Huawei သည် မန္တလေးတိုင်းဒေသကြီးအစိုးရထံသို့ ပြီးခဲ့သည့်မေလတွင် ကျပ်သိန်း (၄၀) ကျော် တန်ဖိုးရှိ အလွှာသုံးလွှာပါ Mask အခုရေ (၈,၀၀၀) နှင့် လက်သန့်ဆေးရည်ဘူး (၁၂၀)တို့ကို ပထမဆုံးအကြိမ်အဖြစ်လှူဒါန်းခဲ့ပြီးနောက် လက်ရှိဖြစ်ပွားနေ့သည့် COVID-19 ဒုတိယလှိုင်းကို ထိန်းချူပ်ရန်အတွက် Huawei Myanmar သည် စုစုပေါင်းကျပ်သိန် (၁၂၀) ကျော် တန်ဖိုးရှိ အလွှာသုံးလွှာပါ mask အခုရေ (၅၀,၀၀၀)နှင့် N95 Mask အခု ရေ (၁,၀၀၀) တို့ကို ဒုတိယအကြိမ်အဖြစ် ထပ်မံလှူဒါန်းခဲ့ သည်။ ထိုသို့ လှူဒါန်းခြင်းသည် Huawei Myanmar က မန္တလေးဒေသကြီးအတွင်း ရှေ့တန်းမှ ပါဝင်လုပ်ဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် လိုအပ်လျှက်ရှိသော နေရာများအတွက် အထောက်အကူ ဖြစ်စေရန် CSR လုပ်ငန်းတစ်ရပ်အနေဖြင့် ကူညီပံ့ပိုးပေးခြင်းဖြစ်သည်။

“ကြိုတင်ကာကွယ်တာဟာ ကုသခြင်းထက်ပိုကောင်းပါတယ်။ ဒီလှူဒါန်းမှုဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ COVID-19 ဒုတိယလှိုင်းကို တစ်ထောင့်တစ်နေရာကနေ ကောင်းမွန်စွာကိုင်တွယ်နိုင်ပြီး ဒေသခံတွေကြား ရောဂါဖြစ်ပွားနှုန်းကို ကျဆင်းစေမယ်လို့ ယုံကြည်ပါတယ်။ အရင်လိုစည်ကားတဲ့ မန္တလေးမြို့ကြီး ပြန်ဖြစ်လာရေး အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ ပိုမိုဆောင်ရွက် လာနိုင်အောင် ဒီလှူဒါန်းမှုက အကူအညီဖြစ်စေမယ်လို့ ယုံကြည်ပါတယ်” ဟု Huawei Myanmar ၏ CEO ဖြစ်သူ Mr. Ding Zhaoyi ကပြောကြားခဲ့သည်။

COVID-19 ဒုတိယလှိုင်းသည် ၂၀၂၀ ခုနှစ်၊ သြဂုတ်လအစောပိုင်းတွင် မြန်မာနိုင်ငံ၌ စတင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသည် ဖြစ်ပွားမှုအများဆုံးနေရာထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းများသည်လည်း COVID-19 ပြန့်ပွားမှုကို တိုက်ဖျက်ရန်အတွက် stay-at-home လုပ်ငန်းစဉ်ချမှတ်ထားသည့် မြို့နယ်များတွင် စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားနေစဉ်အတွင်း Huawei သည် မြန်မာနိုင်ငံ COVID-19 ကာကွယ်တိုက်ဖျက်ရေးကော်မတီ၊ နိုင်ငံခြားရေဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ ကယားပြည်နယ်အစိုးရနှင့် အခြားသောဌာနများသို့ PPE ဝတ်စုံများ၊ AI နည်းပညာပံ့ပိုးမှုများ၊ ကာကွယ်ရေးမျက်မှန်၊ လက်သန့်ဆေးရည်၊ အလွှာသုံးလွှာပါ Mask နှင့် N95 Mask တို့ကို စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်းတစ်ထောင်သုံးရာကျော်ထိ လှူဒါန်းခဲ့ပြီးဖြစ်သည်။

Huawei သည် ဆက်သွယ်ရေးပိုမိုကောင်းမွန်သော ကမ္ဘာကြီးတည်ဆောက်နိုင်ရန် ရည်သန်ပြီး ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) ၏ လိုအပ်ချက်များကို ပံ့ပိုးပေးသူအဖြစ် ဦးဆောင်ရပ်တည်ခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ Huawei ၏ ဦးစားပေး လုပ်ဆောင်မှုများထဲမှတစ်ခုမှာ လူမှုအသိုင်းအဝိုင်းတိုးတက်ဖွံ့ဖြိုးမှုကို အားပေးကူညီရေးနှင့် လိုအပ်သည့်အခါ ကယ်ဆယ်ရေးအကူအညီများ ပေးနိုင်ရေးတို့ဖြစ်သည်။ ပြီးခဲ့သည် ဇူလိုင်လတွင် Huawei Myanmar သည် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လက်တွေ့လုပ်ငန်းပိုင်း ဆက်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပြီး ချိတ်ဆက်မှုများကို သေချာစေရန်နှင့် ဆန်းသစ်သည့် နည်းပညာများ၊ အရေးတကြီး လိုအပ်သည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်တို့အတွက် ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကျပ်သိန်း (၇၀၀) ကျော် တန်ဖိုးရှိ artificial intelligence (AI) ဆိုင်ရာ နည်းပညာ ဝန်ဆောင်မှုများ၊ ဗီဒီယို ဆွေးနွေးပွဲစနစ်နှင့် စမတ်ဖုန်းများကိုလည်းလှူဒါန်းခဲ့ပြီးသည်။

Source – HUAWEI