Google Map ကိုတစ်ကမ္ဘာလုံးက စမတ်ဖုန်းသုံးပြီး ခရီးသွားနေရသူတိုင်းလိုလို သုံးဖြစ်ကြပါတယ်။ မြေပုံပေါ်ကအချက်အလက်တွေကို ရှာဖွေမှတ်သားရင်း ခရီးဆက်ရတာလည်း ပျော်စရာကောင်းပါတယ်။ Google ကလည်း Maps နဲ့ပတ်သက်လာရင် အမြဲ Update လုပ်နေတာကြောင့် သုံးရတာလည်း တော်တော်အဆင်ပြေပါတယ်။

မြေပုံမှာပါတဲ့ နေရာတွေက ပြင်ပမှာတော့ နေ့တိုင်းလိုလိုပြောင်းလဲနေပါတယ်။ နေရာတစ်ခုမှာရှိတဲ့ ဆံပင်ညှပ်ဆိုင်တစ်ခုက ဒီနေ့ရှိနေသေးပေမယ့် နောက်ရက်ရှိချင်မှရှိတော့တာပါ။ Google အနေနဲ့လည်း အခုလိုနေ့စဉ်ဖြစ်ပျက်ပြောင်းလဲနေတာမျိုးတွေကို တစ်ခုခြင်းစီ Update လိုက်လုပ်မပေးနိုင်ပါဘူ။

ဆံပင်ညှပ်ဆိုင်လို နေရာသေးသေးလေးတစ်ခုပျောက်သွားတာက သိပ်တော့အရေးမပါပေမယ့် မြို့တစ်မြို့ရဲ့ လမ်းမတစ်ခုပျက်သွားတာ၊ ပိတ်သွားတာ၊ ပြောင်းသွားတာမျိုးတွေကတော့ မြေပုံတစ်ခုအတွက် တော်တော်လေးအရေးပါလှပါတယ်။ Google အနေနဲ့လည်း အဲ့ဒီလိုကြီးမားတဲ့အပြောင်းအလဲတွေအတွက် နှစ်တိုင်း လိုအပ်သလို မြေပုံတွေကို ပြန်လည်ပြုပြင်ပေးလေ့ရှိပါတယ်။

မြေပုံတွေကိုပြုပြင်တဲ့အပိုင်းရှိသလို ထပ်ထည့်ရတဲ့အပိုင်းတွေလည်းရှိပါသေးတယ်။ Google Map မှာတစ်ကမ္ဘာလုံးက နေရာအစုံရဲ့ ပုံရိပ်တွေက အခုချိန်အထိ ပြည့်ပြည့်စုံစုံမရှိသေးပါဘူး။ နာမည်ကြီးနိုင်ငံတွေနဲ့ အထင်ကရနေရာတော်တော်များများရဲ့ ပုံရိပ်တွေလောက်ပဲ စုံအောင်ရှိတာပါ။

Google Map ရဲ့ အကောင်းဆုံး Feature လို့ပြောလို့ရတဲ့ 3D Map View ကိုအသုံးပြုတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အများကြီးပါ။ 3D View နဲ့ သွားမယ့်နေရာကိုယ့်နေရာကိုကြိုကြည့်ထားလို့ရသလို မသွားဖြစ်တဲ့နေရာကိုလည်း 3D View နဲ့ပဲ ကြည့်လိုက်လို့ရတာကြောင့်ပါ။ Google ရဲ့နောက်ဆုံးသတင်းထုန်ပြန်ချက်အရ 3D View အတွက် နေရာပေါင်း ၄၀၀ ကျော်လောက်ကို ထပ်ထည့်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ 2D Map အတွက်လည်း လိုအပ်တာတွေထပ်ထည့်ပေးခဲ့တာကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းအတွက်ထိ မြေပုံအချက်အလက်ပိုပြည့်စုံလာခဲ့တယ်လို့လည်း သိရပါတယ်။