[Zawgyi]

Huawei Devices ေတြဟာ ကမာၻအ၀န္းမွာ ေရာင္းအား က်ေနေပမယ့္ မၾကာခင္က ေၾကညာခဲ့တဲ့ Mate 30 Series ေတြဟာ တရုတ္မွာ ေရာင္းအား လန္းေနပါတယ္။ ၂၆ ရက္ေန႔ကပဲ တရုတ္မွာ Mate 30 Series ေတြကို ေရာင္းခ်ေပးခဲ့ၿပီး ယြမ္ သန္း ၅၀၀ ဖိုး ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ျမန္မာေငြ သန္းေပါင္း ၁ သိန္းေလာက္ရွိပါတယ္။ မိနစ္ပိုင္းအတြင္း VMall.com ကေန ဒီပမာဏကို ေရာင္းခ်ႏုိင္ခဲ့တာပါ။

Huawei က 4G Model ကို စတင္ ေရာင္းေပးခဲ့ၿပီး ႏို၀င္ဘာလမွာ 5G Model ကို ေရာင္းေပးမွာပါ။ စစေရာင္းခ်င္းမွာ Huawei က Mate 30 Base Model ကို ယြမ္ ၃,၉၉၉ ( ၈ သိန္းေက်ာ္) နဲ႔ ေရာင္းေပးခဲ့ၿပီး မိတ္ဆက္ပြဲမွာ ေၾကညာခဲ့တဲ့ ေစ်းထက္ ၃၅ ရာခုိင္ႏႈန္း ေစ်းေလွ်ာ့ေပးခဲ့တာပါ။ Huawei CEO Richard Yu က တရုတ္လူမႈကြန္ရက္မွာ ေစ်းေလွ်ာ့ေရာင္းေပးတဲ့ အေၾကာင္းကို ေၾကညာခဲ့တာပါ။

ပိုေစ်းႀကီးတဲ့ Mate 30 Pro ဟာ ပထမေန႔မွာပဲ ေရာင္းကုန္သြားေပမယ့္ Mate 30 Base Model ကိုေတာ့ ဆက္လက္ေရာင္းေပးေနပါတယ္။ Mate 30 Pro ကို လိုခ်င္ရင္ အြန္လိုင္းမွာ Pre-order တင္ရမယ္လို႔ သိရပါတယ္။ အေမရိကန္ရဲ႕ စီးပြားေရး ပိတ္ပင္မႈေတြေၾကာင့္ ကမာၻအ၀န္းမွာ ေရာင္းအား က်ႏိုင္တဲ့ အတြက္ မိခင္ႏိုင္ငံမွာ ေရာင္းအား ေကာင္းေအာင္ ျပဳလုပ္တဲ့ Huawei ရဲ႕ နည္းဗ်ဴဟာ ျဖစ္ႏုိင္ပါတယ္။ မိခင္ႏိုင္ငံမွာ ထိပ္ဆံုးေရာက္ေနတဲ့ Samsung ရဲ႕ ေစ်းကြက္ေ၀စုကိုေတာင္ လုယူသြားႏိုင္ပါတယ္။

အေမရိကန္ရဲ႕ ပိတ္ပင္မႈေၾကာင့္ Huawei ဟာ ကမာၻ႕ႏိုင္ငံအမ်ားစုမွာ မွီခိုေနရတဲ့ Google Services မပါဘဲ Mate 30 Series ေတြကို ေရာင္းခ်ေပးခဲ့ရပါတယ္။ Huawei ဟာ လက္ရွိမွာ ကမာၻ႕ ဒုတိယ ေရာင္းအားအေကာင္းဆံုး ဖုန္း ကုမၸဏီ အျဖစ္ Samsung ရဲ႕ ေနာက္ကေန ရပ္တည္ေနပါတယ္။

Ref : gsmarena

[Unicode]

Huawei က ရောင်းအားကောင်းအောင် Mate 30 ကို ၄၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းချ

Huawei Devices တွေဟာ ကမ္ဘာအဝန်းမှာ ရောင်းအား ကျနေပေမယ့် မကြာခင်က ကြေညာခဲ့တဲ့ Mate 30 Series တွေဟာ တရုတ်မှာ ရောင်းအား လန်းနေပါတယ်။ ၂၆ ရက်နေ့ကပဲ တရုတ်မှာ Mate 30 Series တွေကို ရောင်းချပေးခဲ့ပြီး ယွမ် သန်း ၅၀၀ ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ မြန်မာငွေ သန်းပေါင်း ၁ သိန်းလောက်ရှိပါတယ်။ မိနစ်ပိုင်းအတွင်း VMall.com ကနေ ဒီပမာဏကို ရောင်းချနိုင်ခဲ့တာပါ။

Huawei က 4G Model ကို စတင် ရောင်းပေးခဲ့ပြီး နိုဝင်ဘာလမှာ 5G Model ကို ရောင်းပေးမှာပါ။ စစရောင်းချင်းမှာ Huawei က Mate 30 Base Model ကို ယွမ် ၃,၉၉၉ ( ၈ သိန်းကျော်) နဲ့ ရောင်းပေးခဲ့ပြီး မိတ်ဆက်ပွဲမှာ ကြေညာခဲ့တဲ့ ဈေးထက် ၃၅ ရာခိုင်နှုန်း ဈေးလျှော့ပေးခဲ့တာပါ။ Huawei CEO Richard Yu က တရုတ်လူမှုကွန်ရက်မှာ ဈေးလျှော့ရောင်းပေးတဲ့ အကြောင်းကို ကြေညာခဲ့တာပါ။

ပိုဈေးကြီးတဲ့ Mate 30 Pro ဟာ ပထမနေ့မှာပဲ ရောင်းကုန်သွားပေမယ့် Mate 30 Base Model ကိုတော့ ဆက်လက်ရောင်းပေးနေပါတယ်။ Mate 30 Pro ကို လိုချင်ရင် အွန်လိုင်းမှာ Pre-order တင်ရမယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ပင်မှုတွေကြောင့် ကမ္ဘာအဝန်းမှာ ရောင်းအား ကျနိုင်တဲ့ အတွက် မိခင်နိုင်ငံမှာ ရောင်းအား ကောင်းအောင် ပြုလုပ်တဲ့ Huawei ရဲ့ နည်းဗျူဟာ ဖြစ်နိုင်ပါတယ်။ မိခင်နိုင်ငံမှာ ထိပ်ဆုံးရောက်နေတဲ့ Samsung ရဲ့ ဈေးကွက်ဝေစုကိုတောင် လုယူသွားနိုင်ပါတယ်။

အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် Huawei ဟာ ကမ္ဘာ့နိုင်ငံအများစုမှာ မှီခိုနေရတဲ့ Google Services မပါဘဲ Mate 30 Series တွေကို ရောင်းချပေးခဲ့ရပါတယ်။ Huawei ဟာ လက်ရှိမှာ ကမ္ဘာ့ ဒုတိယ ရောင်းအားအကောင်းဆုံး ဖုန်း ကုမ္ပဏီ အဖြစ် Samsung ရဲ့ နောက်ကနေ ရပ်တည်နေပါတယ်။

Ref : gsmarena