[Zawgyi]

Huawei Enjoy 9 Plus ကို ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာတုန္းက တ႐ုတ္ႏိုင္ငံမွာ စတင္မိတ္ဆက္ခဲ့ပါတယ္။ ေက်ာဘက္ကင္မရာ ႏွစ္လုံးသာပါဝင္ေပမယ့္ အေရွ႕ဘက္မွာလည္း ကင္မရာႏွစ္လုံးပါဝင္ခဲ့တာေၾကာင့္ အဲဒီတုန္းကေတာ့ Huawei Enjoy 9 Plus ဟာ စုစုေပါင္း ကင္မရာေလးလုံးနဲ႔ဖုန္းဆိုၿပီး မ်က္ႏွာပန္းပြင့္ခဲ့ပါေသးတယ္။

တစ္ႏွစ္ၾကာၿပီးသြားခ်ိန္မွာေတာ့ တ႐ုတ္နည္းပညာကုမၸဏီႀကီးဟာ Kirin 710 SoC သုံးထားတဲ့ Enjoy 9 Plus ေနရာမွာ ဆက္ခံမယ့္ ေနာက္ထပ္အဆင့္ျမင့္ အမ်ိဳးအစားကို ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ Huawei Enjoy 10 Plus ဟာ ၿပီးခဲ့တဲ့လတုန္းက အိႏၵိယမွာ ျဖန႔္ခ်ိခဲ့တဲ့ Y9 Prime (2019) နဲ႔ ခပ္ဆင္ဆင္တူတဲ့ အမ်ိဳးအစားလို႔လည္း ေျပာႏိုင္ပါတယ္။

Huawei Enjoy 10 Plus ဟာ 6.59-inch FHD+ notch-less မ်က္ႏွာျပင္နဲ႔ ျဖစ္ပါတယ္။ Notch မပါဝင္တဲ့အတြက္ အေရွ႕ဘက္ Selfie ကင္မရာက Pop-up ျဖစ္ၿပီး 16MP လို႔ သိရပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာသုံးလုံးနဲ႔ Fingerprint Scanner ကို တပ္ဆင္ေပးထားတာ ေတြ႕ျမင္ရပါတယ္။

ေက်ာဘက္ကင္မရာသုံးလုံးအနက္ အဓိကကင္မရာဟာ 48MP ျဖစ္ၿပီး ဒုတိယကင္မရာကေတာ့ 8MP ultra-wide နဲ႔ တတိယကင္မရာကေတာ့ 2MP depth sensor တို႔ ျဖစ္တယ္လို႔ သိရပါတယ္။ အတြင္းပိုင္းမွာေတာ့ Kirin 710F SoC ကို 4/6/8GB of RAM နဲ႔ တြဲဖက္ေပးထားတာျဖစ္ပါတယ္။ Android Pie ကို အေျခခံထားတဲ့ EMUI 9.1 ေမာင္းႏွင္ၿပီး UFS 2.1 128GB သိုေလွာင္မႈနဲ႔ ျဖစ္ပါတယ္။

Enjoy 10 Plus ရဲ႕ ဘက္ထရီဟာ 4,000 mAh ပမာဏျဖစ္ၿပီး အေရာင္အားျဖင့္ အနက္၊ အျပာ၊ အနီနဲ႔ အစိမ္းဆိုၿပီး ေလးေရာင္ ရရွိမွာ ျဖစ္ပါတယ္။ စက္တင္ဘာလ ၁၄ ရက္ေန႔ဆိုရင္ တ႐ုတ္ႏိုင္ငံေဈးကြက္တြင္းမွာ ဝယ္ယူရရွိႏိုင္မွာျဖစ္ၿပီး 4GB RAM ဆိုရင္ CNY1,499 (ျမန္မာေငြ ၃ သိန္း ၂ေသာင္းဝန္းက်င္) ၊ 6GB RAM ဆိုရင္ CNY1,799 (ျမန္မာေငြ ၃ သိန္း ၉ေသာင္းဝန္းက်င္) ျဖစ္ၿပီး 8GB RAM ဆိုရင္ေတာ့ CNY2,099 (ျမန္မာေငြ ၄ သိန္းခြဲဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

48MP ကင်မရာ၊ Notch-less မျက်နှာပြင်နဲ့ Enjoy 10 Plus ကို ကြေညာလိုက်တဲ့ Huawei

Huawei Enjoy 9 Plus ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းက တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ကျောဘက်ကင်မရာ နှစ်လုံးသာပါဝင်ပေမယ့် အရှေ့ဘက်မှာလည်း ကင်မရာနှစ်လုံးပါဝင်ခဲ့တာကြောင့် အဲဒီတုန်းကတော့ Huawei Enjoy 9 Plus ဟာ စုစုပေါင်း ကင်မရာလေးလုံးနဲ့ဖုန်းဆိုပြီး မျက်နှာပန်းပွင့်ခဲ့ပါသေးတယ်။

တစ်နှစ်ကြာပြီးသွားချိန်မှာတော့ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ Kirin 710 SoC သုံးထားတဲ့ Enjoy 9 Plus နေရာမှာ ဆက်ခံမယ့် နောက်ထပ်အဆင့်မြင့် အမျိုးအစားကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Huawei Enjoy 10 Plus ဟာ ပြီးခဲ့တဲ့လတုန်းက အိန္ဒိယမှာ ဖြန့်ချိခဲ့တဲ့ Y9 Prime (2019) နဲ့ ခပ်ဆင်ဆင်တူတဲ့ အမျိုးအစားလို့လည်း ပြောနိုင်ပါတယ်။

Huawei Enjoy 10 Plus ဟာ 6.59-inch FHD+ notch-less မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Notch မပါဝင်တဲ့အတွက် အရှေ့ဘက် Selfie ကင်မရာက Pop-up ဖြစ်ပြီး 16MP လို့ သိရပါတယ်။ ကျောဘက်မှာတော့ ကင်မရာသုံးလုံးနဲ့ Fingerprint Scanner ကို တပ်ဆင်ပေးထားတာ တွေ့မြင်ရပါတယ်။

ကျောဘက်ကင်မရာသုံးလုံးအနက် အဓိကကင်မရာဟာ 48MP ဖြစ်ပြီး ဒုတိယကင်မရာကတော့ 8MP ultra-wide နဲ့ တတိယကင်မရာကတော့ 2MP depth sensor တို့ ဖြစ်တယ်လို့ သိရပါတယ်။ အတွင်းပိုင်းမှာတော့ Kirin 710F SoC ကို 4/6/8GB of RAM နဲ့ တွဲဖက်ပေးထားတာဖြစ်ပါတယ်။ Android Pie ကို အခြေခံထားတဲ့ EMUI 9.1 မောင်းနှင်ပြီး UFS 2.1 128GB သိုလှောင်မှုနဲ့ ဖြစ်ပါတယ်။

Enjoy 10 Plus ရဲ့ ဘက်ထရီဟာ 4,000 mAh ပမာဏဖြစ်ပြီး အရောင်အားဖြင့် အနက်၊ အပြာ၊ အနီနဲ့ အစိမ်းဆိုပြီး လေးရောင် ရရှိမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ဆိုရင် တရုတ်နိုင်ငံဈေးကွက်တွင်းမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး 4GB RAM ဆိုရင် CNY1,499 (မြန်မာငွေ ၃ သိန်း ၂သောင်းဝန်းကျင်) ၊ 6GB RAM ဆိုရင် CNY1,799 (မြန်မာငွေ ၃ သိန်း ၉သောင်းဝန်းကျင်) ဖြစ်ပြီး 8GB RAM ဆိုရင်တော့ CNY2,099 (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

Ref: GSM Arena