Zawgyi

Huawei ရဲ႕ လက္ရွိအေကာင္းဆုံး စမတ္ဖုန္းေတြလို႔ ေျပာႏိုင္တဲ့ Huawei Mate 30 နဲ႔ Mate 30 Pro စမတ္ဖုန္းေတြဟာ ၿပီးခဲ့တဲ့လတုန္းက မိတ္ဆက္ထားခဲ့တာျဖစ္ၿပီးေတာ့ တ႐ုတ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၆ ရက္ေန႔တုန္းက စတင္ေရာင္းခ်သြားခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Huawei ကေန Mate 30 Series စမတ္ဖုန္းေတြ အလုံးေရ ၁ သန္းေက်ာ္အထိ ေရာင္းခ်ၿပီးသြားၿပီဆိုၿပီး ေၾကညာသြားခဲ့ပါတယ္။

၁ ပတ္ေတာင္ မျပည့္ေသးတဲ့အခ်ိန္မွာ တ႐ုတ္ႏိုင္ငံတစ္ႏိုင္ငံထဲမွာပဲ အခုလိုမ်ိဳး အလုံးေရ ၁ သန္းေက်ာ္ေရာင္းခ်ရထားတယ္ဆိုတာက တကယ္ကို အထင္ႀကီးစရာျဖစ္လာတာပါ။ ဒါေပမယ့္ တျခားေသာ Europe အပါအဝင္ႏိုင္ငံေတြမွာေတာ့ အခုအခ်ိန္အထိ Google App နဲ႔ Google Service ေတြကို ထည့္သြင္းႏိုင္ျခင္းမရွိေသးတာေၾကာင့္ ေရာင္းခ်ဖို႔ကိုလည္း ေျပာၾကားထားျခင္းမရွိေသးပါဘူး။

အခုလိုမ်ိဳးေရာင္းအားဟာ တ႐ုတ္ႏိုင္ငံ Shenzhen မွာ Huawei Flagship Store ဖြင့္တဲ့အခ်ိန္တုန္းက CEO Richard Yu က ေၾကညာခဲ့တာျဖစ္ၿပီးေတာ့ Huawei အေနနဲ႔ Online Sales ေတြကိုပါ ထည့္တြက္ရင္ တစ္မိနစ္ကို အလုံးေရ ၁ သိန္းအထိေရာင္းခ်ရတဲ့အထိ စစျခင္းေရာင္းအားေကာင္းေနခဲ့တာပါ။

ဒါေပမယ့္ အခုလို Huawei က ေၾကညာထားတဲ့ ေရာင္းအားက မွန္မမွန္ကိုေတာ့ လက္ရွိမွာ အတည္မျပဳႏိုင္ေသးသလို ျဖစ္ႏိုင္တာက Google အပါအဝင္ US ကေန Huawei အေပၚ Ban ထားထားတာေတြေၾကာင့္ အခုလိုမ်ိဳး တ႐ုတ္ႏိုင္ငံတြင္းမွာ ပိုၿပီး ေရာင္းအားေကာင္းေနတာလည္းျဖစ္ႏိုင္ပါတယ္။ လက္ရွိေရာင္းခ်ထားရတဲ့ Huawei Mate 30 Series ဖုန္းေတြထဲမွာေတာ့ Forest Green အေရာင္က ေရာင္းအားအေကာင္းဆုံးျဖစ္ေနတယ္လို႔လည္း သိရပါတယ္။

Huawei Mate 30 Series စမတ္ဖုန္းေတြဟာ Germany ႏိုင္ငံ Munich ၿမိဳ႕မွာ Launch Event ျပဳလုပ္သြားခဲ့တာျဖစ္ေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ တ႐ုတ္ႏိုင္ငံျပင္ပမွာ ေရာင္းခ်သြားမယ့္အလားအလာမရွိေသးပါဘူး။

Ref – GSMArena

Unicode

Huawei ရဲ့ လက်ရှိအကောင်းဆုံး စမတ်ဖုန်းတွေလို့ ပြောနိုင်တဲ့ Huawei Mate 30 နဲ့ Mate 30 Pro စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့လတုန်းက မိတ်ဆက်ထားခဲ့တာဖြစ်ပြီးတော့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့တုန်းက စတင်ရောင်းချသွားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Huawei ကနေ Mate 30 Series စမတ်ဖုန်းတွေ အလုံးရေ ၁ သန်းကျော်အထိ ရောင်းချပြီးသွားပြီဆိုပြီး ကြေညာသွားခဲ့ပါတယ်။

၁ ပတ်တောင် မပြည့်သေးတဲ့အချိန်မှာ တရုတ်နိုင်ငံတစ်နိုင်ငံထဲမှာပဲ အခုလိုမျိုး အလုံးရေ ၁ သန်းကျော်ရောင်းချရထားတယ်ဆိုတာက တကယ်ကို အထင်ကြီးစရာဖြစ်လာတာပါ။ ဒါပေမယ့် တခြားသော Europe အပါအဝင်နိုင်ငံတွေမှာတော့ အခုအချိန်အ&ထိ Google App နဲ့ Google Service တွေကို ထည့်သွင်းနိုင်ခြင်းမရှိသေးတာကြောင့် ရောင်းချဖို့ကိုလည်း ပြောကြားထားခြင်းမရှိသေးပါဘူး။

အခုလိုမျိုးရောင်းအားဟာ တရုတ်နိုင်ငံ Shenzhen မှာ Huawei Flagship Store ဖွင့်တဲ့အချိန်တုန်းက CEO Richard Yu က ကြေညာခဲ့တာဖြစ်ပြီးတော့ Huawei အနေနဲ့ Online Sales တွေကိုပါ ထည့်တွက်ရင် တစ်မိနစ်ကို အလုံးရေ ၁ သိန်းအထိရောင်းချရတဲ့အထိ စစခြင်းရောင်းအားကောင်းနေခဲ့တာပါ။

ဒါပေမယ့် အခုလို Huawei က ကြေညာထားတဲ့ ရောင်းအားက မှန်မမှန်ကိုတော့ လက်ရှိမှာ အတည်မပြုနိုင်သေးသလို ဖြစ်နိုင်တာက Google အပါအဝင် US ကနေ Huawei အပေါ် Ban ထားထားတာတွေကြောင့် အခုလိုမျိုး တရုတ်နိုင်ငံတွင်းမှာ ပိုပြီး ရောင်းအားကောင်းနေတာလည်းဖြစ်နိုင်ပါတယ်။ လက်ရှိရောင်းချထားရတဲ့ Huawei Mate 30 Series ဖုန်းတွေထဲမှာတော့ Forest Green အရောင်က ရောင်းအားအကောင်းဆုံးဖြစ်နေတယ်လို့လည်း သိရပါတယ်။

Huawei Mate 30 Series စမတ်ဖုန်းတွေဟာ Germany နိုင်ငံ Munich မြို့မှာ Launch Event ပြုလုပ်သွားခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်အထိတော့ တရုတ်နိုင်ငံပြင်ပမှာ ရောင်းချသွားမယ့်အလားအလာမရှိသေးပါဘူး။

Ref – GSMArena