Huawei Developer Conference 2020 (Together) အစီအစဉ် ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၀ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ကျန်ဒေသရှိ Songshan Lake HUAWEI Campus တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Huawei Developer Conference 2020 ၏ အဓိက Keynote အဖြစ် HarmonyOS 2.0 တည်ဆောက်နေမှုတွင် အဓိကတိုးတက်လာချက်များ၊ EMUI 11 တွင်ပါဝင်လာမည့် features အသစ်များ၊ HMS(Huawei Mobile Services), HUAWEI HiLink နှင့် HUAWEI Research သုတေသနလုပ်ငန်းစဉ် တိုးတက်ပြောင်းလဲမှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။ အဆိုပါ တိုးတက်ပြောင်းလဲလာမှုများသည် တစ်ကမ္ဘာလုံးရှိ Developers များ၊ Ecosystem မိတ်ဖက်အဖွဲ့အစည်းများနှင့်တကွ သုံးစွဲသူများအတွက်ပါ အတွေ့အကြုံသစ်များဖြင့် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ ထို့အပြင် အဆိုပါပွဲတွင်လည်း HUAWEI မှ AIOT အမျိုးအစားထုတ်ကုန်သစ် အသစ် ၆မျိုးဖြစ်သည့် HUAWEI MateBook X, HUAWEI MateBook 14, HUAWEI WATCH GT 2 Pro, HUAWEI FreeBuds Pro, HUAWEI WATCH FIT နှင့် HUAWEI FreeLace Pro အစရှိသည့်ထုတ်ကုန်များကိုလည်း မိတ်ဆက်ရှင်းလင်းပြသခဲ့ပါသည်။

အဆိုပါ ပွဲအခမ်းအနားသည် စက်တင်ဘာ (၁၀) ရက်နေ့မှစတင်ပြီး ၃ရက်တိုင်ကျင်းပမှာဖြစ်ပြီး Developers များအတွက် စိတ်ဝင်စားစရာအစီအစဉ်များဖြစ်သည့် Lakeside Talks အစီအစဉ်၊ နည်းပညာပိုင်း ဆွေးနွေးပွဲများ၊ Codelabs စသည့် အစီအစဉ်များပါ ပါဝင်လာပါသည်။ အဆိုပါ ပွဲအစီအစဉ်မှတစ်ဆင့် Developers များ၏ ကွန်ယက်ပိုမိုကျယ်ပြန့်လာစေရန်နှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် all-scenario experiences အတွေ့အကြုံသစ်ကို ခံစားရရှိလာစေရန် ရည်ရွယ်ပါသည်။

“Huawei ရဲ့ ecosystem ပိုင်းသည် နောက်ဆုံးပေါ်နည်းပညာများနှင့် အတူ ဖွံ့ဖြိုးတိုးတက်လာမှုဟာ တစ်ကမ္ဘာလုံးရှိ developers များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ခိုင်မာယုံကြည်စွာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်ရလဒ်များပဲဖြစ်ပါတယ်။ Huawei အနေနဲ့လည်း အဓိကနည်းပညာပိုင်းတွေဖြစ်တဲ့ Software ပိုင်းနဲ့ Hardware ပိုင်းတွေကို ပိုမိုပွင့်လင်းမြင်သာအောင် ပြသပေးမှာဖြစ်ပြီး အခုလို Delveopers များနဲ့အတူ ပိုမိုပူးပေါင်းဆောင်ရွက်ပြီး သုံးစွဲသူတွေအတွက် ပိုမိုအကျိုးများစေမယ့်၊ နောက်ဆုံးပေါ်တီထွင်ဆန်းသစ်မှုတွေနဲ့အတူ all-scenario smart ecosystem ကိုပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည်” ဟု Huawei Consumer Business Group ၏ CEO နှင့် Executive Director ဖြစ်သူ Richard Yu မှ ပြောကြားခဲ့ပါသည်။ ဒါ့အပြင် အခုလိုစုစုစည်းစည်းနဲ့ စုပေါင်းလုပ်ဆောင်မှု အတွက် Richard Yu မှ “ကြယ်တွေဟာဆိုရင် ပိန်းပိန်းနက်အောင်မှောင်နေတဲ့ ကောင်းကင်ယံမှာထွန်းလင်းနိုင်စွမ်းရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ developer တစ်ဦးတစ်ယောက်ချင်းစီဟာ ကြယ်တစ်ပွင့်ချင်းဆီကို ကိုယ်စားပြုတယ်ဆိုရင် ကြယ်တွေအများကြီးစုဝေးလိုက်တဲ့အခါမှာ အလင်းတန်းတစ်ခုဖြစ်လာပြီးတော့ အလင်းရောင် ယူဆောင်လာပေးနိုင်မှာပဲဖြစ်ပါတယ်။”

HarmonyOS 2.0: မိုဘိုင်းဖုန်းများအတွက် HarmonyOS Beta ဗားရှင်းကို ယခုနှစ်ကုန်ပိုင်းမှစပြီး Developers များအတွက် Open Source အဖြစ်ရယူနိုင်ပြီ

Huawei အနေနှင့် ကဏ္ဍစုံ ချိတ်ဆက်မှုနည်းပညာပိုင်းအတွက် HarmonyOS ကို ၂၀၁၉ ခုနှစ်တည်းက စတင်ကြေငြာခဲ့ပါသည်။ ထိုအချိန်မှစ၍ Huawei အနေနှင့် Device အချင်းချင်း ချိတ်ဆက်နိုင်မှုအတွက် တိုးတက်လာအောင် အရှိန်အဟုန်နှင့် အားစိုက်လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် Device များအချင်းချင်း လျင်မြန်စွာရှာဖွေတွေ့ရှိနိုင်မှု၊ အလိုအလျောက် ချိတ်ဆက်နိုင်မှု၊ Hardware ချင်းပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် Smart Devices များအကြား ပိုမိုလွယ်ကူချောမွေ့သော လုပ်ဆောင်မှုများကို တိုးတက်လာအောင် လုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်တွင် HarmonyOS 2.0 ကို မိတ်ဆက်ပြသခဲ့ပြီး လက်ရှိအချိန်ထိ တိုးတက်လာမှုများ၊ Software Bus အပိုင်း၊ Data Management ပိုင်းနှင့် Security ပိုင်းအတွက် တိုးတက်လာမှုနှင့် နောက်ထပ်လုပ်ဆောင်မည့် အချက်အလက်များကို ပြသ ဆွေးနွေးခဲ့ပါသည်။ ထို့အပြင်လည်း Developers များအတွက် ပိုမိုလွယ်ကူလျင်မြန်စွာ အလုပ်လုပ်နိုင်မည့်၊ ရှာဖွေမှုများကို ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်မည့် adaptive UX framework အမျိုးအစားကိုလည်း Huawei မှ မိတ်ဆက်ပြသခဲ့ပါသေးသည်။

ထို့အပြင်လည်း မိုဘိုင်းဖုန်းများအတွက် HarmonyOS Beta ဗားရှင်းကို ယခုနှစ်ကုန်ပိုင်းမှစပြီး Developers များအတွက် Open Source အဖြစ်ရယူနိုင်ပြီဖြစ်ပြီး emulators များ၊ SDK packages များနှင့် IDE tools များပါ တစ်ပါတည်းပါဝင်လာမှာ ဖြစ်ပါသည်။ Huawei Consumer Business Group ၏ CEO နှင့် Executive Director ဖြစ်သူ Richard Yu မှလည်း HarmonyOS ၏ RoadMap (လမ်းကြောင်းပြမြေပုံ) နှင့် ပတ်သတ်ပြီး “စက်တင်ဘာလ ၁၀ရက်နေ့မှစပြီး HarmonyOS ကို 128KB-128MB ကြား မန်မိုရီနှင့် အလုပ်လုပ်နိုင်တဲ့ IoT devices တွေဖြစ်တဲ့ Smart TVs တွေ၊ Wearable Device တွေဖြစ်တဲ့ Smart Watch တွေ Band အစရှိတဲ့ ပစ္စည်းတွေ၊ မော်တော်ယာဉ်များရဲ့ Infotainment စက်ပစ္စည်း အစရှိတဲ့ များအတွက်ရယူနိုင်မှာဖြစ်ပါတယ်။ ၂၀၂၁ ဧပြီလက စပြီး 128MB-4GB ကြား မန်မိုရီနှင့် အလုပ်လုပ်နိုင်တဲ့ စမတ်ဖုန်းအပါအဝင် IoT devices တွေအတွက် ရယူနိုင်မှာဖြစ်ပြီး၊ ၂၀၂၁ အောက်တိုဘာလမှာတော့ 4GB နဲ့အထက်အလုပ်လုပ်နိုင်တဲ့ Devices တွေအတွက်ရယူနိုင်တော့မှာပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Huawei Mobile Services (HMS) Ecosystem: နောက်ဆုံးပေါ်နည်းပညာများနှင့်အတူ စဉ်ဆက်မပြတ် တိုးတက်နေသည့် ကမ္ဘာ့တတိယအကြီးဆုံး Mobile App Ecosystem

တစ်ကမ္ဘာလုံးရှိ ၁.၈ သန်းသော Developers များ၏ ဝိုင်းဝန်းစုစည်းအားပေးမှုနှင့် အတူ AppGallery နှင့် HMS Ecosystem သည် ယခုနှစ်ပိုင်းတွင်လည်း အရှိန်အဟုန် နှင့်စဉ်ဆက်မပြတ် တိုးတက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် AppGallery တွင် HMS Core နှင့် အသားကျပြင်ဆင်ပြီးသော App ပေါင်း ၉၆၀၀၀ ကျော်အထိ ရောက်ရှိလာပြီဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် သန်းပေါင်း ၄၉၀ ကျော်သော သုံးစွဲသူများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထို့အပြင်လည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ Application ဒေါင်းလုတ်ရယူမှု အကြိမ်ပေါင်း ၂၆၁ ဘီလီယျံအထိ ရှိခဲ့ကြောင်းလည်း သိရသည်။

ထိုမျှမက ၂၀၂၀ ခုနှစ်အတွင်းမှာပဲ HMS Core 5.0 ၏ Open Capabilities အရေအတွက်အနေနှင့် Kits ပေါင်း ၁၄ ခုမှ ၅၆ ခုအထိ တိုးတက်လာခဲ့သည့်အပြင် API (application programming interface) အရေအတွက်ဟာလည်း အဓိက ဧရိယာ အပိုင်း ၇ခုတွက် ၈၈၅ ခုမှ ၁၂၉၈၁ ခုအထိ တိုးတက်များပြားလာပြီး Developers များအတွက် ပိုမို စုံစုံလင်လင်နှင့် တီထွင်ဖန်တီးမှု စွမ်းပကားအတွက် တိုးတက်လာအောင် ကူညီပေးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။ ထို့Kit များထဲတွင်လည်း CG Kit ပိုင်းအတွက် Graphics နည်းပညာ၊ ပုံထွက်အရည်အသွေးနှင့် အမြင်အာရုံအတွေ့အကြုံပိုင်းတိုးတက်ပြောင်းလဲလာမှုနှင့် ဂိမ်းကစားမှုပိုင်းအတွက် Rendering Efficiency များတိုးတက်လာမှု၊ နေရာပြ (Location Kit) တွက်လည်း စင်တီမီတာမှသည် မီလီမီတာ ကိန်းဂဏာန်းအထိ တိကျစွာပြသလာနိုင်မှုနှင့် Tracking ပိုင်းတွင်လည်း သိသိသာသာ တိုးတက်လာမှုများက အမြင်သာဆုံးသော တိုးတက်ပြောင်းလဲမှုများဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါသည်။

ထိုမျှမက Huawei အနေနှင့် developers များအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် global ecosystem cooperation labs များကို ရုရှား၊ ပိုလန်နှင့် ဂျာမနီ နိုင်ငံများတွင် တည်ဆောက်ပြီး delvelopers များအတွက်လိုအပ်သည့် စမ်းသပ်ချက်များ၊ ပြင်ဆင်မှုများနှင့် လိုအပ်သည့် အသိအမှတ်ပြုလက်မှတ်များပါ ရရှိနိုင်ရန်ဝန်ဆောင်မှုပေးအပ်သွားမည်ဖြစ်သည့်အပြင် ရိုမေးနီးယား၊ အီဂျစ်၊ မလေးရှား၊ မက္ကဆီကိုနှင့် ရုရှားတို့တွင်ပါ global developer service centres များကို ဖွင့်လှစ်ပြီး ဒေသတွင်းအဆင့်အလိုက် လိုအပ်သော အကူအညီများနှင့် ဝန်ဆောင်မှုများကို တိုးချဲ့ပေးအပ်နိုင်ရန်ပြင်ဆင်ထားရှိပါသည်။

HUAWEI HiLink: ဘီလီယျံနှင့်ချီသော IoT Devices များကို ချိတ်ဆက်ထိန်းချုပ်နိုင်မည့် နေရာ

မိမိပတ်ဝန်းကျင်ရှိ အမှတ်တံဆိပ်ပေါင်း များစွာရှိနေသည့် IoT devices များအကြားကို တူညီသော ဘာသာစကား တစ်မျိုးတည်းဖြင့် ချိတ်ဆက်ထိန်းညှိပေးနိုင်ရန်မှာ IoT devices များကို ထုတ်လုပ်နေသည့် အမှတ်တံဆိပ်များ၊ ထုတ်လုပ်သူများအကြား ကြီးမားသည့် စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါသည်။ အဆိုပါ စိန်ခေါ်မှုကို ကျော်လွှားပြီး Platform တစ်ခုထဲမှပဲ လွယ်ကူစွာ ချိတ်ဆက်ထိန်းချူပ်နိုင်မှုအတွက် အဖြေမှာ HiLink ပဲဖြစ်သည်။ HiLink သည် Huawei ၏ ကိုယ်ပိုင် App Platform တစ်ခုဖြစ်ပြီး IoT devices များကို အဆင်ပြေလွယ်ကူချောမွေ့စွာ ထိန်းချုုပ်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းလည်း ဖြစ်ပါသည်။ ယခုနှစ်ပိုင်းတွင် Huawei အနေနှင့် HiLink ကို ချိတ်ဆက်မှုအပိုင်း၊ အပြန်အလှန်တုံ့ပြန်မှုအပိုင်း၊ လက်တွေ့လုပ်ဆောင်နိုင်စွမ်း၊ ထုတ်လုပ်သူများနှင့်ပူးပေါင်းပြီး ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှု ပေးအပ်နိုင်ရန်နှင့် အသိအမှတ်ပြုနိုင်စွမ်း (authentication) အစရှိသည့် အဓိက အချက် (၅) ချက်ကိုမူတည်ပြီး တိုးတက်အောင်လုပ်ဆောင်ခဲ့ပြီး အဆိုပါတိုးတက်မှုများကို HDC 2020 Keynote တွင်လည်း ရှင်းလင်းတင်ပြခဲ့ပါသည်။ လက်ရှိအချိန်အထိ HUAWEI HiLink ဝန်ဆောင်မှုကို တစ်ကမ္ဘာလုံးမှ ဦးရေသန်း၅၀ ကျော်က အသုံးပြုနေကြပြီး နေ့စဉ် all-scenario IOT device ချိတ်ဆက်မှုပေါင်း ၁ ဘီလီယျံခန့်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့ပါသည်။

မော်တော်ယာဉ်များနှင့် ချိတ်ဆက်နိုင်မှုအပိုင်းသည် IoT industry တစ်ခုလုံးအတွက် အရေးပါသည့် အခန်းကဏ္ဍ တစ်ခုဖြစ်သည်နှင့်အညီ Huawei မှလည်း HiCar Platform ဖြင့် မော်တော်ယာဉ်များနှင့် ချိတ်ဆက်မှုအပိုင်းအတွက် စတင်ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်းလည်း သိရှိရပါသည်. လက်ရှိအချိန်အထိ မော်တော်ယာဉ် အမှတ်တံဆိပ်ပေါင်း ၁၅၀ ကျော်ဖြင့် လက်တွဲပူးပေါင်းလုပ်ဆောင်နေပြီး Infotainment Device တွင် ပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုကောင်းမွန်သည့် စီးနင်းမှု၊ ခရီးသွားလာမှုအတွေ့အကြုံသစ်များကို သုံးစွဲသူများအတွက် ပေးစွမ်းနိုင်ရန် စဉ်ဆက်မပြတ်ကြိုးစားလျက်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့ပါသည်။

အချုပ်အားဖြင့် Huawei အနေနှင့် Software နှင့် Hardware ecosystem ပိုင်းတွင် စဉ်ဆက်မပြတ်တိုးတက်ရန် လုပ်ဆောင်နေပြီး အဓိကနည်းပညာပိုင်း (core Technologies) ပိုင်းတွင် ပိုမိုပွင့်လင်းမြင်သာပြီး ပိုမိုကောင်းမွန်သည့် လုပ်ဆောင်ချက်များဖြင့် သုံးစွဲသူများကို ဝန်ဆောင်မှုပေးအပ်သွားနိုင်ရန် ကမ္ဘာအနှံ့အပြားရှိ developers’ များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Source – HUAWEI