အလုပ်နဲ့ပတ်သက်တဲ့ တင်ပြမှုတွေ (Presentation) မှာသုံးတဲ့ ဒါမှမဟုတ် ကြောင်နဲ့ ဆော့ကစားရာမှာသုံးတဲ့ လေဆာ ချောင်း (Laser Pointer) တစ်ချောင်းက လေယာဉ်တစ်စီးကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်တယ်ထင်ပါသလဲ။

လေထဲမှာ ပျံနေတဲ့ လေယာဉ်ကို Laser Pointer နဲ့ ထိုးပြီးဆော့ကစားလေ့ရှိကြပြီး အဲ့လို ဆော့ကစားတာဟာ  လေယာဉ်မှူးရော လေယာဉ်မှာလိုက်ပါသူတွေအပါ အရမ်း အန္တရာယ်များပြီး လေယာဉ်ပျက်ကျနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။

မြေပြင်ကနေ မိုးပေါ်ကို ထိုးလိုက်တဲ့ လေဆာ အလင်းတန်းက တစ်မိုင်ကျော် လေထဲမှာ ပြေးနေနိုင်တယ်လို့ အမေရိကန် ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လေထဲမှာ မျက်နှာကို Laser Pointer အထိုးခံရတာဟာ အမှောင်ထဲမှာ မောင်းနေတဲ့ကားကို ကင်မရာမီးဖွင့်ပြီး ရိုက်လိုက်သလိုပါဘဲ၊ မျက်လုံးတွေေ၀၀ါးပြီး ဘာမှမမြင်ရတော့ဘူးလို့ Laser Pointer အထိုးခံရဖူးတဲ့ လေယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

ကျောင်းတွေ၊ ရုံးတွေမှာသုံးနေကျတဲ့ Laser Pointer ဟာ 5 Milliwatts ရှိပြီး ပေ ၅၀ အကွာက ထိုးလိုက်ရင် ထိုးခံရတဲ့ သူရဲ့ မျက်ကြည်လွှာ လောင်ကျွမ်းသွားနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။

မိုင်တစ်ဝက်လောက်နေ အထိုးခံရရင်တောင် ခဏတဖြုတ် မျက်လုံးအမြင်ကွယ်သွားတာမျိုးဖြစ်နိုင်တယ်လို့ အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုလို Laser Pointer နဲ့ အထိုးခံရမှုကြောင့် လေယာဉ်ပျက်ကျတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် နှစ်စဉ် လေယာဉ်မှူးပေါင်းများစွာကတော့ လေယာဉ် ဆင်းချိန်၊ ပျံသက်ချိန်မှာ လေဆာ အထိုးခံရမှုကြောင့် ခဏတဖြုတ် မျက်လုံးအမြင်ဝါးတာတွေ၊ တချို့ဆို မျက်ကြည်လွှာလောင်ကျွမ်းမှုတွေကြောင့် ဆေးရုံတက်ခဲ့တာတွေတော့ ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ တမင်သက်သက် လေယာဉ်ကို လေဆာနဲ့ ထိုးသူတွေကို ထောင်ဒဏ်အထိ အပြစ်ပေးဖို့စီစဉ်နေပြီး FBI ကလည်း လေယာဉ်ကို လေဆာနဲ့ ထိုးမှုတွေကို နောက်ခံလိုက်နိုင်တဲ့ နည်းပညာတွေကို အသုံးပြုနေပါပြီ။ အဲ့ဒီအပြင် လေဆာနဲ့ တမင်သက်သက်ထိုးသူကို သတင်းပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၁ သောင်းဆုချီးမြှင့်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။