HTC ကနေ Desire Series စမတ်ဖုန်းတွေကို ပြန်လည်ထုတ်လုပ်ဖို့ ကြံစည်နေတာဖြစ်ပြီးတော့ အခုအချိန်မှာ HTC ကနေ Desire 12 Plus နာမည်နဲ့ စမတ်ဖုန်းတစ်ခုကိုထုတ်လုပ်ဦးမယ်ဆိုတာကို အတည်ပြုပြောကြားလိုက်ပါတယ်။

HTC ကနေ ဒီနှစ်မှာ HTC Desire 12 နာမည်နဲ့ စမတ်ဖုန်းထုတ်လုပ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးတော့ အခုအချိန်မှာတော့ Plus Model ပါထုတ်လုပ်မယ်လို့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ အခု HTC Desire 12 Plus ဖုန်းမှာတော့ 5.99″ 18:9 Display ကို အသုံးပြုထားမှာဖြစ်ပြီးတော့ Screen Resolution ကိုတော့ HTC Desire 12 ဖုန်းလိုမျိုးပဲ HD+ Resolution ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။

HTC Desire 12 Plus စမတ်ဖုန်းဟာ ကျောဘက်မှာ 13MP Camera နဲ့အတူ အရှေ့ဘက်မှာလည်း 8MP Camera ပဲပါဝင်မှာဖြစ်တဲ့အတွက် ကင်မရာပိုင်းကိုတော့ အဆင့်မြှင့်ထားခြင်းရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် Processor ပိုင်းတွေကိုတော့ အဆင့်မြှင့်တင်ထားခဲ့ပြီး HTC Desire 12 Plus စမတ်ဖုန်းမှာ MediaTek Processor အစား Snapdragon 450 Processor ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ RAM အနေနဲ့ကတော့ 3GB ပါဝင်မှာဖြစ်ပြီးတော့ ROM ကတော့ 32GB ပါဝင်မှာဖြစ်ပါတယ်။

HTC Desire 12 Plus စမတ်ဖုန်းဟာ Battery အနေနဲ့ 2965mAh Battery ပဲပါဝင်မှာဖြစ်ပြီးတော့ Quick Charge 3.0 ကို Support လုပ်တယ်လို့ သိရပါတယ်။ HTC Desire 12 Plus စမတ်ဖုန်းကို မကြာင်မှာ ဒေါ်လာ ၂၀၀ အောက်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။