HTC ကနေလည်း ဒီနှစ်အတွက် Flagship စမတ်ဖုန်းဖြစ်တဲ့ HTC U12+ စမတ်ဖုန်းကို မကြာခင်ကြေငြာတော့မှာဖြစ်ပါတယ်။ အခုအချိန်အထိ ဖုန်းကို ထုတ်လုပ်မယ့်အချိန်ကိုတော့ မသိရသေးပေမယ့် Specifications တွေကတော့ ထွက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ Specifications တွေအရတော့ HTC U12+ စမတ်ဖုန်းက Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ MicroSD Card ကိုလည်း ထောက်ပံ့ပေးမှာဖြစ်ပြီး 2TB အထိ တိုးချဲ့နိုင်မှာပါ။

Display အနေနဲ့ 5.5″ Quad HD+ Display ပါဝင်လာမှာဖြစ်ပြီးတော့ Camera တွေအနေနဲ့လည်း Front Selfie Camera ကို Dual 8MP နဲ့ အတူ Back Camera ကတော့ 12MP f1.5 Lens တပ်ဆင်ထားမယ်လို့ သိရပါတယ်။

HTC U12+ စမတ်ဖုန်းက IP68 Water Resistant ၊ Wireless Charging အပြင် Qualcomm ရဲ့ Quick Charge 4+ နည်းပဘာကိုလည်းထောက်ပံ့ပေးဦးမှာပါ။