အင်္ဂလန်နိုင်ငံရဲ့ ကြော်ငြာတွေကို ထိန်းသိမ်းရေးဌာနတစ်ခုဖြစ်တဲ့ Advertising Standard Authority ကနေ HTC ရဲ့ ကြော်ငြာတစ်ခုကို ပိတ်သိမ်းလိုက်ပါတယ်။ ပိတ်သိမ်းလိုက်တဲ့အကြောင်းကိုတော့ မဖြစ်နိုင်တာကို အလွန်အကျူးကြော်ငြာလို့ဆိုပြီး ပြောကြားခဲ့ပါတယ်။

အခုကြော်ငြာဟာ အိုလံပစ် Diver ဖြစ်တဲ့ Tom Daley ကနေ HTC U11 ဖုန်းကို ကိုင်ပြီး ရေကူးကန်ထဲ ဒိုင်ပင်ပစ်ပြီး Selfie ရိုက်တာကို ပြသထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ASA ကတော့ HTC ဖုန်းဟာ IP67 Rating ပဲရှိတာဖြစ်ပြီးတော့ ရေအနက် ၁ မီတာအထိပဲ ရေစိုခံနိုင်တဲ့အတွက် အခု စတန့်ဟာမဖြစ်နိုင်ဘူးဆိုပြီး ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အခုကြော်ငြာကို Facebook ကိုယ်တိုင်ကလည်း ပိတ်ပင်ခဲ့ပြီးတော့ HTC ကိုလည်း အဆိုပါ ကြော်ငြာကိုထပ်မတင်ဖို့ တားမြစ်ခဲ့ပါတယ်။ HTC ကလည်း အဆိုပါကြော်ငြာအတွက် ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

HTC ရဲ့ ဖျက်ပစ်ခဲ့ရတဲ့ကြော်ငြာကို အခုအောက်မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။