ဒီနှစ်မှာ Huawei ကနေ ဖုန်းတွေအများအပြားထုတ်လုပ်ခဲ့ပြီးတော့ Flagship ဖုန်းတွေဖြစ်တဲ့ Huawei P10 ဖုန်းနဲ့ Huawei Mate 10 ဖုန်းတွေက အောင်မြင်မှုရခဲ့သလိုပဲ အလယ်အလတ်တန်းစားဖုန်းတွေဖြစ်တဲ့ Huawei Nova 2i နဲ့ Honor 7X လိုမျိုးဖုန်းတွေလည်း အောင်မြင်မှုရရှိခဲ့တယ်လို့ ပြောလို့ရပါတယ်။

အခုအချိန်မှာတော့ Huawei ကနေ နောက်နှစ်မှာထုတ်လုပ်မယ့်စမတ်ဖုန်းတွေရဲ့ Roadmap က ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်နှစ် ၂၀၁၈ ခုနှစ်မှာထုတ်လုပ်မယ့် Huawei စမတ်ဖုန်းအပါအဝင် အခြား ဘာ Product ကို ဘယ်အချိန်မှာထုတ်လုပ်မလဲဆိုတာကို တွေ့ရမှာပါ။

Huawei က အခုနှစ်စပိုင်း ပထမ ၃ လပတ်မှာတော့ Huawei Mate 10 နဲ့ Mate 10 Pro ဖုန်းတွေကို အခုထက်ပိုပြီးနေရာအနှံ့မှာရောင်းချသွားမှာဖြစ်ပြီး MAYA နဲ့ SALINA အမည်ရှိတဲ့ Mid Range စမတ်ဖုန်း ၂ လုံးကိုလည်း ထုတ်လုပ်မယ်လို့သိရပါတယ်။ ဒါ့အပြင် Huawei ရဲ့ Fitness Tracker ဖြစ်တဲ့ Huawei A2 Band ၊ Huawei ပေါင်ချိန်စက်နဲ့ 360 Camera တွေကိုပါ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

ဒုတိယ ၃ လပတ်မှာတော့ ၂၀၁၈ ခုနှစ်အတွက် Huawei ရဲ့ Flagship ဖုန်းဖြစ်လာမယ့် Huawei P11, P11 Lite နဲ့ P 11 Plus ဖုန်းတွေကို တွေ့မြင်ရမှာဖြစ်ပြီး ၂၀၁၈ နောက်ဆုံး ၃ လပတ်ကြမှ Huawei Mate 11 ကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

Huawei Honor Series ဖုန်းတွေအနေနဲ့ကတော့ နောက်နှစ် ၂၀၁၈ ခုနှစ်မှာ Honor ဖုန်းအမျိုးအစား ၄ မျိုးကို တွေ့မြင်ရမှာဖြစ်ပြီး High End ဖြစ်မလား၊ Mid Range ဖုန်းတွေဖြစ်မလားကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် Huawei ရဲ့ Fan တွေအတွက်ကတော့ အခုသတင်းက နောက်နှစ်မှာ Huawei ဖုန်းဝယ်ဖို့စိတ်ကူးနေတယ်ဆိုရင် အကျိုးရှိမှာပါ။