လူသားတွေရဲ့ နေ့စဥ်နဲ့အမျှ လုပ်ဆောင်ချက်တွေက ကပ်ရောဂါတွေ စတင်ဖြစ်ပွားချိန်ကစပြီး မြေပြင်မှာ သွားလာလှုပ်ရှားလုပ်ဆောင်ခြင်းထက် အွန်လိုင်းမှာ ပိုမိုလုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။ ဒီအပြောင်းအလဲက ပညာရေးစနစ်အတွက်ဆိုရင် စိန်ခေါ်မှုတစ်ခုလို့ ပြောလို့ရသလို အခွင့်အလမ်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ မူလတန်းကနေ ၁၀ တန်းအထိ ကျောင်းသားတွေကို သင်ကြားပြသပေးနိုင်ဖို့ ဆရာ၊ ဆရာမတွေ စုဖွဲ့ပြီး ဖန်တီးထားတဲ့ Best Guide ဆိုတဲ့ Viber Channel ရယ် အင်္ဂလိပ်စာသင်ကြားပေးဖို့အတွက် ဖန်တီးထားတဲ့ MyanLearn ဆိုတဲ့ Viber Channel ရယ်က တာဝန်ရှိသူတွေနဲ့ လက်ရှိ ပညာရေးစနစ်ရဲ့ အပြောင်းအလဲတွေကြား Viber ရဲ့ ပါဝင်လာတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အခုလိုပဲ ဆွေးနွေးထားပါတယ်။

“ကျွန်တော်တို့ အွန်လိုင်းသင်ကြားမှုစနစ်တွေ လုပ်ဆောင်ကြမယ်လို့ စတင်စဥ်းစားတဲ့အချိန်မှာ မိဘတွေ၊ ဆရာတွေနဲ့ ကျောင်းသားတွေ စုစည်းပြီးတော့ Viber group လေးတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် မိဘတွေက ကိုယ့်သား၊ သမီးရဲ့ သင်ယူမှုအခြေအနေ၊ ကြိုးစားအားထုတ်မှု စတာတွေကို အချိန်နဲ့တပြေးညီ သိနိုင်သလို ကျောင်းသားတွေအနေနဲ့လည်း နည်းပညာနဲ့ ပိုပြီး အကျွမ်းတဝင်ရှိလာကြတာကို တွေ့ရပါတယ်။ ဒါက သူတို့တွေက နည်းပညာအသုံးပြုပြီး ပညာရေးကို လွတ်လွတ်လပ်လပ် ဆက်လက်သင်ကြားခွင့်ရဖို့ အခွင့်အလမ်းကောင်းတစ်ခုပါ။” လို့ Best Guide ရဲ့ တည်ထောင်သူဖြစ်သူ Tom Known က သမားရိုးကျ သင်ကြားတဲ့စနစ်ကနေ အွန်လိုင်းသင်ကြားရေးစနစ်ကို ပြောင်းလဲလာတာနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးအချို့ကို ပြောကြားခဲ့ပါတယ်။

“အွန်လိုင်းကနေ သင်ကြားတယ်ဆိုတာ အချိန်မရွေး၊ နေရာမရွေး အကန့်အသတ်မရှိ လေ့လာသင်ယူနိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ပုံ၊ စာ၊ အသံဖိုင် စတာတွေကို အင်တာနက်ချိတ်ဆက်လို့ရတဲ့ ဘယ်နေရာကမဆို ရယူနိုင်၊ ပို့နိုင်တဲ့အတွက်ကြောင့် ကျောင်းသားတွေနဲ့ ချိတ်ဆက်ဖို့အတွက်က နေရာ၊ အချိန် ကန့်သတ်ချက်တွေ မရှိတော့လို့ လေ့လာသင်ကြားမှုအပိုင်းမှာ အရမ်းအဆင်ပြေပါတယ်။” လို့ MyanLearn ရဲ့ CEO ဖြစ်သူ ဦးသီဟညွန့်က ပြောကြားခဲ့ပါတယ်။

အွန်လိုင်းသင်ကြားမှုပြုလုပ်နိုင်တဲ့ အက်ပလီကေးရှင်းတွေ အများကြီးရှိတဲ့ထဲကမှ ဘာဖြစ်လို့ Viber ကို ရွေးချယ်အသုံးပြုဖြစ်ခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ Best Guide က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံမှာရှိတဲ့သူ တော်တော်များများက Viber ကို လုပ်ငန်းခွင်အတွက် ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခုအနေနဲ့ အသုံးပြုလျက်ရှိကြပါတယ်။ ဒါကြောင့် မြန်မာလူမျိုးအများစုက Viber နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့အတွက် Group Call လို အဖွဲ့လိုက် ဖုန်းခေါ်ဆိုတာ၊ ဖိုင်တွေ မျှဝေတာ၊ screen sharing လုပ်တာ စတဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးနေတဲ့ အက်ပလီကေးရှင်းတွေ အများကြီး ရှိတဲ့ထဲကမှ ကျွန်တော်တို့ Viber ကို အွန်လိုင်းသင်ကြားရေး ပလက်ဖောင်းအနေနဲ့ အသုံးပြုမယ်လို့ ရွေးချယ်ဖြစ်သွားတာပါ။ ဒါ့အပြင် Viber မှာ တခြား အက်ပလီကေးရှင်းတွေထက် သာလွန်တဲ့ လုပ်ဆောင်ချက်တွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် file တွေ screen တွေ share လို့ရတာ၊ poll တို့ quiz တို့ ထည့်သွင်းနိုင်တာ၊ နောက်ပြီး စတေကာ၊ My note၊ reminder၊ မက်ဆေ့ချ်တွေ အချိန်သတ်မှတ်ပြီး ပို့လို့ရတဲ့ schedule message လိုမျိုး လုပ်ဆောင်ချက်တွေရှိတာမျိုးတွေပါ။ Viber ရဲ့ ထူးထူးခြားခြား ဆန်းသစ်ထားတဲ့ ချစ်စရာကောင်းတဲ့ စတေကာတွေကလည်း အွန်လိုင်းစာသင်ခန်းတစ်ခုအတွက် ပျော်စရာတွေ ဖန်တီးပေးနိုင်ပါတယ်။ Group call ခေါ်ပြီး screen share နိုင်တဲ့ လုပ်ဆောင်ချက်ကလည်း စာသင်ကြားဖို့အတွက် တကယ်လိုအပ်တဲ့အတွက် အရမ်းအသုံးဝင်ပါတယ်။” လို့ Best Guide ရဲ့ တည်ထောင်သူ Tom Known က ပြောကြားခဲ့ပါတယ်။

MyanLearn Channel ထဲမှာ ကျောင်းသားတွေနဲ့ ဆရာတွေရဲ့ ချိတ်ဆက်သင်ကြားမှုတွေနဲ့ ပတ်သက်ပြီး “အခုဆိုရင် ကျွန်တော်တို့ Channel မှာ အဖွဲ့ဝင်ပေါင်း ၁၇၈,၂၄၈ ယောက် ရှိပြီး engagement လည်း မြင့်တက်လာနေပါတယ်။ ဆရာတွေရော ကျောင်းသားတွေရောက Viber မှာဆိုရင် အပြင်မှာ တွေ့ပြီး သင်ကြားပေးရတာမျိုးမဟုတ်ပေမယ့် ကိုယ်အဆင်ပြေတဲ့ နေရာ၊ အချိန်မှာ သိချင်တာတွေ မေးနိုင်ဖြေနိုင်တဲ့အတွက် သုံးရတာ အရမ်းအဆင်ပြေပါတယ်။ Viber channel တွေက ကျောင်းသားတွေနဲ့ ဆရာတွေ ကြားမှာ ချိတ်ဆက်ပြောဆို သင်ကြားနိုင်ဖို့အတွက် အများကြီး ကူညီပေးနိုင်ပါတယ်။” လို့ MyanLearn ရဲ့ CEO ဖြစ်သူ ဦးသီဟညွန့်က ပြောကြားခဲ့ပါတယ်။

အဆုံးသတ်အနေနဲ့ ပညာရေးကို အပြင်မှာပြန်လည်သင်ကြားလာကြတဲ့အချိန်မှာ Viber ကို ဆက်ပြီး အသုံးပြုဖြစ်ဦးမှာလားဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး”Viber က မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံးနဲ့ ယုံကြည်စိတ်ချရတဲ့ စာတိုပေးပို့ရေး အက်ပလီကေးရှင်းတစ်ခု ဖြစ်ပြီးတော့ အသုံးပြုရလည်း လွယ်ကူတဲ့အတွက် ကျောင်းသားတွေနဲ့ ဆရာတွေကလည်း အကျွမ်းတဝင် ရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ဗွီဒီယိုတွေ၊ ဖိုင်တွဲတွေကို Viber ကနေ မျှဝေပြီး နေအိမ်မှာ လေ့လာ၊ စာသင်ခန်းရောက်ရင် ပြန်ဆွေးနွေး စသဖြင့် လုပ်ဆောင်နိုင်တဲ့အတွက် အထောက်အကူကောင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆက်ပြီး အသုံးပြုဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။” လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

Viber က မြန်မာနိုင်ငံရဲ့ နောက်မျိုးဆက်သစ်တွေ အနေနဲ့ သူတို့ရဲ့ ပညာရေး ရည်မှန်းချက်တွေ ရောက်ရှိနိုင်ဖို့၊ အနာဂတ်ကို ပုံဖော်နိုင်ဖို့အတွက် ကူညီပေးနေပါတယ်။ နည်းပညာက ပညာရေးစနစ်အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ယူဆောင်လာနိုင်ပြီး ပိုမိုသာလွန်တဲ့ အခြေအနေ၊ အသိုင်းအဝန်းကို ရောက်ရှိအောင်လည်း ထောက်ပံ့ပေးနိုင်မယ်လို့ Viber က အခိုင်အမာ ယုံကြည်ထားပါတယ်။

Press Release – Viber