Google Search ဟာ လက်ရှိလူသုံးအများဆုံးနဲ့ အကောင်းဆုံး Search Engine တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှာချင်တဲ့ စကားစုလေးရိုက်ပြီး ပေါ်လာတဲ့ Link ကို နှိပ်ဖို့လောက်ပဲ Google ကစွမ်းဆောင်နိုင်တာမဟုတ်ပါဘူး။ Google ဆိုတဲ့ Search Engine ကြီးကို ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်အောင် အခု Article မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

#1 Website Link တွေကို Cache Version ဖြင့် အရင်ကြည့်ရှုခြင်း

ကျွန်တော်တို့ တခုခုကို Google မှာ ရှာဖွေတဲ့အခါမှာ ကျလာတဲ့ Link တွေဘေးမှာ Down Arrow လေးကို နှိပ်ပြီး အဲ့ဒီ Website ရဲ့ Cache Version ကို အရင် ကြည့်လို့ရပါတယ်။ Cache Version ဆိုတာဘာလဲဆိုရင် မှုရင်း Website ကနေ Loading ပြုလုပ်တာမျိုးမဟုတ်ပဲ Google က သူရဲ့ Server တွေအပေါ်မှာ ရယူထားတဲ့ Cached ကနေ Loading ပြုလုပ်တာဖြစ်တဲ့အတွက် ပိုမြန်ဆန်ပြီး ကြော်ငြာတွေကိုတွေ့ရမှာမဟုတ်ပါဘူး။ ဒီအချက်က မှုရင်း Website က Server ကျနေတာမျိုးလို Network ပိုင်း ပြသာနာတွေမှာလည်း အဆင်စေမှာဖြစ်ပါတယ်။

#2 ဆက်စပ်ရာ Website များကို “related:” အရှေ့မှထည့်ပြီး ရှာဖွေနိုင်ခြင်း

ကိုယ်ရှာဖွေချင်တဲ့ အကြောင်းအရာတစ်ခုနဲ့ ဆက်စပ်တဲ့ သတင်းတွေ၊ Website တွေအကုန်ကို ရှာဖွေချင်တယ်ဆိုရင်လည်း Google ကနေ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲကတော့ ကိုယ်ရှာဖွေချင်တဲ့ စကားစုအရှေ့မှာ “related:” ဆိုတာကို ထည့်ရိုက်ပေးလိုက်ရင်ရပါပြီ။

#3 More Advanced Google Image Search

Google Image Search မှာ ကိုယ့်ရှာဖွေချင်တဲ့ ပုံကို တင်ပြီးတော့ ၎င်းနဲ့ဆက်စပ်တဲ့ ပုံတွေ၊ သတင်းတွေကို ရှာဖွေလို့ရပေမယ့် ပုံမှန်ဓါတ်ပုံတွေရှာဖွေတဲ့အချိန်မှာလည်း ပိုပြီး အသေးစိတ်ကျတဲ့ရှာဖွေမှုတွေကို ပြုလုပ်လို့ရပါတယ်။ Google Image Search – Setting – Advanced Search ကနေ Image size, Aspect ratio, Color, File Format တွေအပြင် Usage Right လိုမျိုးကိုပါ စိတ်တိုင်းကျပြင်ဆင်ပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။

#4 Minus Sign ဖြင့် မပါဝင်စေချင်သော စကားစုများကို ရေးသားနိုင်ခြင်း

တချို့သော စကားလုံးတွေကိုရှာဖွေတဲ့အချိန်မှာ နာမည်တူရှိနေတဲ့ ပိုအောင်မြင်တဲ့လုပ်ငန်းတစ်ခုခုရှိနေတဲ့အခါမှာ ကိုယ်ရှာဖွေချင်တဲ့အရာကို ရှာဖွေလို့မရတာမျိုးဖြစ်တတ်ကြပါတယ်။ အဲ့ဒီအတွက် မပါဝင်စေချင်တဲ့ စကားစုကို အရှေ့က (-) Minus Sign ခံပြီး ရေးလိုက်တာနဲ့ ဖယ်ထုတ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ ဥပမာ – Jaguar ကျားသစ်အကြောင်းရှာဖွေတဲ့အခါမှာ Jaguar Car Company အကြောင်းမပါချင်ဘူးဆိုရင် “Jaguar -car” လို့ရှာဖွေလိုက်ရုံပါပဲ။

#5 File အမျိုးအစားတွေကို သီးသန့်ထုတ်ယူရှာဖွေနိုင်ခြင်း

Google Search မှာ PDF, Word Document လို File တွေရဲ့ Download Link တွေကို Website တစ်ခုချင်းဝင်ကြည့်ပြီး ရှာဖွေနေတာထက် PDF သီးသန့်ရှာချင်တယ်ဆိုရင် ရှာဖွေမယ့် စကားစု နောက်မှာ “filetype:pdf” ဆိုပြီး ရှာဖွေလိုက်ရုံပါတယ်။ အဲ့ဒီလိုပဲ Word Document ဆိုလည်း pdf နေရာမှာ docx အစားထိုးလိုက်ရုံပါပဲ။

#6 Dictionary တစ်ခုအနေနဲ့ပါ အသုံးချနိုင်ခြင်း

Google မှာ စကားလုံးတစ်ခုရဲ့ အဓိပ္ပါယ်ကိုသိချင်တယ်ဆိုရင် အဲ့ဒီစကားလုံးအရှေ့ကနေ “define:” ဆိုတာကို ထည့်ရိုက်လိုက်တာနဲ့ အဆိုပါစကားလုံးရဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

#7 Stopwatch နှင့် Timer အနေနဲ့ အသုံးပြုနိုင်ခြင်း

Google ကို Stopwatch အနေနဲ့လည်း အသုံးပြုနိုင်ပြီး “Stopwatch” လို့ရှာလိုက်တာနဲ့ တွေ့ရမှာဖြစ်ပါတယ်။ Timer ကိုလည်းတွေ့ရမှာဖြစ်ပြီး Timer ကိုလည်း သပ်သပ် “20min Timer/ 30min Timer” စသဖြင့် ရှာလိုက်တာနဲ့ ချက်ခြင်း Timer မှတ်ပေးမှာဖြစ်ပါတယ်။

#8 နေရာတစ်ခုချင်းစီရဲ့ သတင်းကို စိစစ်ပြီးရယူနိုင်ခြင်း

Google မှာ ကိုယ်သိချင်တဲ့သတင်းတစ်ခုကို ရှာဖွေတဲ့နေရာမှာ Location နဲ့ပါ ရှာဖွေနိုင်ပြီးတော့ ကိုယ်ရှာဖွေချင်တဲ့ စကားစုနောက်မှာ “location:xxx” ဆိုပြီး ထည့်ရိုက်ရှာလိုက်ရင်ရမှာပါ။ ဥပမာ – “star wars location:uk”

#9 Google ကနေ အကြွေစေ့ ခေါင်းပန်းလှန်ပေးနိုင်ခြင်း

တစ်စုံတစ်ယောက်နဲ့ အကြောင်းကိစ္စတစ်ခုခုကြောင့် အကြွေစေ့ ခေါင်းပန်းလှန်စရာကိစ္စပေါ်လာပေမယ့် အကြွေစေ့မရှိလို့ စိတ်ညစ်နေစရာမလိုပါဘူး။ Google မှာ “flip a coin” လို့ ရိုက်ရှာလိုက်နဲ့ Google ကနေ အကြွေစေ့ ခေါင်းပန်းလှန်ပေးမှာဖြစ်ပါတယ်။

#10 Google မှာ နာမည်ကြီး Atari Breakout Game ဆော့ကြမယ်

Google မှာ “Breakout Google” လို့ရိုက်ရှာပြီး အပေါ်ဆုံးက Link ကို ဝင်ပြီး ယခင်က နာမည်ကြီးဂိမ်းတစ်ခုဖြစ်ခဲ့တဲ့ Atari Breakout ဂိမ်းကိုဆော့ကစားနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Google Pacman လို့ရိုက်ရှာလိုက်ရင်လည်း Google Version Pacman ဂိမ်းကိုဆော့ကစားနိုင်ဦးမှာပါ။