[Zawgyi]

(ဘာစီလိုနာ၊ စပိန္၊ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၅ ရက္) – စီးပြားျဖစ္ 5Gစနစ္တြင္ ၎၏ထူးခြၽန္ေျပာင္ေျမာက္သည့္ လုပ္ေဆာင္ခ်က္မ်ားႏွင့္ အလုံးစုံခ်ိတ္ဆက္ႏိုင္သည့္ 5G နည္းပညာနယ္ပယ္ျမႇင့္တင္ျခင္းတို႔ေၾကာင့္ ဘာစီလိုနာ၌ က်င္းပသည့္ GTI ဆုေပးပြဲအခမ္းအနားတြင္ “ေဈးကြက္ခ်ဲ႕ထြင္မႈဆိုင္ရာဆု” ကို Huaweiမွ လက္ခံရရွိခဲ့သည္။

Marketing Operations of Huawei Wireless Network ၏ အႀကီးအကဲ Kevin Xu (ဝဲ) မွ ဆုလက္ခံေနစဥ္

၂၀၁၈ ခုႏွစ္တြင္ Huawei က 3GPP အဆင့္၏ အရွိန္အဟုန္ကို ဆက္လက္ထိန္းသိမ္းထားၿပီး ပင္မကြန္ရက္၊ ေဒတာပို႔ေဆာင္ေရးလမ္းေၾကာင္းကြန္ရက္၊ 5G LampSite ႏွင့္ 5G CPE တို႔ ပါဝင္ေသာ ၎၏ အလုံးစုံ ခ်ိတ္ဆက္အသုံးျပဳႏိုင္သည့္ ေဈးကြက္အႀကိဳ 5G စနစ္ကို စတင္မိတ္ဆက္ခဲ့သည္။ Huawei က ဟန္က်ိဳး၊ ရွန္းက်န္း၊ ဆိုးလ္၊ မီလန္ ႏွင့္ ဘာလင္ၿမိဳ႕မ်ားတြင္ ပဏာမကြန္ရက္မ်ားကို ထပ္မံတည္ေဆာက္ခဲ့ၿပီး စမ္းသပ္ရရွိ ေသာအခ်က္အလက္မ်ားက Huawei ၏ နည္းပညာသည္ နယ္ပယ္တြင္းရွိအျခားေသာ ကုမၸဏီမ်ားထက္ ၁၂လ မွ ၁၈လ အထိ ေရွ႕သို႔ေရာက္ေနသည္ကို ေဖာ္ျပေနသျဖင့္ လက္ေတြ႕အသုံးခ်နယ္ပယ္တြင္ ကြန္ရက္မ်ားကို စဥ္ဆက္မျပတ္ ဆက္လက္တည္ေဆာက္ႏိုင္ခဲ့သည္။

လက္ရွိအခ်ိန္တြင္ Huawei သည္ စီးပြားျဖစ္ 5Gက႑တြင္ မိတ္ဖက္အဖြဲ႕အစည္းေပါင္း (၅၀) ေက်ာ္ႏွင့္ ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိၿပီး ကမာၻ႔မိတ္ဖက္အမ်ားဆုံးအျဖစ္ ပထမအဆင့္တြင္ ရပ္တည္လ်က္ရွိသည္။ Huawei သည္ စီးပြားျဖစ္ 5G စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္မႈတြင္လည္း စာခ်ဳပ္ေပါင္း (၃၀) ေက်ာ္ျဖင့္ ကမာၻ႔အမ်ားဆုံးျဖစ္သည္။ ထို႔အျပင္ စီးပြားျဖစ္အသုံးျပဳရန္ 5Gအေျခစိုက္စခန္းေပါင္း(၄၀,၀၀၀)ေက်ာ္ကိုလည္း ကမာၻအႏွံ႔တြင္ တည္ေဆာက္ထား သည္။

Huawei သည္ GTI ၏ အမာခံေထာက္ပံ့သူတစ္ဦးလည္း ျဖစ္သည္။ GTI က TD-LTE ကြန္ရက္စီးပြားျဖစ္အသုံး ျပဳႏိုင္သည္အထိ တိုးတက္ဖြံ႕ၿဖိဳးလာေရး၊ ကမာၻ႔လုပ္ငန္းအားလုံး5Gအသုံးျပဳေရး ႏွင့္ နယ္ပယ္အခ်င္းခ်င္းအျပန္ အလွန္အက်ိဳးျပဳႏိုင္သည့္ဆန္းသစ္တီထြင္မႈမ်ား ဖန္တီးႏိုင္ေရးအတြက္ ကတိကဝတ္ျပဳထားသည္။ Huawei က အလုံးစုံခ်ိတ္ဆက္အသုံးျပဳႏိုင္ေသာ 5G နည္းပညာနယ္ပယ္အေျခတက်ျဖစ္လာေရး၊ 5G စီးပြားျဖစ္အသုံးျပဳမႈ ျမႇင့္တင္ေရးတို႔ကို အရွိန္အဟုန္ျမင့္လာေစရန္ GTI ႏွင့္အတူ အျခားေသာကမာၻအႏွံ႔မွ မိတ္ဖက္မ်ားႏွင့္ ပူးေပါင္း ကာ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး 5G ၏ ထူးျခားေကာင္းမြန္ေသာအေတြ႕အႀကဳံမ်ားကို သုံးစြဲသူမ်ားႏွင့္ လုပ္ငန္းမ်ား သို႔ ေပးအပ္ႏိုင္မည္ ျဖစ္သည္။

GTI အေၾကာင္း
GTI ကို Bharti Airtel၊ China Mobile၊ Sprint (Clearwire)၊ SoftBank Mobile ႏွင့္ Vodafone တုိ႔မွ အားေကာင္းေသာ TD-LTE ေဂဟစနစ္တည္ေဆာက္ေရး၊ TD-LTE စီးပြားျဖစ္အသံုးျပဳမႈျမွင့္တင္ျခင္း၊ ႏွင့္ LTE TDD ႏွင့္ FDD ေပါင္းစည္းျခင္းကို ျမွင္တင္ေရး ရည္ရြယ္ခ်က္မ်ားျဖင့္ ၂၀၁၁ ခုႏွစ္၌ ဘာစီလိုနာတြင္ စတင္ဖြဲ႕ စည္းခဲ့သည္။ ၂၀၁၆ ခုႏွစ္တြင္ 4G ကြန္ရက္တိုးတက္ေရး၊ ကမၻာ့ေစ်းကြက္ခ်ဲ႕ထြင္ေရး၊ 5G နည္းပညာဖြံ႕ၿဖိဳးမႈျမွင့္ တင္ေရးႏွင့္ နယ္ပယ္မ်ားအျပန္အလွန္အက်ိဳးရွိမည့္ဆန္းသစ္တီထြင္မႈမ်ားဖန္တီးေရး ရည္ရြယ္ခ်က္မ်ားျဖင့္ ဘာစီလိုနာၿမိဳ႕တြင္ က်င္းပသည့္ MWD 2016 ပြဲ၏ GTI summit 2016 တြင္ GTI 2.0 ကို တရားဝင္မိတ္ဆက္ ႏိုင္ခဲ့သည္။ ႏွစ္ေပါင္းမ်ားစြာ အတူတကြေဆာင္ရြက္လာျခင္း၏ အက်ိဳးရလာဒ္အျဖစ္ GTI သည္ ေအာ္ပေရတာ (၁၃၄) ခု ႏွင့္ နည္းပညာေထာက္ပ့ံသူ (၂၀၇) ဦးတုိ႔ ပါဝင္သည့္ ၾသဇာႀကီးမားသည့္ ကမၻာ့အဖြဲ႕အစည္းတစ္ခု ျဖစ္လာခဲ့သည္။

MWC 2019
MWC 2019 ကို ေဖေဖာ္ဝါရီ ၂၅ ရက္မွ ၂၈ ရက္အထိ စပိန္ႏိုင္ငံ ဘာစီလိုနာျမိဳ႔တြင္ က်င္းပသည္။ Huawei က ၎၏ ထုတ္ကုန္ႏွင့္နည္းပညာမ်ားကို Fira Gran Via ခန္းမ (၁) ရွိ booth အမွတ္ 1H50၊ ခန္းမ (၃) ရွိ booth 3I30၊ ခန္းမ (၄) ရွိ Innovation City zone ႏွင့္ ခန္းမ (၇) ရိွ booth အမွတ္ 7C21 ႏွင့္ 7C31 တို႔တြင္ ျပသ သြားမည္ ျဖစ္သည္။ ပိုမိုျပည့္စံုစြာသိရွိလိုပါက http://www.huawei.com/mwc2019/ တြင္ ဝင္ေရာက္ေလ့ လာႏိုင္ပါသည္။

Source – Huawei

[Unicode]

5G လုပ်ဆောင်ချက်များကြောင့် Huawei ကုမ္ပဏီအား GTI က “ဈေးကွက်ချဲ့ထွင်မှုဆိုင်ရာ” ဆုချီမြှင့်

(ဘာစီလိုနာ၊ စပိန်၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်) – စီးပွားဖြစ် 5Gစနစ်တွင် ၎င်း၏ထူးချွန်ပြောင်မြောက်သည့် လုပ်ဆောင်ချက်များနှင့် အလုံးစုံချိတ်ဆက်နိုင်သည့် 5G နည်းပညာနယ်ပယ်မြှင့်တင်ခြင်းတို့ကြောင့် ဘာစီလိုနာ၌ ကျင်းပသည့် GTI ဆုပေးပွဲအခမ်းအနားတွင် “ဈေးကွက်ချဲ့ထွင်မှုဆိုင်ရာဆု” ကို Huaweiမှ လက်ခံရရှိခဲ့သည်။

Marketing Operations of Huawei Wireless Network ၏ အကြီးအကဲ Kevin Xu (ဝဲ) မှ ဆုလက်ခံနေစဉ်

၂၀၁၈ ခုနှစ်တွင် Huawei က 3GPP အဆင့်၏ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားပြီး ပင်မကွန်ရက်၊ ဒေတာပို့ဆောင်ရေးလမ်းကြောင်းကွန်ရက်၊ 5G LampSite နှင့် 5G CPE တို့ ပါဝင်သော ၎င်း၏ အလုံးစုံ ချိတ်ဆက်အသုံးပြုနိုင်သည့် ဈေးကွက်အကြို 5G စနစ်ကို စတင်မိတ်ဆက်ခဲ့သည်။ Huawei က ဟန်ကျိုး၊ ရှန်းကျန်း၊ ဆိုးလ်၊ မီလန် နှင့် ဘာလင်မြို့များတွင် ပဏာမကွန်ရက်များကို ထပ်မံတည်ဆောက်ခဲ့ပြီး စမ်းသပ်ရရှိ သောအချက်အလက်များက Huawei ၏ နည်းပညာသည် နယ်ပယ်တွင်းရှိအခြားသော ကုမ္ပဏီများထက် ၁၂လ မှ ၁၈လ အထိ ရှေ့သို့ရောက်နေသည်ကို ဖော်ပြနေသဖြင့် လက်တွေ့အသုံးချနယ်ပယ်တွင် ကွန်ရက်များကို စဉ်ဆက်မပြတ် ဆက်လက်တည်ဆောက်နိုင်ခဲ့သည်။

လက်ရှိအချိန်တွင် Huawei သည် စီးပွားဖြစ် 5Gကဏ္ဍတွင် မိတ်ဖက်အဖွဲ့အစည်းပေါင်း (၅၀) ကျော်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့မိတ်ဖက်အများဆုံးအဖြစ် ပထမအဆင့်တွင် ရပ်တည်လျက်ရှိသည်။ Huawei သည် စီးပွားဖြစ် 5G စာချုပ်ချုပ်ဆိုနိုင်မှုတွင်လည်း စာချုပ်ပေါင်း (၃၀) ကျော်ဖြင့် ကမ္ဘာ့အများဆုံးဖြစ်သည်။ ထို့အပြင် စီးပွားဖြစ်အသုံးပြုရန် 5Gအခြေစိုက်စခန်းပေါင်း(၄၀,၀၀၀)ကျော်ကိုလည်း ကမ္ဘာအနှံ့တွင် တည်ဆောက်ထား သည်။

Huawei သည် GTI ၏ အမာခံထောက်ပံ့သူတစ်ဦးလည်း ဖြစ်သည်။ GTI က TD-LTE ကွန်ရက်စီးပွားဖြစ်အသုံး ပြုနိုင်သည်အထိ တိုးတက်ဖွံ့ဖြိုးလာရေး၊ ကမ္ဘာ့လုပ်ငန်းအားလုံး5Gအသုံးပြုရေး နှင့် နယ်ပယ်အချင်းချင်းအပြန် အလှန်အကျိုးပြုနိုင်သည့်ဆန်းသစ်တီထွင်မှုများ ဖန်တီးနိုင်ရေးအတွက် ကတိကဝတ်ပြုထားသည်။ Huawei က အလုံးစုံချိတ်ဆက်အသုံးပြုနိုင်သော 5G နည်းပညာနယ်ပယ်အခြေတကျဖြစ်လာရေး၊ 5G စီးပွားဖြစ်အသုံးပြုမှု မြှင့်တင်ရေးတို့ကို အရှိန်အဟုန်မြင့်လာစေရန် GTI နှင့်အတူ အခြားသောကမ္ဘာအနှံ့မှ မိတ်ဖက်များနှင့် ပူးပေါင်း ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး 5G ၏ ထူးခြားကောင်းမွန်သောအတွေ့အကြုံများကို သုံးစွဲသူများနှင့် လုပ်ငန်းများ သို့ ပေးအပ်နိုင်မည် ဖြစ်သည်။

GTI အကြောင်း
GTI ကို Bharti Airtel၊ China Mobile၊ Sprint (Clearwire)၊ SoftBank Mobile နှင့် Vodafone တို့မှ အားကောင်းသော TD-LTE ဂေဟစနစ်တည်ဆောက်ရေး၊ TD-LTE စီးပွားဖြစ်အသုံးပြုမှုမြှင့်တင်ခြင်း၊ နှင့် LTE TDD နှင့် FDD ပေါင်းစည်းခြင်းကို မြှင်တင်ရေး ရည်ရွယ်ချက်များဖြင့် ၂၀၁၁ ခုနှစ်၌ ဘာစီလိုနာတွင် စတင်ဖွဲ့ စည်းခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် 4G ကွန်ရက်တိုးတက်ရေး၊ ကမ္ဘာ့ဈေးကွက်ချဲ့ထွင်ရေး၊ 5G နည်းပညာဖွံ့ဖြိုးမှုမြှင့် တင်ရေးနှင့် နယ်ပယ်များအပြန်အလှန်အကျိုးရှိမည့်ဆန်းသစ်တီထွင်မှုများဖန်တီးရေး ရည်ရွယ်ချက်များဖြင့် ဘာစီလိုနာမြို့တွင် ကျင်းပသည့် MWD 2016 ပွဲ၏ GTI summit 2016 တွင် GTI 2.0 ကို တရားဝင်မိတ်ဆက် နိုင်ခဲ့သည်။ နှစ်ပေါင်းများစွာ အတူတကွဆောင်ရွက်လာခြင်း၏ အကျိုးရလာဒ်အဖြစ် GTI သည် အော်ပရေတာ (၁၃၄) ခု နှင့် နည်းပညာထောက်ပံ့သူ (၂၀၇) ဦးတို့ ပါဝင်သည့် သြဇာကြီးမားသည့် ကမ္ဘာ့အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။

MWC 2019
MWC 2019 ကို ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပသည်။ Huawei က ၎င်း၏ ထုတ်ကုန်နှင့်နည်းပညာများကို Fira Gran Via ခန်းမ (၁) ရှိ booth အမှတ် 1H50၊ ခန်းမ (၃) ရှိ booth 3I30၊ ခန်းမ (၄) ရှိ Innovation City zone နှင့် ခန်းမ (၇) ရှိ booth အမှတ် 7C21 နှင့် 7C31 တို့တွင် ပြသ သွားမည် ဖြစ်သည်။ ပိုမိုပြည့်စုံစွာသိရှိလိုပါက http://www.huawei.com/mwc2019/ တွင် ဝင်ရောက်လေ့ လာနိုင်ပါသည်။