ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက် နေတုန်းက စပိန်နိုင်ငံ ဘာစီလိုနာမှာ Huawei က Innovative Product Launch မိတ်ဆက်ပွဲကို ကျင်းပခဲ့ပါတယ်။


အဲဒီပွဲမှာ “Fashion Forward” ဆိုတဲ့ ချဉ်းကပ်မှုနဲ့အတူ HUAWEI WATCH GT 5 Series, HUAWEI WATCH D2 and HUAWEI WATCH Ultimate Green အပါအဝင် ထုတ်ကုန် အမြောက်အများကို ပြသခဲ့ပါတယ်။ HUAWEI MatePad Pro 12.2-inch နဲ့ HUAWEI MatePad Air tablets တွေကိုလည်း မိတ်ဆက်ခဲ့တာ တွေ့ရပါတယ်။

HUAWEI WATCH GT 5 Series
HUAWEI WATCH GT 5 Series မှာတော့ အဆင့်မြှင့်ထားတဲ့ အာရုံခံကိရိယာနဲ့ ပိုကောင်းတဲ့ Algorithms ပါဝင်လာတဲ့ HUAWEI truSense System ကို ထည့်သွင်းမိတ်ဆက်လာပါတယ်။ watch GT 5 Series တွေဟာ စုစုပေါင်း မော်ဒယ် ၁၂ မျိုး နဲ့ ရနိုင်ပါတယ်။ Pro edition က aerospace grade titanium alloy နဲ့ nanocrystal ceramic တွေကို ပေါင်းစပ်ပြုလုပ်ထားတာပါ။

ဒါ့အပြင် Sports အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဂေါက်ကွင်းမြေပုံပေါင်း 15,000 ကျော်နဲ့ Free Diving Mode ပါဝင်တဲ့ ဂေါက်ကွင်းမုဒ် ကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ HUAWEI WATCH GT 5 46mm နဲ့ GT 5 Pro 46mm တို့ဟာ တစ်ခါအားသွင်းပြီးရင် 14 ရက်ကြာ အသုံးပြုနိုင်ပြီး HUAWEI WATCH GT 5 41mm နဲ့ GT 5 Pro 42mm တို့ကတော့ တစ်ကြိမ်အားသွင်းပြီးရင် ၇ ရက်ကြာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။


HUAWEI WATCH D2
HUAWEI WATCH D2 ကတော့ NMPA နဲ့ MDR က အသိအမှတ်ပြုခံရတဲ့ ကမ္ဘာ့ပထမဆုံး ဆန်းသစ်တီထွင်မှု လက်ကောက်ဝတ်အခြေခံ လူတာနင်သွေးပေါင်ချိန်စစ်ဆေးခြင်း (ABPM) ကိရိယာအဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါကတော့ HUAWEI ရဲ့ “Health Forward” ဆိုတဲ့ ကတိကဝတ်ကို ဖော်ညွှန်းတာလို့ သိရပါတယ်။
HUAWEI WATCH D2 ဟာ ကျဉ်းမြောင်းတဲ့ Mechanical Airbag နဲ့ 1.82-inch screen ကို ပေါင်းစပ်ပြီး ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ ပြုလုပ်ထားတာပါ။

HUAWEI MatePad Pro 12.2-inch
HUAWEI MatePad Pro 12.2-inch ကတော့ နောက်ဆုံးထွက်ရှိထားတဲ့ Flagships tablet ဖြစ်ပါတယ်။ တီထွင်ဖန်တီးမှုနဲ့ ထုတ်လုပ်မှုစွမ်းအားပေါ် အာရုံစိုက်ထားတဲ့ ထုတ်ကုန်လည်း ဖြစ်ပါတယ်။ PC-Like အတွဲ တစ်ခုအနေနနဲ့ HUAWEI Glide keyboard + HUAWEI M-Pencil (3rd Gen) တွဲဖက်သုံးနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ သင်ကြားရေးမှာပဲဖြစ်ဖြစ် အဆင်ပြေပြေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

HUAWEI MatePad Pro 12.2-inch ရဲ့ OLED PaperMatte Display ဟာ 2000nits Peak brightness ရှိပြီး anti-sparkle and nanoscale anti-glare etching နည်းပညာလည်း ပါဝင်တာကြောင့် ပြင်ပပတ်ဝန်းကျင် အခြေအနေတွေမှာလည်း သာမန်စက္ကူတစ်ရွက်ကို ကြည့်မြင်ရသလို ကောင်းကောင်း အသုံးပြုနိုင်တဲ့ tablet ဖြစ်ပါတယ်။

Media release: HUAWEI