Telegram ဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက Android Version အတွက် App ကို Update တွေအများအပြားပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ Feature တွေထဲမှာ Message တစ်ခုချင်းစီကို Reply ပြုလုပ်နိုင်တာတွေ၊ Reaction ပြုလုပ်နိုင်တာတွေပါဝင်ခဲ့သလို အသုံးဝင်တဲ့ Feature တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။

ဒါကတော့ Translation Feature ပဲဖြစ်ပြီး တ့ကယ်လို့ ကိုယ်က နားမလည်တဲ့တခြားသော ဘာသာစကားတွေနဲ့ ပြောဆိုတဲ့ Group တွေ၊ တခြားနိုင်ငံကသူတွေနဲ့ စကားပြောဆိုတဲ့အချိန်မှာ ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။ ဒီ Translation Feature ကို အသုံးပြုနိုင်ဖို့အတွက်ကတော့ အရင်ဆုံး Telegram App ကို Latest Update တင်ထားဖို့လိုအပ်ပါတယ်။

ပြီးရင်တော့ Telegram App ကို ဖွင့်ပြီး ဘေးဘက် Menu ကနေတစ်ဆင့် Settings ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ Settings ထဲက Language ထဲထပ်မံဝင်ရောက်ပြီး Show Translate Button ကို On ထားပေးရမှာပါ။ On ထားပြီးပြီးဆိုရင် ကိုယ့်အနေနဲ့ ဘာသာမပြန်ပေးစေချင်တဲ့ ဘာသာစကားရှိတယ်ဆိုရင် “Do Not Translate” ဆိုတဲ့နေရာမှာ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

အခုလိုမျိုး ပြုလုပ်ပြီးပြီဆိုရင်တော့ ကိုယ်ဘာသာပြန်ချင်တဲ့ Conversation ထဲက Message ကိုနှိပ်လိုက်ရင် Translate ဆိုတဲ့ Button ပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒါကို နှိပ်လိုက်တာနဲ့ အလိုအလျောက် ဘာသာပြန်ပေးသွားမှာဖြစ်ပြီး ပြီးသွားရင်တော့ Close Translation နှိပ်ပြီး ပုံမှန်အတိုင်း စကားပြောဆိုနိုင်မှာဖြစ်ပါတယ်။

Ref – Android Police