HUAWEI Consumer Business Group (CB) သည် HUAWEI APAC Smart Office Launch 2022 ကို ထိုင်းနိုင်ငံတွင်ကျင်းပခဲ့ပြီး HUAWEI MateBook X Pro၊ HUAWEI MatePad Pro 11၊ HUAWEI MateBook 16s အပါအဝင် HUAWEI MateBook D 16, HUAWEI MateView SE, HUAWEI FreeBuds Pro 2, HUAWEI WiFi Mesh3၊ AX3 Pro HUAWEI Stylish Backpack နှင့် HUAWEI ကြိုးမဲ့ Mouse တို့အား မိတ်ဆက်ခဲ့သည်။

Huawei Device Asia Pacific ၏ President ဖြစ်သူ Louie Lyu မှ “Huawei သည်ထုတ်ကုန်အမျိုးမျိုးကို ချိတ်ဆက်ရန်နှင့် Smart Office, Fitness & Health, Entertainment, Smart Home နှင့် Easy Travel အပါအ၀င် Scenario ၅ ခုကိုပိုမိုကောင်းမွန်စွာ ၀န်ဆောင်မှုပေးရန် 1 + 8 + N အယူအဆကိုအဓိကထားပြီး စားသုံးသူကို ဦးစားပေးအဖြစ် ဆက်လက်ထားရှိမည်” ဟု အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်မှစ၍ Huawei သည် အဓိကစွမ်းရည်နှစ်ခုဖြစ်သော Cross-device ပူးပေါင်းမှုနှင့် Ecosystem ပေါင်းစည်းခြင်းအပေါ် အခြေခံ၍ အားလုံးပါ၀င်သည့် Smart Office Framework တစ်ခုကို တည်ဆောက်ခဲ့သည်။ ၎င်းသည် Drag-to-Connect လုပ်ဆောင်နိုင်စွမ်းကို အခြားစက်ပစ္စည်းများစွာတွင် တိုးချဲ့လုပ်ဆောင်နိုင်လာစေပြီး အပြန်အလှန်ဆက်သွယ်ခြင်းလုပ်ငန်းစဉ်ကို လွယ်ကူစေသည်။ ထို့အပြင် ၁၅၀၀၀ ထက်ပိုသော မိုဘိုင်း အက်ပလီကေးရှင်းများကို PC တွင် အသုံးပြုနိုင်ရန် HUAWEI Mobile App Engine platform ကိုလည်းမိတ်ဆက်ခဲ့ပြီး “Boundless Creation, Seamless Communication” ဆိုသည့် Huawei ၏ Vision နှင့်လည်းပိုမိုနီးစပ်စေသည်။ Huawei Consumer BG ၏အမှုဆောင်အရာရှိချုပ် Yu Chengdong (Richard Yu) က “အာရှပစိဖိတ်စျေးကွက်သည် Huawei အတွက်အရေးကြီးဆုံးဒေသတစ်ခုဖြစ်ပြီး သုံးစွဲသူများ၏ နေ့စဉ်ဘဝကိုမြှင့်တင်ရန် ဆန်းသစ်သောထုတ်ကုန်များအား ထုတ်လုပ်ရန် Huawei အနေဖြင့်အမြဲတမ်းကတိပြုထားသည်” ဟုပြောကြားခဲ့သည်။

HUAWEI MateView SE: အလုပ်လုပ်ရာနှင့် လေ့လာသင်ယူရာတွင် မျက်လုံးကာကွယ်မှုပေးနိုင်ပြီး စုံလင်သော အရောင်အသွေးတို့ ကြည့်ရှုနိုင်သည့် မော်နီတာ

HUAWEI MateView SE တွင် 23.8 လက်မ Display ပါဝင်ပြီး 92% Screen-to-body ရှိသည့်အတွက် အလုပ်လုပ်ရာနှင့် လေ့လာသင်ယူရာတွင် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်မည်ဖြစ်သည်။ 90% P3 color gamut နှင့် 100% sRGB color gamut တို့ပါဝင်သည့်အတွက်အကောင်းဆုံးအတွေ့အကြုံများကို ခံစားရစေမည်ဖြစ်သည်။ မျက်နှာပြင်၏ အရောင်တိကျမှုစံနှုန်း △E < 2 နှင့်ကိုက်ညီစေရန် HUAWEI MateView SE တစ်ခုချင်းစီအား ထိန်းညှိထုတ်လုပ် ပေးထားသည်။

Monitor တွင်ပါဝင်သော eBook Mode အားဖွင့်ထားပါက ထူးခြားသော ink-on-paper effect ကို ထုတ်လုပ်ပေးပြီး ရေရှည်တည်းဖြတ်မှုများပြုလုပ်နိုင်စေသည်။ မျက်နှာပြင်သည် TÜV Rheinland Low Blue Light နှင့် Flicker-free အသိအမှတ်ပြုလက်မှတ်များအပြင် SGS မှထုတ်ပေးသောပထမဆုံး အမြင်အာရုံပင်ပန်းနွမ်းနယ်မှုအား လျော့ချပေးနိုင်သည့် အသိအမှတ်ပြုလက်မှတ်ကိုရရှိခဲ့သည်။

HUAWEI FreeBuds Pro 2

HUAWEI FreeBuds Pro 2 EarBuds တွင်နောက်ဆုံးပေါ် TWS အရည်အသွေးများကိုထည့်သွင်းထားပြီး Ultra-hearing dual-driver sound system နှင့် ဒစ်ဂျစ်တယ်နည်းပညာတို့ ထည့်သွင်းထားသည့်အတွက် ပိုမိုကောင်းမွန်သော Bass အသံများကိုနားဆင်နိုင်မည်ဖြစ်သည်။ HUAWEI FreeBuds Pro2 မှHWA နှင့် Hi-Res Wireless Dual HD Audio လက်မှတ်တို့ကိုလည်း ရရှိထားပါသည်။

အသံအရည်အသွေးအပြင် HUAWEI FreeBuds Pro 2 တွင် TWS Noise cancellation စံနှုန်းအသစ်များကိုလည်း ထည့်သွင်းပေးထားသည်။ 4-Mic Call Noise Cancelation စနစ်နှင့် Huawei Exclusive deep neural network (DNN) noise cancellation algorithm တို့ပါဝင်သည့်အတွက် Pure Voice ဟုခေါ်သော Noise Cancellation Feature အသစ်သည် အသံခေါ်ဆိုမှု အရည်အသွေးကိုတိုးတက်စေသည်။ တစ်ချိန်တည်းမှာပင် HUAWEI FreeBuds Pro 2 ကို Devialet နှင့် တွဲထုတ်ထားသည့်အတွက် ပြီးပြည့်စုံသော နည်းပညာတို့အားချိန်ခွင်လျှာထိန်းညှိပေးစေသည်။


HUAWEI သုံးစွဲသူများအတွက် ဝန်ဆောင်မှုပေးမည့် HUAWEI Service Carnival အား ဇူလိုင်လ ၁၅ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ပြီး အပိုပစ္စည်းလဲလှယ်ပါက ၄၀% အထိအထူးလျှော့စျေးရရှိမည့်အပြင် သတ်မှတ်ထားသော Smart Phone Model များအား ရှေ့မှန်သားပြင်လဲလှယ်ပါက နောက်မျက်နှာပြင်အဖုံး အခမဲ့လဲလှယ်နိုင်မည်ဖြစ်သည်။ ပြုပြင်လိုက်သော အပိုပစ္စည်းများအတွက်လည်း ရက်၉၀ အာမခံရရှိမည့်အပြင် စိတ်ကြိုက်ဒီဇိုင်းကိုဖန်တီးရွေးချယ်နိုင်မည့် ဖလင်ကိုဝယ်ယူပါက ၂၀% လျှော့စျေးရရှိမည်ဖြစ်သည်။ HUAWEI Service Carnival ပါဝင်ဆင်နွှဲရန်အတွက် ဝန်ဆောင်မှုစင်တာကိုလာရောက်ပါကလည်း 50GB Cloud Storage အခမဲ့ရရှိမည်ဖြစ်သည်။

AppGallery သည် Huawei အသုံးပြုသူ ၅၈၀ သန်းနှင့်အထက်အား၀န်ဆောင်မှုပေးနေပြီး HUAWEI Mobile Services သည် လစဉ် All-scenario smart ecosystem အသုံးပြုသောထုတ်ကုန်ပေါင်း ၇၃၀ သန်းနှင့် ချိတ်ဆက်ထုတ်ကုန်ပေါင်း ၁ ဘီလီယံကျော်အထိဝန်ဆောင်မှုပေးနေသည်။ အသုံးပြုသူများသည် nova Y90၊ HUAWEI MatePad Pro 11 နှင့် HUAWEI MateBook X Pro ရှိ AppGallery မှတစ်ဆင့်အချိန်မရွေး၊ နေရာမရွေးနောက်ထပ် Cross-Device ဆက်သွယ်မှုကိုလေ့လာနိုင်သည်။ Huawei Mobile Cloud သည် Cloud Backup၊ Auto-sync Devices နှင့် Find Device များကိုထောက်ပံ့နိုင်ပြီး အသုံးပြုသူများသည် Petal Search, Petal Maps, MyHuawei စသည်ဖြင့်ပိုမိုလေ့လာနိုင်သည်။ Grab မှ Senior Manager, Group BD & Partnership ဖြစ်သူ Hazel Chen သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ Huawei နှင့်လက်တွဲခဲ့မှုအကြောင်း မျှဝေရန် HUAWEI APAC Smart Office Launch 2022 အားတက်ရောက်ခဲ့သည်။ နောက်တစ်နှစ်အကြာတွင် Grab သည် Huawei ၏ App Development စွမ်းရည်များဖြစ်သည့် HMS Core Kits နှင့် ပေါင်းစပ်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် AppGallery တွင် ပါဝင်ခဲ့သည်။

Press Release – HUAWEI