HTC ကနေ လာမယ့် ဧပြီလ ဒါမှမဟုတ် မေလမှာ ဒီနှစ်အတွက် အကောင်းဆုံးဖုန်းဖြစ်လာပြီး Samsung Galaxy S9 နဲ့ Sony XZ2 စမတ်ဖုန်းတွေကို ယှဉ်ပြိုင်မယ့် စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။

HTC က အဆိုပါ စမတ်ဖုန်းကို HTC U12+ လို့ နာမည်ပေးထားပြီးတော့ လက်ရှိအကောင်းဆုံးသော Processor တစ်ခုဖြစ်တဲ့ Qualcomm Snapdragon 845 Processor ၊ RAM 6GB နဲ့ Internal Storage 128GB အထိပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

HTC U12+ စမတ်ဖုန်းဟာ လက်ရှိ Flagship စမတ်ဖုန်းတွေအတိုင်းပဲ 18:9 Ratio Display ကိုအသုံးပြုလာမှာဖြစ်ပြီး အရွယ်အစားအနေနဲ့ 5.99″ နဲ့ Resolution အနေနဲ့ QuadHD+ Resolution ရှိမှာပဲဖြစ်ပါတယ်။

HTC U12+ စမတ်ဖုန်းဟာ ထူးခြားချက်အနေနဲ့ကတော့ နှစ်တွေအမြောက်အများကြာပြီးတော့မှ Dual Camera ကို ပြန်လည်အသုံးပြုလာမှာဖြစ်ပြီးတော့ ဖုန်းရဲ့ အနောက်ဖက်မှာ 12MP + 16MP Dual Camera အပြင် ဖုန်းရဲ့ အရှေ့ဘက် Selfie Camera ကိုလည်း Dual 8MP Selfie Camera တပ်ဆင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရတော့ HTC ဟာ အခုနောက်ပိုင်းသူရဲ့ Trademark တစ်ခုဖြစ်လာတဲ့ ဖုန်းရဲ့ဘေးဘောင်တွေကို ညစ်ပြီး ခိုင်းစေနိုင်တဲ့ Edge Sense ကိုလည်း အဆင့်မြှင့်တင်လာဦးမှာဖြစ်ပါတယ်။