Huawei ရဲ့ ဘတ်ဂျတ်ဖုန်း Series ဖြစ်တဲ့ Huawei Enjoy Series ထဲကို နောက်ထပ် စွမ်းဆောင်ရည်အသင့်အတင့်နဲ့ ဖုန်းတစ်ခုထပ်မံဝင်ရောက်လာပြီပဲဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ Huawei Enjoy 7S ဟာ မထွက်ရှိခင်မှာလည်း ကောလဟာလတွေအများအပြားထွက်ရှိထားတဲ့ဖုန်းတစ်ခုဖြစ်ပြီးတော့ အခုထွက်ရှိလာတဲ့အချိန်မှာလည်း ပေါက်ကြားထားတဲ့သတင်းတွေနဲ့ သိပ်ပြီးကွာခြားမှုမရှိဘူးလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဆိုပါ Enjoy 7S ဖုန်းမှာ 5.65″ 18:9 Ratio FullView Display ပါဝင်ပြီးတော့ Resolution ကလည်း Full HD+ ရှိမှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်အနေနဲ့လည်း မဆိုးဘူးလို့ပြောလို့ရပြီးတော့ Huawei ရဲ့ ကိုယ်ပိုင် Chipset ဖြစ်တဲ့ Kirin 659 Octa Core CPU, RAM 3GB + ROM 32GB ဒါမှမဟုတ် RAM 4GB + ROM 64GB ပါဝင်မှာဖြစ်ပါတယ်။

ကင်မရာအနေနဲ့လည်း ဖုန်းရဲ့နောက်ကျောဘက်မှာ 13MP နဲ့ 2MP Camera ၂ လုံးပါဝင်မှာဖြစ်ပြီး Selfie Camera ကတော့ 8MP ပါဝင်မှာပါ။ Battery ကတော့ 3000mAh ပါဝင်တယ်လို့ သိရပါတယ်။

Huawei Enjoy 7S ဖုန်းကို Black, Blue, Rose Gold နဲ့ Gold/Champagne အရောင်တွေဝယ်ယူနိုင်မှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ကတော့ RAM 3GB + ROM 32GB Version ကို ၂၂၆ ဒေါ်လာနဲ့ RAM 4GB + ROM 64GB Version ကို ၃၅၆ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။