နှစ်စဉ်နှစ်တိုင်း စပိန် ဘာစီလိုနာမှာပြုလုပ်တဲ့ Mobile World Congress – MWC Event ဟာ စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ Flagship စမတ်ဖုန်းတွေကို ထုတ်ပြတဲ့ Event တစ်ခုအနေနဲ့လူသိများပါတယ်။

အခုလက်ရှိမှာ Samsung ကနေ Galaxy S9 ဖုန်းကို ပြသမယ်လို့ အတည်ပြုလိုက်ပြီးဖြစ်သလို အခြား Sony ၊ LG နဲ့ Nokia တို့ကလည်း သူတို့ရဲ့ အကောင်းဆုံးစမတ်ဖုန်းတွေကို ထုတ်ပြသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း HTC ကုမ္ပဏီကတော့ ထုတ်လုပ်နိုင်ခြင်းမရှိသေးတဲ့အတွက် အခု MWC 2018 မှာ ဘာဖုန်းမှ ထုတ်ပြမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒါက အစတုန်းက HTC U12 စမတ်ဖုန်းကို MWC 2018 မှာ မြင်တွေ့ရမယ်ဆိုတဲ့ အိမ်မက်တွေကို ပျက်ကွယ်သွားစေတဲ့သတင်းဖြစ်ပြီးတော့ MWC ပြီးနောက်ပိုင်း မတ်လ သို့မဟုတ် ဧပြီလကြမှပဲ HTC U12 စမတ်ဖုန်းကိုတွေ့မြင်ရတော့မှာဖြစ်ပါတယ်။

အခုလိုမျိုး HTC အနေနဲ့ အခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ တန်းတူမလိုက်နိုင်တာက နောက်ပိုင်းမှာ HTC ကို ရွေးချယ်ဖို့က အနည်းငယ်စိတ်တွန့်စရာဖြစ်သွားတယ်လို့တောင် ပြောလို့ရနေပါတယ်။