HTC ရဲ့ထုတ်ကုန်တွေက တစ်နှစ်နဲ့တစ်နှစ် သိပ်ပြီးထူးထူးခြားခြားရှိလာတဲ့ အထဲမှာမပါပါဘူး။ HTC ကတော့ Sony ၊ LG တို့လိုပဲ Design အပြောင်းအလဲ ကြီးကြီးမားမား မလုပ်တဲ့ ကုမ္ပဏီတစ်ခုပါ။ HTC ရဲ့လက်ရှိ Flaghip တွေကတော့ HTC U11 နဲ့ HTC U11 Life တွေပါ။

HTC ကနောက်ထပ် Flagship အသစ်ကို 2018 အတွက် ထုတ်ပြဖို့ အဆင်သင့်ဖြစ်ပါပြီ။ အဲ့ဒါနဲ့ပတ်သက်လို့ Twitter မှာ နောက်ထွက်မယ့် HTC Flagship အတွက် မိတ်ဆက်မယ့်ရက်နဲ့အတူ Teaser ဓာတ်ပုံကို တင်ခဲ့ပါတယ်။ ဓာတ်ပုံ ထဲမှာတော့ ဖုန်းအသစ်မှာပါမယ့် အစိတ်အပိုင်းတွေကို ပြထားပါတဲ့အပြင် လာမယ့် မေလ ၂၃ ရက်မှာ ကြေညာသွားမှာဖြစ်ပါတယ်။

Specifications ပိုင်းတွေအနေနဲ့တော့ အခုနောက်ပိုင်း Flagship စမတ်ဖုန်းတွေနဲ့ တူညီတဲ့ Qualcomm Snapdragon 845 Processor ၊ RAM 6GB ၊ Storage 128GB တွေပါဝင်လာမှာဖြစ်ပြီး Wireless Charging ၊ Waterproof Feature တွေပါဝင်လာဖို့ကတော့ ကျိန်းသေနေပါပြီ။

HTC အနေနဲ့ သူတို့ဖုန်းတွေကို Dual Camera ထည့်လိုက် ဖြုတ်လိုက်လုပ်နေတာ တော်တောာ်ကြာနေပါပြီ။ လက်ရှိ HTC ရဲ့ Flagship နှစ်လုံးဖြစ်တဲ့ U11 နဲ့ U11 Life တွေမှာတော့ Dual Camera ကိုထည့်ပေးမထားပါဘူး။ နောက်ထွက်မယ့် Flagship မှာတော့ Dual Camera သေချာပေါက်ပါလာမယ်ဆိုတာ အခုပုံက သက်သေပါပဲ။

HTC တင်ထားတဲ့ ပုံကိုကြည့်မယ့်ဆိုရင် Dual Camera အပြင် Front Camera တွေကိုပါ နှစ်လုံးဖြစ်နေတာကို တွေ့ရပါတယ်။ HTC ကဒီတစ်ခါတော့ Fan တွေကို စိတ်ပျက်အောင်မလုပ်တော့ပါဘူး။ Camera Game ထဲမှာ ပြန်ပြီး ဆရာကျကျဝင်ကစားတော့မယ်လို့ ယူဆရပါတယ်။ HTC ရဲ့ Camera တွေက ဘယ်လောက်ကောင်းတယ်ဆိုတာ အရင်က HTC Flagship သုံးဖူးသူတွေသိမှာပါ။ အခုတော့ အဲ့ဒီအချိန်တွေက Camera တွေထက်ပိုကောင်းတဲ့ Camera တွေကိုတွေ့ရမယ်ဆိုတော့ စောင့်ကြည့်ရုံပါပဲ။