Huawei က Enjoy 20 Pro ကို ဒီလ ၁၉ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ Digital Chat Station ကနေ ဓါတ်ပုံနဲ့ Specs အပြည့်အစုံ ထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Mediatek MT6873 (Dimensity 800 SoC) မောင်းနှင်ထားမှာ ဖြစ်ပြီး Specs Sheet မှာ RAM နဲ့ Storage ကို မဖော်ပြထားပါဘူး။ Android 10 အခြေပြု EMUI 10.1 မောင်းနှင်ထားမှာပါ။

Enjoy 20 Pro မှာ ၆.၅ လက်မ Full HD+ 90Hz မျက်နှာပြင်ထည့်သွင်းထားမှာ ဖြစ်ပြီး အရွယ်သေး Notch မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Enjoy 20 Pro မှာ 22.5W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပြီး Huawei အရင်က မျှဝေထားတဲ့ Teaser ၁ ခုမှာ ဘေးဘက်လက်ဗွေရာ အာရုံခံ ကိရိယာ ပါမယ်လို့ အတည်ပြုထားပါတယ်။ 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပြီး အရောင် ၃ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းဟာ Enjoy Z 5G ရဲ့  တရုတ်အတွက် မော်ဒယ်ခွဲ ၁ ခုလို့ သတင်းထွက်နေပါတယ်။

Ref : gsmarena