အခုလ အစောပိုင်းမှာ HTC ဟာ ရုရှားစျေးကွက်အတွက် HTC Wildfire E2 ကို မိတ်ဆက်ခဲ့ပြီး Entry-level Specs တွေနဲ့ ချိုသာတဲ့ စျေးနှုန်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်ဝမ် အခြေစိုက် ကုမ္ပဏီဟာ E2 ထက် ပိုစျေးချိုတဲ့ စမတ်ဖုန်းကို Wildfire အမှတ်တံဆိပ်အောက်ကနေ ထုတ်လုပ်မိတ်ဆက်လာဦးမယ့် ပုံပါပဲ။

အဆိုပါ ဟန်းဆက်ကိုတော့ Wildfire E Lite လို့ အမည်ပေးထားပြီး Google Play Console ပေါ်ကို ရောက်လာပါတယ်။ E2 Lite လို့ မပေးဘဲ E Lite လို့ပေးထားတာတော့ “Elite” ဆိုတဲ့ စကားလုံးဆန်ဆန် ဖြစ်အောင် ကစားထားသလိုပါပဲ။

ဒီဖုန်းမှာ မြင်နေကျမဟုတ်တဲ့ 18:9 Aspect Ratio ပါဝင်ပြီး 720 x 1440p Resolution ရှိပါတယ်။ ပါလာတဲ့ ပုံလေးထဲမှာ သူ့ဒီဇိုင်းကို မြင်ရမှာဖြစ်ပြီး Notch သို့မဟုတ် Punch-hole တွေ မတွေ့ရဘဲ ရိုးစင်းတဲ့ Bezel Display ပဲ ပါဝင်ပါတယ်။ Wildfire E Lite မှာ 2GB RAM မန်မိုရီ တပ်ဆင်ထားပြီး Android 10 OS အသုံးပြုရမှာပါ။

အတွင်းမှာ MediaTek ရဲ့ Helio A20 ချစ်ပ်ဆက် အသုံးပြုထားပြီး သူ့ရဲ့ Cortex-A53 Quad-core CPU ကလည်း အခုခေတ်မှာတော့ Entry-level စစ်စစ် ပါပဲ။ ဒါကြောင့် ဒီဖုန်းဆီက အရမ်းကြမ်းတဲ့ စွမ်းဆောင်ရည်မျိုးတော့ မြင်ရဖို့ မျှော်လင့်လို့ မရပေမယ့် စျေးနှုန်းကတော့ အတော်လေး နိမ့်ကျတဲ့ ဘတ်ဂျက်ဖုန်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

Ref – GSMArena