စမတ်ဖုန်းတွေကလည်း စက်ပစ္စည်းတစ်ခုပါ။ အဲ့ဒီအတွက် ကိုယ့်ဘက်က တမင်မလုပ်မိရင်တောင်မှ အကြောင်းအမျိုးမျိုးကြောင့် သုံးနေရင်း ပါဝါမလာတော့တာ၊ ဖွင့်လို့မရတော့တာ၊ Android Logo မှာပဲ လည်နေတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ အဲ့ဒီအချိန်တွေမှာ ဘယ်လိုပြုလုပ်ရမလဲဆိုတာကို ဖော်ပြသွားပါမယ်။

အားပြန်သွင်းကြည့်ပါ

ညဘက်တစ်ညလုံးဖွင့်ထားမိပြီး နောက်နေ့မှာ ဖုန်းကို ဖွင့်လို့မရတော့ဘူးဆိုရင်တော့ အရင်ဆုံးလုပ်သင့်တာက ဖုန်းက အားပြန်သွင်းကြည့်တာပါ။ ညတုန်းက Battery ကျန်သေးတယ်ဆိုရင်တောင် တခါတလေ ညအိမ်နေတုန်း နောက်ကွယ်က Run နေတဲ့ Application အချို့ကြောင့် Battery ကုမန်ပြီး ပိတ်သွားတာဖြစ်တတ်ပါတယ်။

ဖုန်းက ပါဝါမလာတာလား၊ Screen က ပါဝါမလာတာလားဆိုတာကို စစ်ဆေးပါ

တကယ်လို့ ဖုန်းကို ပါဝါဖွင့်ကြည့်လိုက်တဲ့အချိန်မှာ Vibrate ဝင်သွားပြီးတော့ Screen မှာ ဘာမှမလင်းလာဘူးဆိုရင်တော့ ဖုန်းက ပျက်တာထက် Display မှာ ပြဿနာရှိနေတာ ဒါမှမဟုတ် ဖုန်း Firmware ကြောင့်ဖြစ်တတ်ပါတယ်။

ဖုန်း အောက်ပြုတ်ကျတာ၊ ရေစိုတာ ရှိမရှိစစ်ဆေးပါ

ဖုန်းအောက်လွတ်ကျတာ၊ ရေစိုတာတွေက ဖုန်းကို ပါဝါမလာစေတဲ့ အဓိကအချက်တွေပဲဖြစ်ပါတယ်။ အရင်ဆုံး အောက်လွတ်ကျတာ ဒါမှမဟုတ် ရေစိုတာ ရှိနေတယ်ဆိုရင်တော့ ဘာမှဆက်မလုပ်တော့ပဲ Service ကိုပဲ သွားပါ။

တဖြည်းဖြည်းနှေးလာပြီး နောက်ဆုံးဖွင့်လို့မရတော့တာ

ဒါကတော့ များသောအားဖြင့် ဖုန်းရဲ့ Software Error ကြောင့် ပိုပြီး အဖြစ်များပါတယ်။ ကိုယ်သွင်းထားတဲ့ Application တွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ အလွန်များပြားနေတာကြောင့် ဖြစ်တတ်ပြီး Firmware ပြန်တင်လိုက်ရင် ပြန်ကောင်းသွားတတ်ပါတယ်။

Battery က ဖောင်းနေတာ ရှိမရှိစစ်ဆေးပါ

ဖုန်းက ရုတ်တရက် ပါဝါမလာတော့ဘူးဆိုရင်တော့ Battery ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဖုန်းနောက်ကျောကို ခွာလို့ရရင်တော့ အဆင်ပြေပေမယ့် ခွာလို့မရရင်တော့ သက်ဆိုင်ရာ Service မှာ စစ်ဆေးကြည့်ပါ ။

Logo မှာ ရပ်နေပြီလား?

Android ဖုန်းတွေမှာ ဖြစ်တတ်တဲ့အရာတစ်ခုကတော့ Android Logo မှာ ရပ်နေတာဖြစ်ပြီးတော့ ဖုန်းရဲ့ Operating System ကို မတပ်လာတာပဲဖြစ်ပါတယ်။ အဲ့ဒါက များသောအားဖြင့် Firmware ရဲ့ Error တစ်ခုခုကြောင့်ဖြစ်နိုင်ပြီးတော့ Firmware ပြန်ရေးလိုက်ရင် အဆင်ပြေမှာပါ။