Nokia Keypad ဖုန်းတွေတုန်းက သုံးစွဲသူတွေအကြား အရူးအမူးဖြစ်ခဲ့ကြတဲ့ Snake ဂိမ်းကို မှတ်မိကြမှာပါ။ အခုဆိုရင် Facebook Messenger မှာ အဲ့ဒီ ဂိမ်းကို ဆော့ကစားလို့ရပါပြီ။

ဖုန်းနဲ့ ဆော့ချင်ရင်

  • Facebook Messenger ရဲ့ နောက်ဆုံး Version ကို updated လုပ်လိုက်ပါ။
  • Facebook Messenger ရဲ့ Search Box မှာ “Snake” ကို ရိုက်ထည့်ပြီး ရှာပါ။
  • အဲ့ဒါဆိုရင် Snake ဂိမ်း တွေ ကျလာပါလိမ့်မယ်။
  • Loading လုပ်ချိန် ခဏလောက်စောင့်ပြီး “Play Now” ခလုတ်ကို နှိပ်လိုက်ပါ။ ကိုယ့် ဆော့ချင်တဲ့ Speed ၁ ကနေ ၃ အကြား ရွေးပြီး ဆော့လိုက်လို့ရပါပြီ။

  • အမှတ်အများဆုံးရအောင် ဆော့ပြီး ကိုယ့်အမှတ်ဘယ်လောက် ရလဲဆိုတာ Comment Box မှာ ကြွားလို့ရတယ်နော်။

ကွန်ပျုတာပေါ်မှာ ဆော့ချင်ရင်

  • အကယ်၍ ကိုယ် Facebook မဖွင့်ရသေးဘူးဆိုရင် ဖွင့်လိုက်ပါ။ facebook.com/messages ဆိုတဲ့ Web Browser ကို သွားပါ။
  • Search box ထဲမှာ Snake ဆိုပြီး ရိုက်ထည့်ကာ ရှာပါ။
  • “Snake” ဆိုတဲ့ ဂိမ်းကို နှိပ်ပြီး loading လုပ်ဖို့ ခဏစောင့်ပါ။
  • ကိုယ့် မြွေရဲ့ အရှိန်ကို ရွေးလို့ရပါတယ်။ အရှိန်က ၁ ကနေ ၃ အကြားရှိပါတယ်။

  • Keyboard ပေါ်က မြှားလေးတွေဖြစ်ဖြစ် Mouse ဖြစ်ဖြစ် သုံးပြီး မြွှေကို ဆော့ကစားလို့ရပါတယ်။
  • အမှတ်အများဆုံးရအောင် ဆော့ပြီး ကိုယ့်အမှတ်ဘယ်လောက် ရလဲဆိုတာ Comment Box မှာ ကြွားလို့ရတယ်နော်။