Huawei ဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Mate 40 Series စမတ်ဖုန်းတွေနဲ့အတူ Huawei Watch GT2 Pro Smartwatch အသစ်ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အဆိုပါ Watch GT2 Pro အတွက် ECG Support ပါဝင်တဲ့ Version ကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။

အခုလည်း Huawei Central ရဲ့ ဖော်ပြချက်အရ Huawei ဟာ နောက်ထပ် Smartwatch အသစ်ကို မိတ်ဆက်သွားဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Smartwatch အသစ်ကို ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့စီစဥ်ထားပေမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ ပြောင်းလဲမိတ်ဆက်ဖို့ နှောင့်နှေးခဲ့တာဖြစ်ပါတယ်။

Huawei ရဲ့ Smartwatch အသစ်ဟာ ထူးခြားချက်အနေနဲ့ကတော့ Software ပိုင်းမှာ ကိုယ်ပိုင် HarmonyOS ကို အသုံးပြုထားမှာဖြစ်ပြီး လက်ရှိ Huawei Smartwatch တွေမှာ အသုံးပြုနေတဲ့ Software တွေကနေ ကွာခြားမယ်လို့ ယူဆရပါတယ်။ အသေးစိတ်ကိုတော့ မသိရှိရသေးပေမယ့် Feature အသစ်တွေအပြင် Application အသစ်တွေကိုပါ Support ပေးလာနိုင်ဖွယ်ရှိနေပါတယ်။

Huawei ဟာ ယခုဒီဇင်ဘာလအတွင်းမှာ စမတ်ဖုန်းတွေအတွက် HarmonyOS ကို Beta Version အနေနဲ့ မိတ်ဆက်သွားဖို့ရှိနေသလို လာမယ့်နှစ်အတွင်းမှာလည်း HarmonyOS ကို အသုံးပြုထားတဲ့ MatePad Tablet အသစ်ကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။ အဲ့ဒီအတွက် လာမယ့်နှစ်မှာ Huawei ကနေ ထုတ်လုပ်တဲ့ Device တွေအကုန်လုံးနီးပါးက ကိုယ်ပိုင် HarmonyOS နဲ့ပဲ ပွဲထွက်လာဖွယ်ရှိပါတယ်။

Ref – Gizmo China