HTC က လက်ရှိအချိန်မှာ စမတ်ဖုန်းဈေးကွက်ထဲမှာ ကောင်းကောင်းမယှဉ်ပြိုင်နိုင်တော့တဲ့ Brand တစ်ခုဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက HTC ဟာ High End ဖုန်း ၂ ခုဖြစ်တဲ့ HTC U11 စမတ်ဖုန်းနဲ့ HTC U11+ စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့တယ်ဆိုပေမယ့် အခုအချိန်မှာတော့ ဈေးကွက်အခြေအနေအရ High End ဖုန်းတစ်ခုပဲ ထုတ်တော့မယ့်ပုံပါပဲ။

HTC ကနေ ယခုနှစ်မှာ ထုတ်လုပ်မယ့် တစ်ခုတည်းသော High End စမတ်ဖုန်းကတော့ HTC U12+ ဖုန်းဖြစ်လာမှာဖြစ်ပြီးတော့ HTC က HTC U12 ဖုန်းကို မထုတ်တော့ပဲ ကျော်သွားမယ့်ပုံပါပဲ။

HTC ရဲ့ အခု HTC U12+ စမတ်ဖုန်းဟာ 6″ Quad HD+ Display ၊ Qualcomm Snapdragon 845 Processor ၊ Dual Camera နဲ့အတူ RAM 6GB နဲ့ 128GB Storage ပါဝင်မှာပဲဖြစ်ပါတယ်။

HTC ဟာ ဒီနှစ်ထဲမှာ High End ဖုန်းအနေနဲ့ HTC U12+ စမတ်ဖုန်းကိုပဲ ထုတ်လုပ်မှာဖြစ်ပေမယ့် မနှစ်တုန်းက အောင်မြင်ခဲ့တဲ့ Midrange ဖုန်းတစ်ခုဖြစ်တဲ့ HTC U11 Life စမတ်ဖုန်းလိုမျိုး HTC U12 Life စမတ်ဖုန်းကိုလည်း ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။