Huawei Enjoy 20 Pro ကို တရုတ်မှာ ကြေညာလိုက်ပြီး ၆.၅ လက်မ IPS LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အရွယ်သေး Notch ပါလာပြီး 90Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ထောက်ပံ့ထားတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက လန်းပါတယ်။ ဘေးဘက် လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။

Dimensity 800 SoC မောင်းနှင်ထားပြီး microSD Card နဲ့ Storage ကို တိုးမြှင့်နိုင်ပါတယ်။ 22.5W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ ပါလာပြီး Android 10 OS အခြေပြု EMUI 10.1 မောင်းနှင်ထားပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Wide-angle နဲ့ 2MP ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, GPS, USB-C နဲ့ 3.5mm Audio Jack တွေ ထောက်ပံ့ထားပါတယ်။

တရုတ်မှာ ၂၄ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး 6/128GB နဲ့ 8/128GB ကို ၁,၉၉၉ ယွမ်နဲ့ ၂,၂၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၉ သောင်းနဲ့ ၄ သိန်း ၅ သောင်းလောက် အသီးသီး တန်ကြေးရှိပြီး Magic Night Black, Dark Blue နဲ့ Galaxy Silver ၃ ရောင် ထုတ်လုပ်ထားပါတယ်။ တခြားနိုင်ငံတွေမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina