[Zawgyi]

မၾကာေသးခင္ကမွ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ Huawei ရဲ႕ CEO က ကုမၸဏီအေနနဲ႔ လက္ရွိပိုင္ဆိုင္ထားတဲ့ 5G စီးပြားေရးလုပ္ငန္းကို ေရာင္းခ်မယ့္ ေ႐ြးခ်ယ္မႈတစ္ခုကိုလည္း ျပဳလုပ္လာႏိုင္ေၾကာင္း ထည့္သြင္းေျပာဆိုသြားခဲ့ပါတယ္။ ဒါ့အျပင္ Huawei အေနနဲ႔ အာရွရဲ႕ အျပင္ဘက္၊ အထူးသျဖင့္ အေနာက္တိုင္းဘက္မွာ အေျခစိုက္ထားတဲ့ ဝယ္ယူမယ့္သူကို ရွာေဖြေနေၾကာင္းလည္း ေျပာခဲ့ပါေသးတယ္။

လက္ရွိအခ်ိန္မွာေတာ့ ပစ္မွတ္ထားတဲ့ ဝယ္ယူသူ မရွိေသးဘူးလို႔ သိရပါတယ္။။ ဒါေပမယ့္ လက္ရွိလည္ပတ္လုပ္ကိုင္ေနတဲ့ နည္းပညာကုမၸဏီတစ္ခုခု ဒါမွမဟုတ္ အခုမွစတင္မယ့္ ကုမၸဏီအသစ္တစ္ခုခုက ဝယ္ယူတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ ဝယ္ယူသူဟာ ႏွစ္သက္တဲ့နည္းလမ္းနဲ႔ Key element ေတြကို အဆင့္ျမႇင့္တင္ ႏိုင္မွာျဖစ္ပါတယ္။

Huawei ကေတာ့ အေရာင္းအဝယ္ကိစၥမွာ 5G နဲ႔ပတ္သက္တဲ့ လိုင္စင္၊ ကုဒ္၊ Blueprint ေတြနဲ႔ ထုတ္လုပ္မႈပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈ စတာေတြအားလုံးကို အျပည့္အစုံထည့္သြင္းေပးအပ္သြားမယ္လို႔ ဆိုပါတယ္။ ဝယ္ယူသူကို Source Code ေတြကိုပါ လြတ္လပ္စြာေျပာင္းလဲခြင့္ေပးမယ္ဆိုတာေၾကာင့္ ကိုယ္ပိုင္ထုတ္ကုန္အျဖစ္ သီးသန႔္ေဖာ္ေဆာင္သြားႏိုင္မွာလည္း ျဖစ္ပါတယ္။

လက္ရွိအေျခအေနမွာေတာ့ 5G လုပ္ငန္းအတြက္ ေရာင္းခ်မယ့္ေဈးႏႈန္းကို ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေသးတာလည္း ေတြ႕ရပါတယ္။ ဒါေၾကာင့္ Huawei အေနနဲ႔ လုပ္ငန္းကို ေရာင္းခ်ဖို႔ စဥ္းစားဆဲအဆင့္သာ ရွိေနေသးတယ္လို႔ ဆိုရမွာပါ။ ေရာင္းခ်ရတဲ့ အေၾကာင္းရင္းကလည္း လက္ရွိႀကဳံေတြ႕ေနရတဲ့ အေမရိကန္ရဲ႕ ပိတ္ဆို႔မႈကို ေရွာင္ရွားဖို႔၊ ဒါမွမဟုတ္ ေက်ာ္လႊားဖို႔ နည္းလမ္းတစ္ခုလားဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena

[Unicode]

5G လုပ်ငန်းကို ရောင်းချဖို့ စဉ်းစားနေတဲ့ Huawei

မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Huawei ရဲ့ CEO က ကုမ္ပဏီအနေနဲ့ လက်ရှိပိုင်ဆိုင်ထားတဲ့ 5G စီးပွားရေးလုပ်ငန်းကို ရောင်းချမယ့် ရွေးချယ်မှုတစ်ခုကိုလည်း ပြုလုပ်လာနိုင်ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် Huawei အနေနဲ့ အာရှရဲ့ အပြင်ဘက်၊ အထူးသဖြင့် အနောက်တိုင်းဘက်မှာ အခြေစိုက်ထားတဲ့ ဝယ်ယူမယ့်သူကို ရှာဖွေနေကြောင်းလည်း ပြောခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ ပစ်မှတ်ထားတဲ့ ဝယ်ယူသူ မရှိသေးဘူးလို့ သိရပါတယ်။။ ဒါပေမယ့် လက်ရှိလည်ပတ်လုပ်ကိုင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုခု ဒါမှမဟုတ် အခုမှစတင်မယ့် ကုမ္ပဏီအသစ်တစ်ခုခုက ဝယ်ယူတာမျိုးလည်းဖြစ်နိုင်ပါတယ်။ သေချာတာတစ်ခုကတော့ ဝယ်ယူသူဟာ နှစ်သက်တဲ့နည်းလမ်းနဲ့ Key element တွေကို အဆင့်မြှင့်တင် နိုင်မှာဖြစ်ပါတယ်။

Huawei ကတော့ အရောင်းအဝယ်ကိစ္စမှာ 5G နဲ့ပတ်သက်တဲ့ လိုင်စင်၊ ကုဒ်၊ Blueprint တွေနဲ့ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှု စတာတွေအားလုံးကို အပြည့်အစုံထည့်သွင်းပေးအပ်သွားမယ်လို့ ဆိုပါတယ်။ ဝယ်ယူသူကို Source Code တွေကိုပါ လွတ်လပ်စွာပြောင်းလဲခွင့်ပေးမယ်ဆိုတာကြောင့် ကိုယ်ပိုင်ထုတ်ကုန်အဖြစ် သီးသန့်ဖော်ဆောင်သွားနိုင်မှာလည်း ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ 5G လုပ်ငန်းအတွက် ရောင်းချမယ့်ဈေးနှုန်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးတာလည်း တွေ့ရပါတယ်။ ဒါကြောင့် Huawei အနေနဲ့ လုပ်ငန်းကို ရောင်းချဖို့ စဉ်းစားဆဲအဆင့်သာ ရှိနေသေးတယ်လို့ ဆိုရမှာပါ။ ရောင်းချရတဲ့ အကြောင်းရင်းကလည်း လက်ရှိကြုံတွေ့နေရတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ရှောင်ရှားဖို့၊ ဒါမှမဟုတ် ကျော်လွှားဖို့ နည်းလမ်းတစ်ခုလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena