[Zawgyi]

တရုတ္မွာ Huawei ဟာ အလန္းစား ထုတ္ကုန္ အသစ္ေတြကို ေၾကညာခဲ့ၿပီး အဲဒီထဲမွာ Sound X Speaker လည္း ပါခဲ့ပါတယ္။ အဲဒီ Speaker ကို ျပင္သစ္ Audio Company ၁ ခု ျဖစ္တဲ့ Devialet နဲ႔ ပူးေပါင္းဖန္တီးထားတာပါ။ အခုေတာ့ Huawei Consumer Business ရဲ႕ CEO Yu Chengdong က တရုတ္မွာ Apple HomePod ထက္ Sound X Speaker ပိုေရာင္းေကာင္းမယ္ဆိုတာ ယံုၾကည္တယ္လို႔ ေျပာလိုက္ပါတယ္။

တရုတ္မွာ Huawei Sound X ဟာ ၁,၉၉၉ ယြမ္ရွိၿပီး Apple HomePod က ၂,၂၉၉ ယြမ္ ရွိပါတယ္။ ျမန္မာေငြ ၄၃၀,၀၀၀ နဲ႔ ၄၉၀,၀၀၀ ေလာက္ အသီးသီး တန္ေၾကးရွိပါတယ္။ လက္ရွိမွာ Smart Speaker ကို တရုတ္မွာ ယြမ္ ၁၀၀ စရန္နဲ႔ ႀကိဳတင္မွာယူထားႏုိင္ၿပီး ဒီဇင္ဘာလ ၅ ရက္ေန႔မွာ စတင္ ေရာင္းခ်ေပးမွာပါ။

Sound X မွာ ၃.၅ လက္မ Subwoofer ၂ လံုးပါၿပီး စုစုေပါင္း 60W Output ကို ထုတ္လုပ္ေပးႏုိင္ပါတယ္။ SAM Bass Enhancement နည္းပညာကို သံုးထားၿပီး Hi-Res Certification ပါတဲ့ ပထမဆံုး Smart Speaker ျဖစ္တယ္လို႔ သိရပါတယ္။ Microphone ေတြကို Speaker ပတ္လည္မွာ တပ္ဆင္ထားၿပီး ၅ မီတာ အကြာက အသံေတြကို ဖမ္းယူေပးႏုိင္ပါတယ္။

1.5GHz MediaTek MT8518 Quad-core Processor ေမာင္းႏွင္ထားၿပီး 512MB RAM နဲ႔ 8GB Storage ေတြ ပါပါတယ္။ Dual-band WiFi , Bluetooth 5.0 ေတြ ထည့္သြင္းထားၿပီး NFC လည္းပါတဲ့အတြက္ ဖုန္းနဲ႔ ခ်ိတ္ဆက္ အသံုးျပဳႏုိင္ပါတယ္။ Speaker ကေန တျခား Smart Home Device ေတြကို ခုိင္းေစႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Huawei က တရုတ်နိုင်ငံမှာ Apple HomePod ထက် Sound X Speaker ပိုရောင်းကောင်းမယ်လို့ ယုံကြည်

တရုတ်မှာ Huawei ဟာ အလန်းစား ထုတ်ကုန် အသစ်တွေကို ကြေညာခဲ့ပြီး အဲဒီထဲမှာ Sound X Speaker လည်း ပါခဲ့ပါတယ်။ အဲဒီ Speaker ကို ပြင်သစ် Audio Company ၁ ခု ဖြစ်တဲ့ Devialet နဲ့ ပူးပေါင်းဖန်တီးထားတာပါ။ အခုတော့ Huawei Consumer Business ရဲ့ CEO Yu Chengdong က တရုတ်မှာ Apple HomePod ထက် Sound X Speaker ပိုရောင်းကောင်းမယ်ဆိုတာ ယုံကြည်တယ်လို့ ပြောလိုက်ပါတယ်။

တရုတ်မှာ Huawei Sound X ဟာ ၁,၉၉၉ ယွမ်ရှိပြီး Apple HomePod က ၂,၂၉၉ ယွမ် ရှိပါတယ်။ မြန်မာငွေ ၄၃၀,၀၀၀ နဲ့ ၄၉၀,၀၀၀ လောက် အသီးသီး တန်ကြေးရှိပါတယ်။ လက်ရှိမှာ Smart Speaker ကို တရုတ်မှာ ယွမ် ၁၀၀ စရန်နဲ့ ကြိုတင်မှာယူထားနိုင်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှာ စတင် ရောင်းချပေးမှာပါ။

Sound X မှာ ၃.၅ လက်မ Subwoofer ၂ လုံးပါပြီး စုစုပေါင်း 60W Output ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ SAM Bass Enhancement နည်းပညာကို သုံးထားပြီး Hi-Res Certification ပါတဲ့ ပထမဆုံး Smart Speaker ဖြစ်တယ်လို့ သိရပါတယ်။ Microphone တွေကို Speaker ပတ်လည်မှာ တပ်ဆင်ထားပြီး ၅ မီတာ အကွာက အသံတွေကို ဖမ်းယူပေးနိုင်ပါတယ်။

1.5GHz MediaTek MT8518 Quad-core Processor မောင်းနှင်ထားပြီး 512MB RAM နဲ့ 8GB Storage တွေ ပါပါတယ်။ Dual-band WiFi , Bluetooth 5.0 တွေ ထည့်သွင်းထားပြီး NFC လည်းပါတဲ့အတွက် ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Speaker ကနေ တခြား Smart Home Device တွေကို ခိုင်းစေနိုင်ပါတယ်။

Ref : gizmochina