Huawei Enjoy Z 5G ကို မေလ ၂၄ ရက် မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ တရုတ်က Suning နဲ့ TMall  စတိုးမှာ စာရင်းတင်ထားပါတယ်။ အဲဒီ ဖုန်းရဲ့ Specs နဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး 90Hz Waterdrop Notch မျက်နှာပြင် ပါလာမှာပါ။ 2400x1080p Resolution ရှိပြီး Suning မှာ ၆.၉၃ လက်မနဲ့ TMall မှာ ၆.၅ လက်မလို့ ဖော်ပြထားပါတယ်။

Enjoy Z 5G ရဲ့ အနောက်ဘက်မှာ 48MP , 8MP နဲ့ 2MP ကင်မရာ ၃ လုံးထည့်သွင်းထားပြီး ညာဘက်မှာ လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ 6GB/64GB, 6GB/128GB နဲ့ 8GB/128GB တွေ ရွေးချယ်နိုင်မှာ ဖြစ်ပြီး Sakura Snow Clear Sky, Magic Night Black နဲ့ Dark Blue အရောင်တွေ ထုတ်လုပ်ထားမှာပါ။

Android 10 မောင်းနှင်ထားမှာ ဖြစ်ပြီး Suning မှာ Kirin 710F SoC ပါမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အဲဒီ Chipset ဟာ 5G ကို မထောက်ပံ့နိုင်ပါဘူး။ TMall မှာ MediaTek Dimensity 800 လို့ ဖော်ပြထားပြီး TMall ရဲ့ Spec က ပိုမှန်နိုင်ပါတယ်။ Huawei Enjoy Z 5G ရဲ့ သတင်းအချက်အလက်တွေ မကြာခင် ပိုသိလာရနိုင်ပါတယ်။

Ref : gsmarena