HTC က Desire 22 Pro လို့ ခေါ်တဲ့ Metaverse ဖုန်းကို ကြေညာလိုက်ပါတယ်။ ဖုန်းမှာ VIVERSE Metaverse ပလက်ဖောင်း ထည့်သွင်းထားပြီး Virtual ပိုင်ဆိုင်မှုတွေ သိမ်းထားနိုင်တဲ့ VIVE Wallet ပါပါတယ်။ လက်ရှိမှာ User တွေဟာ သူတို့ရဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေ၊ ပစ္စည်းတွေကို VIVE Wallet မှာ သိမ်းထားနိုင်ပြီး အနာဂတ်မှာ VIVERSE ကို ဝင်ရောက်ဖို့ VIVE Wallet ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် HTC Desire 22 Pro ကို HTC ရဲ့ ကိုယ်ပိုင် VIVE Flow Virtual Reality Glasses နဲ့ တွဲဖက် အသုံးပြုနိုင်ပြီး ဖုန်း Applications တွေနဲ့ Multimedia Content တွေကို VIVE Flow မှာ ပြသနိုင်ပါတယ်။

HTC Desire 22 Pro မှာ ၆.၆ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး 2412x1080p Resolution ထောက်ပံ့ထားပါတယ်။ 120Hz Refresh Rate ပါလာပြီး Snapdragon 695 Processor မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး 18W Fast Charging နဲ့ 15W Wireless Charging ပါတဲ့ 4,520mAh ဘက်ထရီ ပါပါတယ်။

HTC Desire 22 Pro မှာ 32MP ဆဲလ်ဖီး ကင်မရာ ပါလာပြီး အနောက်ဘက်မှာ 64MP Main , 13MP Ultrawide Angle နဲ့ 5MP Depth-of-field ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ ထိပ်မှာ နားကြပ်ပေါက် တပ်ဆင်ထားပြီး 5G+4G Dual-card Dual Standby ထောက်ပံ့ထားကာ Android 12 OS မောင်းနှင်ထားပါတယ်။ ဇူလိုင်လ ၁ ရက်နေ့မှာ ၄၀၃ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၇၅၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Ref : gizchina