Google Chrome Browser ကို အသုံးပြုဖူးတယ်ဆိုရင် Chrome Browser နဲ့ Social Website တစ်ခုခု၊ Password ရိုက်ပြီး ဝင်ရောက်ရတဲ့ Website တွေဆိုရင် Browser ကနေ Username နဲ့ Password ကို မှတ်ထားပေးရမလားဆိုတဲ့ စာတန်းတက်လာတာကို ကြုံဖူးမှာပါ။ ယခင်ထဲက Google Chrome Browser က အဲ့လိုမျိုး Password တွေကို မှတ်ထားပေးပေမယ့် မှတ်ထားတဲ့ Site နာမည်နဲ့ Username ကိုပဲပြန်လည် ကြည့်ရှုနိုင်တာဖြစ်ပြီးတော့ Password ကဘာလဲဆိုတာကိုတော့ မသိနိုင်ခဲ့ပါဘူး။

ဒါပေမယ့် Google ကနေ Chrome Browser နောက်ဆုံး Update မှာ Browser ကနေ မှတ်ထားတဲ့ Password တွေကို ပြန်လည်ကြည့်ရှုလို့ရပြီပဲဖြစ်ပါတယ်။ အခုဆိုရင် Desktop Browser ကနေပဲတင်မကပဲ Android ဖုန်းကနေလည်း Setting – Manage Password ကနေ ဝင်ရောက်ပြီးတော့ ကိုယ်သိချင်တဲ့ Website ရဲ့ Login Password ကို ကြည့်လို့ရတော့မှာပါ။

Google ကတော့ ဒီလိုမျိုး Sensitive ဖြစ်တဲ့ Feature ကို ဘာကြောင့်ထည့်သွင်းလိုက်သလဲမသိပေမယ့် Website Login Password မေ့သွားတဲ့သူတွေအတွက်ကတော့ Password ကဘာလဲဆိုတာ ပြန်ကြည့်နိုင်တာကတော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

နောက်တစ်ခုက Security Feature အနေနဲ့ Password တစ်ခုချင်းစီကို ကြည့်ချင်တိုင်း ကိုယ့် Google Account Password ကို ပြန်လည်ရိုက်ပေးရမှာဖြစ်ပါတယ်။ ဒီတစ်ချက်ကတော့ တခြားသူတွေက ကိုယ့်ဖုန်း Browser ကနေ Facebook Password အပြင်အခြား Password တွေကို သိချင်တိုင်း ကြည့်လို့မရတဲ့အတွက် သူများကို ဖုန်းခဏဲဌားလိုက်ရလို့ စိတ်မချဖြစ်နေစရာ မလိုဘူးလို့ ပြောလို့ရပါတယ်။

ဒါပေမယ့်လည်း ကိုယ့်ရဲ့ Sensitive ဖြစ်တဲ့ Data တွေဖြစ်တဲ့ Website Login Password တွေကို Google Account Password သိတာနဲ့ Browser ကနေ အကုန်လုံးကို သိရှိနိုင်တဲ့အတွက် တဖက်ကကြည့်ရင် မကောင်းဘူးလို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် အတတ်နိုင်ဆုံး ကိုယ့် Personal Information တွေကို တခြားသူတွေမသိရှိအောင် 2 Steps Verification စနစ်ပါ ပြုလုပ်ထားကြပါလို့ အကြံပြုလိုက်ပါတယ်။