HTC ကနေ လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ စမတ်ဖုန်းသစ်တစ်ခုကို ထုတ်ဖော်ပြသသွားမယ်လို့ ပြောကြားလိုက်ပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကောလဟာလသတင်းတစ်ခုအနေနဲ့မဟုတ်ပဲ Teaser ပုံပါ ထုတ်ပေးလိုက်တာပါ။

HTC ရဲ့ အခုထွက်ရှိလာမယ့် ဖုန်းဟာဆိုရင် လက်ရှိထွက်ရှိထားတဲ့ စမတ်ဖုန်းအမြင့်ပိုင်းဖြစ်တဲ့ Samsung Galaxy S8 ဖုန်းတွေလိုမျိုးပဲ ရှည်မျောမျော 18:9 Ratio Display နဲ့ ဘေးဘောင်တွေပါဝင်မှာမဟုတ်ဘူးလို့ သိရှိရပါတယ်။ အဲ့ဒီအတွက် နှစ်စပိုင်းကထွက်ရှိခဲ့တဲ့ HTC U11 ထက်လည်း ပိုပြီးကောင်းမွန်လာမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ သိရှိရတဲ့သတင်းတွေအရတော့ HTC U11 Plus မှာ ကြီးမားတဲ့ 5.99″ 1440×2880 Pixels Quad HD+ Display ပါဝင်မှာဖြစ်ပြီး Processor အနေနဲ့ လက်ရှိအကောင်းဆုံး Qualcomm Snapdragon 835 CPU ကို သုံးလာမှာဖြစ်ပြီး RAM 4GB/ Storage 64GB နဲ့ RAM 6GB/ Storage 128GB တို့ပါဝင်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါ့အပြင် HTC U11 Plus ကို လက်ရှိအကောင်းဆုံး ကင်မရာဖုန်းတစ်ခုဖြစ်လာမယ်လို့ ယူဆထားကြပြီး Primary Back Camera က 12MP f1.7 ပါဝင်လာပြီး Front Selfie Camera က 8MP ပါဝင်မှာဖြစ်ပါတယ်။ Battery ကလည်း ကြီးမားတဲ့ 3930mAh Battery နဲ့ Android 8.0 Oreo ကို တခါတည်း သုံးလာမှာပါ။

တရားဝင်အချက်အလက်တွေကိုတော့ ဖုန်းကြေငြာတဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ သိရမှာဖြစ်တဲ့အတွက် အဲ့ဒီအချိန်ထိ စောင့်ကြည့်ရအောင်လား….