Huawei ကနေ Budget ဖုန်းတစ်လုံးဖြစ်တဲ့ Enjoy 70 ဖုန်းကို တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခု Huawei Enjoy 70 ဖုန်းဟာ Budget ဖုန်းတစ်လုံးဖြစ်နေပေမယ့် ကင်မရာဒီဇိုင်းပိုင်းမှာ Flagship P60 Series နဲ့ ဆင်တူနေအောင် ပြုလုပ်ထားတာကိုတွေ့ရပါတယ်။

Specification ပိုင်းမှာ Huawei Enjoy 70 ဖုန်းဟာ 6.75″ HD+ LCD Display ကို အသုံးပြုထားပြီး LCD Display ဖြစ်နေပေမယ့် Always-on Display ကို ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။ Camera ပိုင်းမှာ 50MP Main Camera အပြင် 2MP Macro ပါဝင်တဲ့ Dual Back Camera Setup ပါဝင်မှာဖြစ်ပြီး Selfie Camera ကို 8MP Sensor ကို Waterdrop Notch ပုံစံ ဒီဇိုင်းပြုလုပ်ထားပါတယ်။

Performance ပိုင်းမှာ Huwaei ဘက်က Octa-Core Chipset လို့ပဲ ပြောကြားထားပြီး ဖြစ်နိုင်ခြေများနေတာက Kirin 710A Chipset ပဲဖြစ်ဖို့များနေပါတယ်။ RAM ပမာဏကိုလည်း တရားဝင်ပြောကြားခဲ့ခြင်းမရှိခဲ့ပေမယ့် အမြင့်ဆုံး 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။

ကျန်တဲ့အချက်အတွေအနေနဲ့ 6000mAh Battery ပါဝင်ပြီး 22.5W Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Side-mounted Fingerprint Sensor ကိုထည့်သွင်းထားပြီး သုံးနေကြ App တွေနဲ့ Long Press ပြုလုပ်ပြီး App တွေကိုစိတ်ကြိုက်ဖွင့်နိုင်ဖို့အတွက် နောက်ထပ် Enjoy X Button တစ်ခုကိုပါ ထည့်သွင်းပေးထားပါတယ်။

Huawei Enjoy 70 ဖုန်းကို Green ၊ White နဲ့ Black ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး 128GB Storage ကို 1,199 Yuan နဲ့ 256GB Storage Model ကို 1,399 Yuan ဖြင့် ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena