားပြီး ၂၅,၉၉၉ ရူပီး (၃၁၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ Honor ရဲ့ တရားဝင် ဝက်ဘ်ဆိုက်၊ Amazon.in နဲ့ နာမည်ကြီး စတိုးတွေကနေ ရောင်းချပေးလိုက်ပါတယ်။

Ref : gsmarena