Huawei က အိန္ဒိယမှာ Watch GT နဲ့ Watch GT 2 စမတ်နာရီ ပိုင်ရှင်တွေအတွက် အိမ်တိုင်ယာရောက် ပြုပြင်ပေးမယ့် VIP Customer Service ကို ကြေညာလိုက်ပါတယ်။ ဒါ့အပြင် Huawei က အဲဒီ စမတ်နာရီ ၂ လုံးမှာ စက်ရုံက ထုတ်ကတည်းက ပျက်နေတာတွေနဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိရင် အာမခံ သက်တမ်း ကာလအတွင်းမှာ အခကြေးငွေ လုံးဝ ပေးစရာ မလိုဘဲ ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ အာမခံ သက်တမ်း ကျော်လွန်သွားရင်လည်း Watch GT နဲ့ GT 2(46mm) တို့အတွက် လက်ပတ်ကြိုး၊ Charging Base ၊ Back Cover ၊ Screen နဲ့ Main Board တို့ကို Huawei က လဲလှယ်ပေးမှာ ဖြစ်ပါတယ်။

Huawei က လဲလှယ်ပေးတဲ့ အစိတ်အပိုင်းတွေအတွက် ရက် ၉၀ အာမခံပေးထားပြီး Huawei ရဲ့ Support App ကနေ လဲလှယ်ပြုပြင်စားရိတ်ကို လေ့လာနိုင်ပါတယ်။

ဒါတင် မကသေးပါဘူး။ Huawei ဟာ ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက် အထိ အိန္ဒိယမှာ စမတ်ဖုန်း၊ စမတ်နာရီ၊ Headset နဲ့ Chargers တွေ အပါအဝင် ကုမ္ပဏီရဲ့ ထုတ်ကုန်တွေအတွက် အာမခံ သက်တမ်းကို တိုးမြှင့်ပေးထားပါတယ်။ အဲဒါတွေထဲမှာ ၂၀၂၀ ခုနှစ် မတ်လ ၂၁ ရက်နဲ့ ဇွန်လ ၂၁ ရက်အတွင်း အာမခံ သက်တမ်း ကုန်မယ့် ထုတ်ကုန်တွေ ပါဝင်ပါတယ်။

Ref : gsmarena