[Zawgyi]

၂၀၁၉ခုႏွစ္ ေမလဟာ Huawei အတြက္ ကံဆိုးမိုးေမွာင္ က်တဲ့ လ တစ္လလို႔ ေျပာရမွာပါ။ အေမရိကန္ ကုန္သြယ္ေရးဌာနက Huawei ကို Entity List (Blacklist) နာမည္ပ်က္စာရင္းသြင္းၿပီးေနာက္ပိုင္း Huawei ရဲ႕ အနာဂတ္ မီးတိုင္ေတြဟာ တစ္တိုင္ၿပီး တစ္တိုင္ ေမွးမွိန္လာခဲ့ရပါတယ္။

Huawei – US ျပႆနာေတြကို အက်ဥ္းခ်ဴပ္အေနနဲ႔ ျပန္ေျပာရမယ္ဆိုရင္ Huawei ကို ဦးစြာ အဆက္ျဖတ္သြားသူကေတာ့ အေမရိကန္ ကုမၸဏီႀကီး Google ပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ Intel, Qualcomm, Arm , SD Association နဲ႔ Wi-Fi Alliance တို႔ကပါ Huawei နဲ႔အတူ အလုပ္ မလုပ္ေတာ့ဘူးဆိုတဲ့ ဝမ္းနည္းစရာသတင္းေတြဟာ ဆက္တိုက္ဆိုသလို ထပ္မံ ထြက္ေပၚလာခဲ့ပါတယ္။ လက္ရွိအေျခအေနေတြအရ Huawei ရဲ႕ အနာဂါတ္ဟာ မလွပေတာ့ဘူးလို႔ လူေျပာမ်ားေနၾကေပမယ့္ အေမရိကန္ အာဏာပိုင္ေတြက ေပးအပ္ထားတဲ့ ရက္ ၉၀ဆိုတဲ့ ယာယီလိုင္စင္ႀကီး ရွိေနပါေသးတယ္။ ဒါ့ေၾကာင့္ ဒီ ၃လအတြင္းမွာ Huawei ရဲ႕ အနာဂါတ္ဟာ တမ်ိဴးတဖုံေျပာင္းလဲသြားႏိုင္ပါေသးတယ္။

တစ္ဖက္မွာလည္း Huawei အေနနဲ႔ အခုလိုျဖစ္ပြားလာမယ့္ ျပႆနာေတြကို ႀကိဳေတြးၿပီး Plan B (Back up Plan) ေတြ လုပ္ထားတာ ရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ၂၀၁၈ခုႏွစ္တုန္းက တဟုန္းဟုန္းေတာက္ၿပီး ေအာင္ျမင္လာခဲ့တဲ့ Huawei ရဲ႕ စီးပြားေရးကို အနည္းနဲ႔အမ်ား ထိခိုက္သြားေစတာေတာ့ အမွန္ပါပဲ။ ဒါ့ေၾကာင့္ လက္ရွိျဖစ္ပြားေနတဲ့ ျပႆနာေတြဟာ Huawei အေပၚ သင့္တင့္မွ်တမႈ ရွိပါသလား ဒါမွမဟုတ္ အေမရိကန္ေတြရဲ႕ ပိတ္ပင္မႈက Huawei နဲ႔ ထိုက္တန္ပါသလား ဆိုတာကို ကြၽန္ေတာ္တို႔ MyTech Myanmar ပရိတ္သတ္ႀကီးအေနနဲ႔ အပန္းမႀကီးဘူးဆိုရင္ ေျဖၾကားသြားေပးပါဦး။

Ref : Android Authority

[Unicode]

အမေရိကန်က Huawei ကို Ban တာဟာ သင့်တင့်မျှတမှု ရှိပါသလား ?

၂၀၁၉ခုနှစ် မေလဟာ Huawei အတွက် ကံဆိုးမိုးမှောင် ကျတဲ့ လ တစ်လလို့ ပြောရမှာပါ။ အမေရိကန် ကုန်သွယ်ရေးဌာနက Huawei ကို Entity List (Blacklist) နာမည်ပျက်စာရင်းသွင်းပြီးနောက်ပိုင်း Huawei ရဲ့ အနာဂတ် မီးတိုင်တွေဟာ တစ်တိုင်ပြီး တစ်တိုင် မှေးမှိန်လာခဲ့ရပါတယ်။

Huawei – US ပြဿနာတွေကို အကျဥ်းချူပ်အနေနဲ့ ပြန်ပြောရမယ်ဆိုရင် Huawei ကို ဦးစွာ အဆက်ဖြတ်သွားသူကတော့ အမေရိကန် ကုမ္ပဏီကြီး Google ပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက် Intel, Qualcomm, Arm , SD Association နဲ့ Wi-Fi Alliance တို့ကပါ Huawei နဲ့အတူ အလုပ် မလုပ်တော့ဘူးဆိုတဲ့ ဝမ်းနည်းစရာသတင်းတွေဟာ ဆက်တိုက်ဆိုသလို ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိအခြေအနေတွေအရ Huawei ရဲ့ အနာဂါတ်ဟာ မလှပတော့ဘူးလို့ လူပြောများနေကြပေမယ့် အမေရိကန် အာဏာပိုင်တွေက ပေးအပ်ထားတဲ့ ရက် ၉၀ဆိုတဲ့ ယာယီလိုင်စင်ကြီး ရှိနေပါသေးတယ်။ ဒါ့ကြောင့် ဒီ ၃လအတွင်းမှာ Huawei ရဲ့ အနာဂါတ်ဟာ တမျိူးတဖုံပြောင်းလဲသွားနိုင်ပါသေးတယ်။

တစ်ဖက်မှာလည်း Huawei အနေနဲ့ အခုလိုဖြစ်ပွားလာမယ့် ပြဿနာတွေကို ကြိုတွေးပြီး Plan B (Back up Plan) တွေ လုပ်ထားတာ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၂၀၁၈ခုနှစ်တုန်းက တဟုန်းဟုန်းတောက်ပြီး အောင်မြင်လာခဲ့တဲ့ Huawei ရဲ့ စီးပွားရေးကို အနည်းနဲ့အများ ထိခိုက်သွားစေတာတော့ အမှန်ပါပဲ။ ဒါ့ကြောင့် လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ Huawei အပေါ် သင့်တင့်မျှတမှု ရှိပါသလား ဒါမှမဟုတ် အမေရိကန်တွေရဲ့ ပိတ်ပင်မှုက Huawei နဲ့ ထိုက်တန်ပါသလား ဆိုတာကို ကျွန်တော်တို့ MyTech Myanmar ပရိတ်သတ်ကြီးအနေနဲ့ အပန်းမကြီးဘူးဆိုရင် ဖြေကြားသွားပေးပါဦး။

Ref : Android Authority