HUAWEI Consumer Business Group (CBG) သည် အသစ်ထွက်ရှိလာတဲ့ ပထမဆုံး new-generation PaperMatte နည်းပညာကို အသုံးပြုထားသည့် HUAWEI MatePad 11.5″S ကို ကြေညာပေးခဲ့ပါသည်။ HUAWEI မှ tablet များကို ၂၀၁၀ ခုနှစ်ထဲမှ စတင်ဦးဆောင်လာခဲ့ပြီး အမျိုးအစားအစုံအလင် ထုတ်လုပ်ခဲ့ပါတယ်။ ယခု နောက်ဆုံးထွက်ရှိထားတဲ့ HUAWEI MatePad 11.5″S သည် productivity tool များစွာ ပါဝင်ပြီး ပညာရှင်များပါ လုပ်ငန်းခွင် အတွက် အသုံးပြုနိုင်သည့် စွမ်းဆောင်ရည်မြင့်မားတဲ့ tablet တစ်ခု ဖြစ်ပါတယ်။ HUAWEI MatePad 11.5″S မှ “S” သည် “Super & Strong” ကို ကိုယ်စားပြုပြီး နောက်ဆုံးပေါ် နည်းပညာဖြစ်သည့် စာရွက်သားနှင့် အတူညီဆုံး နည်းပညာကို အသားပေး အဆင့်မြှင့်တင်ထားပါတယ်။ Screen size ကြီးကြီးနှင့် Screen Refresh Rate အမြင့်မားဆုံးဖြစ်တာကြောင့် အသုံးပြုသူတို့အတွက် ကြည်လင် ပြတ်သား မြန်ဆန်တဲ့ ခံစားချက်ကို ပေးစွမ်းသွားမှာဖြစ်ပါတယ်။ HUAWEI MatePad 11.5″S ကို အခြားသော HUAWEI Device တို့နှင့် ချိတ်ဆက် အသုံးပြုနိုင်ရန် အတွက် SUPER HUB ကို အသုံးပြုနိုင်ပြီး Productivity မြှင့်တင်နိုင်ရန် အလုပ်များစွာကို တစ်ချိန်ထဲ ဖွင့်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ်ထည်ကို လည်း metal ဖြင့်ပြုလုပ်ထားပြီး ပါးလွှာပေါ့ပါးသည့် အတွက် အကောင်းဆုံးခံစားချက်ကို ပေးစွမ်းသွားမှာဖြစ်ပါတယ်။

First Tablet with new-generation PaperMatte Display and anti-glare etching technology: paper-like experience

HUAWEI MatePad 11.5″S ၏ မျက်နှာပြင်သည် ၃:၂ အချိုးရှိပြီး golden ratio နှင့်ပြုလုပ်ထားသည့်- productivity tool တစ်ခုဖြစ်ပါသည်။ နည်းပညာသတ်မှတ်ချက်အရ အလွန်မြင့်မားသော Refresh rate 144 Hz နှင့် 2.8K HD resolution ရှိပြီး tablet နှင့် ပတ်သက်၍ စိတ်ဝင်စားစရာကောင်းတဲ့ အဓိက ဆန်းသစ်သောအချက်မှာ မျိုးဆက်သစ် PaperMatte နည်းပညာဖြစ်သည်။

PaperMatte နည်းပညာရဲ့ မျိုးဆက်သစ်သည် nanoscale anti-glare etching technology (အလင်းပြန်ခြင်းကို လျှော့ချသည့်နည်းပညာ) နှင့် nanoscale magnetron optical coating နည်းပညာကိုပေါင်းစပ်ထားသည်။ ဤနည်းပညာရဲ့ အခြေခံအရင်းအမြစ်တွင် Huawei သည် multi-layer diffusion technology ကိုဖြည့်စွက်ပြီးအခြားအသုံးဝင်မည့် အကောင်းဆုံးအချက်အလက်များကို ဖြည့်သွင်းအကောင်ထည်ထားခြင်းဖြစ်သည်။ ဤနည်းပညာသည်အလင်း၀ င်ရောက်မှုကို ၉၉% ကိုဖယ်ရှားနိုင်သဖြင့်တောက်ပသောအရောင်ပြသမှုနှင့်အတူ စွဲငြိဖွယ်ကောင်းသောအမြင်အာရုံအတွေ့အကြုံကိုရရှိစေပါသည်။ အသုံးပြုသူများကို မျက်စိ သက်တောင့်သက်သာရှိပြီး သက်တောင့်သက်သာဖြင့် အချိန်ကြာရှည်စွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ PaperMatte နည်းပညာကြောင့် နေရောင်ခြည်တိုက်ရိုက်ကြသည့် နေရာများတွင်သာမက မီးအလင်းရောင်များတိုက်ရိုက်ကြသည့်နေရာများတွင်ပါ အလင်းပြန်ခြင်းလုံးဝမရှိပဲ ကြည်လင်ပြတ်သားစွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။

စာအုပ်ဖတ်သကဲ့သို့ စာဖတ်ခြင်းအတွေ့အကြုံကို ပိုမိုဖန်တီးနိုင်ရန်အတွက် HUAWEI MatePad 11.5″S သည် Colour mode စနစ်ကိုထိန်းညှိပေးထားသည်။ ထို algorithm သည်မျက်နှာပြင်ရဲ့ တောက်ပမှု၊ အရောင်နှင့်အပူချိန်အကြားအရောင်ကို ညှိပေးပြီး အလင်းတန်းများကြောင့် မျက်စိ ထိခိုက်ခြင်း မရှိစေပဲ သက်တောင့်သက်သာ စာဖတ်သည့် အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါသည်။ အသုံးပြုသူများသည်ဤ mode ကိုရိုးရှင်းစွာ ဖွင့်ပြီး ရုပ်ပြစာအုပ်(သို့မဟုတ်)သတင်းစာကို ဖတ်နေသည်ဖြစ်စေ၊ စာအုပ်ဖတ်ရတဲ့ ခံစားချက်လိုမျိုး ငြိမ့်ညောင်းသောအရောင်ကိုခံစားနိုင်သည်။

အလုပ်၊ သင်ယူခြင်းနှင့် ဖျော်ဖြေရေးများအတွက် အကောင်းဆုံး အသုံးပြုနိုင်သော HUAWEI MatePad 11.5″S ရဲ့ ပြည့်စုံသောလုပ်ဆောင်နိုင်စွမ်းများအားလုံးထဲမှ အခြား tabletများ ထပ်သာလွန်သည့် မျိုးဆက်သစ်နည်းပညာ Paper Matte Display သည် စာဖတ်ခြင်းနှင့် ရေးသားခြင်းအတွေ့အကြုံမှ တစ်ဆင့် အသုံးပြုသူရဲ့ ခံစားချက်ကို မြှင့်တင်ပေးသည်။ မျက်စိသက်သာငြိမ့်ညောင်းခြင်း၊ SGS Low Visual Fatigue 2.0 Premium စွမ်းဆောင်ရည်အသိအမှတ်ပြုလက်မှတ်နှင့် TÜV Rheinland Reflection-Free Certificate အပါအ ၀ င် tablet၏မျက်လုံးနှင့် သဟဇာတဖြစ်ကြောင်း အတည်ပြုလက်မှတ်များကိုလည်းရရှိထားပါသည်။ HUAWEI MatePad 11.5 “S ပညာရှင်များ အသုံးပြုနိုင်ရန် အတွက်ရည်ရွယ်ပြီး ခေတ်မီစက္ကူနှင့်အတူညီဆုံးခံစားချက်ကို ပေး‌ဆောင်နိုင်ရန် အတွက် ရည်ရွယ်ပါသည်။

Exclusive Huawei developed apps delivers an unrivalled paper-like creativity experience

HUAWEI MatePad 11.5″S သည် စာရွက်ပေါ်မှာဖန်တီးသည့် ဖန်တီးနိုင်စွမ်းအတိုင်း ထပ်တူကြတဲ့ ခံစားမှုကို ပေးနိုင်အောင် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ မျက်နှာပြင်ရဲ့ အသားကို ထိတွေ့လိုက်ရုံဖြင် တမူထူးခြားမှု ကို ခံစားနိုင်အောင် nanostructures ထည့်သွင်းထားသည့် ဖွဲ့စည်းတည်ဆောက်ပုံကြောင့်၊ stylus နှင့်ရေးသားသောအခါ (ဥပမာ HUAWEI M-Pencil (3rd မျိုးဆက်) ), စက္ကူပေါ်တွင် ခဲတံဖြင့် ရေးသားသကဲ့သို့ နူးညံ့သိမ်မွေ့သောပွတ်တိုက်မှုကို ခံစားရမည်ဖြစ်ပါသည်။ အသုံးပြုသူများအတွက် သက်သောင့်သက်သာရှိပြီး သဘာဝဆန်သည့် ခံစားမှုကိုပေးစွမ်းနိုင်ခြင်းကြောင့် ပန်းချီပညာရှင်နှင့် ဖန်တီးသူတို့အတွက် အကောင်းဆုံး လက်ရာတို့ကို ရရှိအောင် အ‌ထောက်အပံ့ပေးသွားနိုင်မှာဖြစ်ပါသည်။

HUAWEI Notes application ကို upgrade ပြုလုပ်ထားပြီး features အသစ်များထပ်မံထည့်သွင်းထားသည့် အတွက် အသုံးပြုသူများသည် မှတ်စုမှတ်သားခြင်းနှင့် ပြန်လည်ကြည့်ရှုရာတွင် ပိုမိုအဆင်ပြေစွာကြည့်နိုင်မှာဖြစ်ပါသည်။ HUAWEI Notes မှာ ပါဝင်လာတဲ့ အပြောင်းအလဲအသစ်တစ်ခုကတော့ သင်ခန်းစာများသင်ကြားရာတွင် အထောက်အကူပြုမည့် Note replay feature ပါဝင်လာခြင်းဖြစ်သည်။ Note replay တွင် သင့်မှတ်စုနှင့် အသံများကို တချိန်ထဲတွင်မှတ်တမ်းနိုင်မှာဖြစ်ပြီး ဘာသာစကားသင်ကြားရာတွင် အသုံးတည့်ပြီး လေ့လာခြင်းကို အထောက်အပံ့ပေးနိုင်မှာဖြစ်ပါသည်။ မှတ်စုများကို a lasso selection ဖြင့် စာသားကာလာများကို စိတ်ကြိုက်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

ပရော်ဖက်ရှင်နယ် မှတ်စုမှတ်စုကိရိယာတစ်ခုအပြင် HUAWEI MatePad 11.5″S သည် Huawei ၏အသစ်စက်စက် Digital Art Application တစ်ခုဖြစ်သည့် GoPaint လည်း ပါ၀င်ပါသည်။ ထိပ်တန်းအနုပညာသင်တန်းကျောင်းများမှ ကျွမ်းကျင်သူများနှင့် Huawei 2012 Laboratories R&D အဖွဲ့များမှ ရုပ်ပိုင်းဆိုင်ရာ optics နှင့် ရုပ်ပုံဖော်ခြင်းအပါအဝင် domain ရှစ်ခုမှ ပညာရှင်များမှ GoPaint ကို ပရော်ဖက်ရှင်နယ်တို့အတွက် သီးသန့် feature တစ်ခုအဖြစ် Huawei FangTian Painting Engine ပါဝင်လာမှုကြောင့်၊ ပရော်ဖက်ရှင်နယ်အဆင့် rendering, fast compositing နှင့် storage သိုလှောင်မှုတို့ကို အကျိုးရှိစွာ စီမံအသုံးပြုနိုင်သည့် ပရော်ဖက်ရှင်နယ် Digital Art Tools ကို ကမ္ဘာတစ်ဝှမ်းရှိ Digital artists များကို ပေးစွမ်းရန် ပေါင်းစပ်ဖော်ထုတ်ခဲ့ပါသည်။ FangTian Painting Engine သည် system ပေါ်တွင် တင်ထားသော GoPaint application ဝန်အား သိသိသာသာ ပေါ့ပါးစေကာ အက်ပ်၏ storage system တွင် ထားရှိရန် တောင်းဆိုမှုကို လျှော့ချပေးပြီး ဖိုင်တစ်ခု၏ အလွှာအရေအတွက်ကို မြှင့်တင်ပေးပါသည်။ အသုံးပြုသူများ ကို နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကြောင့် ဖန်တီးနိုင်မှုစွမ်းရည်ကို မထိခိုက်စေရန် ရည်ရွယ်ပြီးဖော်ထုတ်ထားသည့် application ဖြစ်ပါသည်။

Sky-High Portable Productivity Powered by NearLink

Bluetooth ချိတ်ဆက်မှုများကို ပံ့ပိုးရန် အများအားဖြင့်အသုံးပြုသည့် time division multiplexing (TDM) scheme သည် ကွန်ရက်အမြန်နှုန်းကို မကြာခဏ အဟန့်အတားဖြစ်စေသည်။ HUAWEI MatePad 11.5″S တွင် Huawei ၏နောက်ဆုံးပေါ် anti-interference NearLink antenna technology နည်းပညာဖြင့် တပ်ဆင်ထားပြီး၊ ကွန်ရက်နှုန်းနှင့် တည်ငြိမ်မှုကို တိုးမြှင့်ပေးသည့် stylus နှင့် HUAWEI Smart Magnetic Keyboard ကြားရှိ ချန်နယ်တစ်ခုစီကို တည်ထောင်ခြင်းဖြင့် ကွန်ရက်နှုန်းနှင့် တည်ငြိမ်မှုကို မြှင့်တင်ပေးပါသည်။ Wi-Fi ချိတ်ဆက်မှုကို အနှောင့်အယှက်မဖြစ်စေဘဲ သီးသန့် ပို့ဆောင်ပေးတာကြောင့် NearLink stylus နှင့် Keyboard ဖြင့် အလုပ်လုပ်သောအခါ ပြတ်တောင်ခြင်း လုံးဝမရှိတဲ့ ဆက်သွယ်ရေး အတွေ့အကြုံကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

The smart experience and powerful performance for professionals need

HUAWEI MatePad 11.5″S သည် အသုံးပြုသူနှင့်တသားထဲ ချိတ်ဆက်နေသည့် ခံစားမှုကို ရရှိစေပြီး သင့်အလုပ်တွင် အပြည့်အ၀ အာရုံစိုက်နိုင်မှာဖြစ်ပါသည်။ Huawei’s Finnish research center မှ ပူးပေါင်းတီထွင်ထားသည့် Wi-Fi 6 အဆင့်မြှင့်တင်မှုနည်းပညာ နောက်ဆုံးပေါ်အင်တင်နာစနစ်ဖြင့် ဆန်းသစ်တီထွင်ထားခြင်းကြောင့် လိုင်းစွဲအောင်းကောင်းမွန်ပြီး ချောမွေ့မြန်ဆန် စိတ်ချရသောကြိုးမဲ့စနစ်ကို ထုတ်ပေးပါသည်။ ပြင်းထန်သောသတ္တုကြားခံများ ရှိသည့်နေရာများတွင်ပင် လိုင်းစွဲအားကောင်းမွန်သော အတွေ့အကြုံရှိနိုင်သည်။

Huawei သည် ၎င်း၏ Super Device concept ကို မိတ်ဆက်ပြီးချိန်မှစ၍ MatePad စီးရီးတွင် အလုပ်နှင့် လေ့လာမှုအတွက် အသုံးပြုသူများအဆင်ပြေအောင် ပေးစွမ်းနိုင်ခဲ့သည်။ ဖုန်း၊ တီဗီ၊ မော်နီတာ(သို့မဟု)တ် PC ဖြင့် MatePad ကိုချိတ်ဆက်ပြီး အသုံးပြုခြင်းအတွေ့အကြုံကို မြှင့်တင်ပေးသည့် Multi-Window၊ Show Comments နှင့် SuperHub။ Super Device ဖြင့်၊ HUAWEI MatePad 11.5″S တွင် သုံးစွဲသူများ၏ အလုပ်၊ လေ့လာမှု၊ လူမှုရေး၊ မှတ်စုမှတ်သားခြင်း နှင့် ဖျော်ဖြေရေး လိုအပ်ချက်များကို အခြားဒီဂျစ်တယ်စက်ပစ္စည်းများနှင့် အလွယ်ကူဆုံး အပြန်အလှန်ပေးပို့နိုင်မှာဖြစ်ပါသည်။

မှတ်စုများကို ဓာတ်ပုံရိုက်ရန်၊ အွန်လိုင်းသင်တန်းများတက်ရန် သို့မဟုတ် ဓါတ်ပုံရိုက်ကူးရန်ဖြစ်စေ HUAWEI MatePad 11.5″S တွင် 8MP ရှေ့ကင်မရာနှင့် 13MP အနောက်ကင်မရာတို့ တပ်ဆင်ထားပါသည်။ ဤအရည်အသွေးမြင့်ကင်မရာများသည် သင်လိုအပ်သည့်အရာများကို ရိုက်ကူးသိမ်းဆည်းနိုင်မှာ ဖြစ်ပါသည်။ HUAWEI MatePad 11.5″S သည် ၎င်း၏ဆန်းသစ်သော multi-driver array စပီကာဖြင့် သင်၏သင်ယူမှုနှင့် ဖျော်ဖြေမှုကို အကောင်းဆုံး အထောက်အပံ့ပေးပါသည်။ အဆင့်မြှင့်ထားသော Histen 9.0 အသံ အယ်လဂိုရီသမ်နှင့် တွဲထားသည့် အားကောင်းသည့် speaker စနစ်ထည့်သွင်းမှုသည် အသေးစိတ်ကျသော အသံထွက် ကို ထုတ်ပေးသည်။ speaker သည် အသံပရိုဖိုင်များကို အလိုအလျောက်ချိန်ညှိပေးကာ သင့်ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေသည်။

HUAWEI MatePad 11.5″S တွင်အသုံးပြုသည့် dual-cell ဘက်ထရီနည်းပညာသည် ဆက်တိုက် မရပ်မနား မာရသွန် ဖန်တီးမှုပြုလုပ် နိုင်မှာဖြစ်သည်။ ဤနည်းပညာသည် မတူညီသောစွမ်းရည်နှင့် အရွယ်အစားရှိဘက်ထရီ cell နှစ်ခုကို အပြိုင်ချိတ်ဆက်ပေးပါသည်။ 8800 mAh ဘက်ထရီ၏ တစ်ခုစီကို သီးခြားစီ ချိန်ညှိထားပြီး၊ matepad ရဲ့လုပ်ဆောင်မှုအား တိကျစွာ ထိန်းချုပ်နိုင်သောကြောင့် ဘက်ထရီ ပမာဏ 16% တိုးလာကာ အလုပ် သို့မဟုတ် စာသင်ချိန်များတွင် ကြာရှည်စွာ အသုံးပြုသွားနိုင်မည်ဖြစ်သည်။

HUAWEI MatePad 11.5″S အသစ်သည် မျိုးဆက်သစ် PaperMatte Display ဖန်သားပြင်ကို ထည့်သွင်းအသုံးပြုထားပြီး ကြည်လင်ပြတ်သားမှု၊ မျက်လုံးသက်တောင့်သက်သာရှိမှုနှင့် စာရွက်နှင့်တူသော အတွေ့အကြုံကို ပေးစွမ်းသည်။ ၎င်းသည် စက္ကူပေါ်မှာ ဖန်တီးရသလို ရသကိုပေးစွမ်းပြီး ဖန်တီးမှုလက်ရာများကို ပိုမိုအထောက်အကူပြုစေပါသည်။

Media release: Huawei