စမတ်ဖုန်းမှာ ရှိတဲ့ ဘက်တီးရီးယား ပိုးမွှားတွေက အိမ်သာထဲမှာရှိတဲ့ ဘက်တီးရီးယား ပိုးမွှားတွေထက်ပိုများတယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ သိရပါတယ်။

အခုလည်း တုပ်ကွေးတွေဖြစ်နေတဲ့အချိန်ဆိုတော့ ကိုယ့်ဖုန်းမှာလည်း ရောဂါ ပိုးမွှားကင်းစင်ဖို့ လိုအပ်နေပါတယ်။

ဒါကြောင့် Alcohol ပါတဲ့ ရေမလို လက်သန့်ဆေးရည် နဲ့ ဖုန်းစခရင် ဆေးပုံဆေးနည်း နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။

ရေမလိုတဲ့ Alcohol ပါတဲ့ လက်သန့်ဆေးရည်ကို ယူလိုက်ပါ။

တစ်ရှူးကို ယူလိုက်ပါ။

ခုနက လက်သန့်ဆေးရည်ကို တစ်ရှူးထဲ အနည်းငယ် ထည့်ပါ။

အဲ့ဒီ ဆေးရည်ထည့်ထားတဲ့ တစ်ရှူးကို ဖုန်းမျက်နှာ စခရင်ပေါ်မှာ သုတ်ပေးပါ။

ပြီးရင် မျက်မှန်သုတ်တဲ့အစ Microfiber နဲ့ ပြန်လိုက်သုတ်ပေးပါ။

အကယ်၍ တစ်ယောက်ယောက်က ကိုယ့်ဖုန်းပေါ်ကို ဟပ်ချိုး ချီချမိတယ်ဆိုရင်လည်း Alcohol ပါတဲ့ လက်သန့်ဆေးရည်နဲ့ တစ်ရှူးနဲ့ အလျင်အမြန် ဖုန်းကို သုတ်လိုက်ပါ။ သူ့မှာ ရောဂါ ပိုးမွှားတွေကို သေစေနိုင်စွမ်းရှိပါတယ်။