HTC ဟာ စမတ်ဖုန်းတွေထဲမှာ Dual Camera စနစ်ကို အရင်ဆုံးစတင်ခဲ့တဲ့ဖုန်းကုမ္ပဏီဖြစ်ပေမယ့်လည်း လွန်ခဲ့တဲ့နှစ်တုန်းက HTC 10 စမတ်ဖုန်းထဲကစပြီး Dual Camera တွေတပ်ဆင်တာကို ရပ်ဆိုင်းလိုက်ပြီး Single Camera ကိုပဲ သုံးစွဲလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ HTC ကနေ သူတို့စတင်ခဲ့တဲ့ Dual Camera စနစ်ကို ပြန်လည်ပြုလုပ်သွားမယ်လို့ ပြောကြားလိုက်ပြီဖြစ်ပါတယ်။ Dual Camera ကို နောက်ဆုံးအနေနဲ့ ၂၀၁၅ မှာ HTC One M8 ဖုန်းနဲ့ ထုတ်ခဲ့တဲ့ HTC ဟာ အခုခေတ်စားလာတဲ့ Dual Camera ဖုန်းတွေကို အစပျိုးစေခဲ့တယ်လို့တောင်ပြောလို့ရပါတယ်။

ဒါပေမယ့်လည်း HTC က နောက်ထွက်လာမယ့် HTC ဖုန်းတွေမှာ ဘယ်လိုမျိုး Dual Camera စနစ်ကို အသုံးပြုသွားမယ်ဆိုတာကိုတော့ ပြောကြားထားခြင်းမပြုခဲ့ပါဘူး။ အခုလက်ရှိမှာတော့ Apple နဲ့ Samsung တို့က Wide Lens + Telephoto Lens တွေကိုအသုံးလျက်ရှိပြီး Huawei ကတော့ သူရဲ့ဖုန်းတွေမှာ Monochrome Lens + RGB Lens တွေကို အသုံးပြုနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Dual Camera ကို စတင်ခဲ့တဲ့ HTC ကနေ နောက်ထပ် Dual Camera တွေပါဝင်လာမယ့် စမတ်ဖုန်းတွေဟာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။